လမ္းေဘးအစားအေသာက္လို႔ဆိုလိုက္ရင္ လမ္းေဘးမွာတည္ခင္းေရာင္းခ်တဲ့ အစားအေသာက္ေတြအျပင္ ေနရာအနွံ႔လွည့္လည္သြားလာေရာင္းခ်ေနတဲ့ မုန္႔ပဲသေရစာမ်ိဳးစံုကို ေျပးျမင္မိၾကမယ္ထင္ပါတယ္။ ရန္ကုန္လို လူေနထူထပ္တဲ့ ၿမိဳ႕ျပအေနနဲ႔လမ္းေဘးအစားအေသာက္ေရာင္းခ်သူေတြနဲ႕ စားေသာက္သူေတြကို ေနရာအနွံ႔အျပားေတြ႕ျမင္ၾကရမွာ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာေနထိုင္တဲ့ လူဦးေရရဲ႕ ၆၂ ရာခိုင္နႈန္းဟာ လမ္းေဘးအစားအေသာက္ေတြအေပၚကို အေျချပဳ စားေသာက္ေနၾကၿပီး က်န္၂၈ရာခိုင္နႈန္းက ခရီးသြားဟန္လြဲ စားေသာက္ေလ့ရွိၾကပါတယ္လို႔ ၂၀၁၄ခုနွစ္ ဂ်ပန္နိုင္ငံ ဟီရိုရွီးမား တကၠသိုလ္ကျပဳလုပ္တဲ့ စစ္တမ္းတစ္ခုမွာ ေဖာ္ျပထားပါတယ္။ ဒီေတာ့ ရန္ကုန္မွာရွိတဲ့ လမ္းေဘးအစားအေသာက္ေတြနဲ႔ သူတို႔ရဲ႕အရည္အေသြးေတြကို ဆန္းစစ္ၾကည့္ၾကရေအာင္။

ရန္ကုန္ၿမိဳ႕တြင္းမွာ လမ္းေဘးေစ်းသည္ေတြ အမ်ားဆံုးရွိတဲ့ေနရာေတြကေတာ့ လသာ၊ ပန္းပဲတန္း၊ လမ္းမေတာ္နဲ႔ေက်ာက္တံတားၿမိဳ႕နယ္တို႔ပဲ ျဖစ္ပါတယ္။ ၂၀၁၆ခုနွစ္ နို္ဝင္ဘာလမွာေတာ့ ရန္ကုန္တိုင္း ေဒသႀကီးအစိုးရရဲ႕ အစီအစဥ္နဲ႔ ၿမိဳ႕နယ္အသီးသီးက လမ္းေဘးအစားအေသာက္ေရာင္းခ်သူေတြကို ကမ္းနားလမ္းတစ္ေလွ်ာက္ ေျပာင္းေရႊ႕ေနရာခ်ေပးခဲ့ၿပီး ကမ္းနားလမ္း ညေစ်းအျဖစ္ လုပ္ေဆာင္ခဲ့ပါတယ္။

စဖြင့္ကာစမွာ က်ိတ္က်ိတ္တိုးစည္ကားခဲ့ေပမဲ့ ယခု ငါးလေက်ာ္အတြင္းမွာ လူသြားလူလာေျခာက္ကပ္လ်က္ရွိ ၿပီး ပံုမွန္စည္ကားေနက်ေနရာေတြျဖစ္တဲ့ လသာ ၊ ၁၉လမ္း (တရုတ္တန္း) နဲ႔အျခား လမ္းေဘးဆိုင္ေသးေသး ေလးေတြမွာသာ စားသံုးသူေတြရွိေနတာကိုေတြ႔လာရပါတယ္။

“လူေတြ သိပ္မလာၾကေတာ့ အေရာင္းအဝယ္သိပ္မေကာင္းေတာ့ဘူးေလ။ ေဘးကပိတ္ထားတဲ့ဆိုင္ေတြဆို အျခားအေရာင္းအဝယ္ျဖစ္တဲ့ေနရာေတြမွာ ေျပာင္းဖြင့္ၾကတယ္” လို႔ ကမ္းနားလမ္း ညေစ်းမွာ ရွမ္းအစားအစာ ဆိုင္ဖြင့္ထားသူ ဦးျမင့္ေအးက ေျပာပါတယ္။

လမ္းေဘးအစားအေသာက္ေစ်းတန္းေတြနဲ႔ ကမာၻမွာ ထင္ရွားတဲ့ ထိုင္းနိုင္ငံမွာေတာ့ လမ္းေဘးေစ်းသည္ေတြ ကို သတ္မွတ္ေနရာမဟုတ္ဘဲ ေရာင္းခ်တာကိုေတြ႔တဲ့အခါ ေထာင္ဒဏ္ေငြဒဏ္ခ်မွတ္တဲ႔အျပင္ စားသံုးသူကပါ အခြန္ေပးေဆာင္ရမယ္လို႔ သတ္မွတ္ထားပါတယ္။ ဒါ့အျပင္ အစားအေသာက္ေရာင္းခ်သူေတြဟာ အစိုးရကခြင့္ျပဳခ်က္လိုင္စင္ခ်ေပးမွသာ ေရာင္းခ်ခြင့္ရွိမွာျဖစ္ပါတယ္။ ခြင့္ျပဳခ်က္လိုင္စင္ေတြကိုေတာ့ ေရာင္းခ်တဲ့အစားအေသာက္ေတြမွာ အာဟာရဘယ္ေလာက္ပါဝင္သလဲ၊ ဓာတုဆိုးေဆးကင္းစင္မႈရွိသလား စတဲ့အခ်က္ေတြကို အဓိကထားစစ္ေဆးၿပီး ေပးတာျဖစ္ပါတယ္။

ျမန္မာနိုင္ငံမွာေတာ့ လမ္းေဘးအစားေသာက္ေတြနဲ႕ပတ္သက္တဲ႔ အရည္အေသြးစစ္ေဆးမႈလိုင္စင္ မရွိေသးပါဘူး။ သတ္မွတ္ေနရာမွာ ေရာင္းခ်ခြင့္ဆိုတာပဲရွိပါတယ္။ ဒီေတာ့ ရန္ကုန္ၿမိဳ႕မွာေနထိုင္ၿပီး လမ္းေဘးေစ်းဆိုင္ ေတြမွာစားေသာက္ၾကတဲ့သူေတြအတြက္ က်န္းမာေရးအာမခံခ်က္ဟာ ဘာလဲဆိုတဲ့ ေမးခြန္းျဖစ္လာပါတယ္။

ျမန္မာႏိုင္ငံမွာ စားသံုးသူ အကာကြယ္ေပးေရး ဥပေဒကို ၂၀၁၄ ခုႏွစ္ မတ္လ ၁၄ ရက္ေန႔မွာ ႏိုင္ငံေတာ္ သမၼတက လက္မွတ္ေရးထိုးထုတ္ျပန္ခဲ့ပါတယ္။ ၂၀၁၄ ေအာက္တိုဘာလထဲမွာေတာ့ စီးပြားကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာနက အမိန္႔ေၾကာ္ျငာစာအမွတ္ ၁/၂၀၁၄ ထုတ္ျပန္ၿပီး ေအာက္တိုဘာလထဲမွာ စားသုံးသူ အကာကြယ္ေပးေရး ဗဟိုေကာ္မတီကို ဖြဲ႔စည္းခဲ့ပါတယ္။ ငါးပိ၊ လက္ဖက္ စသျဖင့္ စားေသာက္ကုန္ၾကမ္း ပစၥည္းေတြကို စားေသာက္ကုန္စစ္ေဆးေရးအဖြဲ႕ အက္ဖ္ဒီေအက စစ္ေဆးေဆာင္ရြက္မႈေတြလုပ္ခဲ့ေပမဲ့ လမ္းေဘး အစားအစာေတြကိုေတာ့ ထိထိေရာက္ေရာက္ စစ္ေဆးနိုင္ျခင္းမရွိေသးပါဘူး။

“ကၽြန္ေတာ္က ရံုးတက္ရံုးဆင္း အခ်ိန္မမီေတာ့ အဆင္ေျပတဲ့ လမ္းေဘးဆိုင္ေလးေတြမွာပဲ စားရတယ္။ က်န္းမာေရးနဲ႔ေတာ့ သိပ္ညီညြတ္မယ္မထင္ပါဘူး။ လမ္းေဘးဆိုင္က အစားအေသာက္ေတြကို ဘာအာမခံ စစ္ေဆးခ်က္မွလည္း မလုပ္ထားၾကေတာ့”လို႔ ကုမၸဏီဝန္ထမ္းတစ္ဦးျဖစ္သူ ကိုေအာင္မ်ိဳးျမတ္က ရွင္းျပပါတယ္။

ျမန္မာနိုင္ငံမွာျဖစ္ပြားတဲ့ ကင္ဆာေရာဂါရဲ႕ ၉၀ရာခိုင္နႈန္းဟာ အစားအေသာက္ မသန္႔ရွင္းမႈကေနလာျခင္းျဖစ္ ေၾကာင္း WHO ကထုတ္ျပန္ထားတဲ့ စစ္တမ္းတစ္ခုအရ သိရပါတယ္။ ဖိလစ္ပိုင္နိုင္ငံမွာဆိုရင္ NDA လို႔ေခၚတဲ့ အစားအေသာက္ စစ္ေဆးေရးအဖြဲ႔က ခြင့္ျပဳခ်က္ လက္မွတ္မပါပဲ လမ္းေဘးဆိုင္ဖြင့္ခြင့္မရွိပါဘူး။ ဒါ့အျပင္ အစားအေသာက္စစ္ေဆးေစာင့္ၾကည့္ေရးအဖြဲ႔သီးသန္႔ဖြဲ႔ထားၿပီး အစားအေသာက္အရည္အေသြးနဲ႔ အႏၲရာယ္ ကင္းမႈရွိမရွိ၊ လူအမ်ားအာဟာရျဖစ္မႈရွိမရွိ၊ လမ္းေဘးအစားအစာမ်ားကို နိုင္ငံျခားသား ခရီးသြားမ်ား လာေရာက္စားေသာက္သည့္နႈန္းမ်ားစသျဖင့္ သုေတသနစစ္တမ္းမ်ားကို ေျခာက္လတစ္ႀကိမ္ ျပဳလုပ္ေလ့ ရွိေၾကာင္း သိရပါတယ္။

ထိုင္းႏိုင္ငံမွာဆိုရင္လည္း လမ္းေဘးစားစရာေတြရဲ႕ ဆြဲေဆာင္မႈေၾကာင့္ ႏိုင္ငံျခားသား ခရီးသြားလာေရာက္ လည္ပတ္မႈနႈန္းမ်ားလာတဲ့ ၿမိဳ႕ေတြရဲ႕စာရင္းကို နွစ္စဥ္ထုတ္ျပန္ေၾကညာေလ့ရွိၿပီး ထိုၿမိဳ႕ေတြက အစားအေသာက္ ေရာင္းခ်သူေတြကိုလည္း အခြန္ေလ်ာ့ေပါ့ခြင့္မ်ားေပးကာ လမ္းေဘးစားစရာေတြရဲ႕ အဆင့္အတန္းကို ျမွင့္တင္ေလ့ရွိတာကို ေတြ႕ရပါတယ္။

ရန္ကုန္ၿမိဳ႕မွာ လမ္းေဘးအစားအေသာက္ေတြကေတာ့ နိုင္ငံတကာစံခ်ိန္စံနႈန္းေတြျဖစ္တဲ့ သန္႔ရွင္းသပ္ရပ္မႈ၊ က်န္းမာေရးနွင့္ညီညြတ္မႈ စသျဖင့္မရွိေသးတဲ့အျပင္ အစားအေသာက္ေတြကို တစ္စုတစ္စည္းတည္း ဝယ္ယူစားေသာက္နိုင္ဖို႔ ခက္ခဲေနဆဲျဖစ္ေၾကာင္း ေတြ႔ရပါတယ္။ အဓိက ျပႆနာကေတာ့ ေစ်းသည္ေတြ ေစ်းေရာင္းခ်တဲ့ ေနရာစီမံကြပ္ကဲမႈ လိုအပ္ေနျခင္း၊ အစားအေသာက္အရည္အေသြး စိတ္ခ်ရမႈ အျပည့္အဝ မရွိေနေသးျခင္းတို႔ျဖစ္တယ္လို႔ သံုးသပ္မိပါတယ္။

ဘန္ေကာက္က လမ္းေဘးအစားအေသာက္ေတြ အဓိကထားေရာင္းခ်ေပးတဲ့ ဘန္ေကာက္ညေစ်းတန္းေတြကို ျပည္သူ႔ရင္ျပင္ ၊ Junction Square နဲ႔ဗိုလ္တစ္ေထာင္ဆိပ္ကမ္းေတြမွာက်င္းပေပးခဲ့ၿပီး လူက်ိတ္က်ိတ္တိုး စည္ကားခဲ့ပါတယ္။ အရည္အေသြးစစ္ေဆးမႈနဲ႔ ေနရာခ်ထားမႈတို႔ကို စနစ္တက် ျပဳျပင္လိုက္တဲ့အခါ ယခင္လို စည္ကားၿပီး လမ္းေဘးအစားအေသာက္ေၾကာင့္ျဖစ္လာတဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကိုလည္း ထိန္းခ်ဳပ္နိုင္ မယ္႔အျပင္ ကမ္းနားညေစ်းတို႔လို အထင္ကရမွာလည္း အရင္ကလို ျပန္စည္ကားလာၿပီးအစားအေသာက္ေတြကိုလည္း လူတိုင္းစိတ္ခ်လက္ခ် စားေသာက္လာနိုင္မွာျဖစ္ပါတယ္။

လမ္းေဘးအစားအေသာက္ေတြကို ယံုၾကည္စိတ္ခ်စြာစားသံုးနိုင္ေအာင္ အစားအေသာက္အရည္အေသြးေတြကို ျမွင့္တင္ၾကပါစို႔။

ေနာ္ဘတ္တီဟန္

www.akhayar.com

Ref: စားသံုးသူအကာအကြယ္ေပးေရးဥပေဒ (၂၀၁၄/မတ္၁၄)

Implementing Rules and Regulations of Republic Act No 10611 (Philippine)

Street Food stricter Rules (Bangkok Post)

Consumer Attitude of Street food In Yangon (2014)

Rangoon’s Street Food Attracts Diners, But It May Not Be Clean (The Irrawaddy)

Unicode

လမ်းဘေးအစားအသောက်လို့ဆိုလိုက်ရင် လမ်းဘေးမှာတည်ခင်းရောင်းချတဲ့ အစားအသောက်တွေအပြင် နေရာအနှံ့လှည့်လည်သွားလာရောင်းချနေတဲ့ မုန့်ပဲသရေစာမျိုးစုံကို ပြေးမြင်မိကြမယ်ထင်ပါတယ်။ ရန်ကုန်လို လူနေထူထပ်တဲ့ မြို့ပြအနေနဲ့လမ်းဘေးအစားအသောက်ရောင်းချသူတွေနဲ့ စားသောက်သူတွေကို နေရာအနှံ့အပြားတွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ လူဦးရေရဲ့ ၆၂ရာခိုင်နှုန်းဟာ လမ်းဘေးအစားအသောက်တွေအပေါ်ကို အခြေပြု စားသောက်နေကြပြီး ကျန်၂၈ရာခိုင်နှုန်းက ခရီးသွားဟန်လွဲ စားသောက်လေ့ရှိကြပါတယ်လို့ ၂၀၁၄ခုနှစ် ဂျပန်နိုင်ငံ ဟီရိုရှီးမား တက္ကသိုလ်ကပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒီတော့ ရန်ကုန်မှာရှိတဲ့ လမ်းဘေးအစားအသောက်တွေနဲ့ သူတို့ရဲ့အရည်အသွေးတွေကို ဆန်းစစ်ကြည့်ကြရအောင်။
ရန်ကုန်မြို့တွင်းမှာ လမ်းဘေးဈေးသည်တွေ အများဆုံးရှိတဲ့နေရာတွေကတော့ လသာ၊ ပန်းပဲတန်း၊ လမ်းမတော်နဲ့ကျောက်တံတားမြို့နယ်တို့ပဲ ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ် နိုဝင်ဘာလမှာတော့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ မြို့နယ်အသီးသီးက လမ်းဘေးအစားအသောက်ရောင်းချသူတွေကို ကမ်းနားလမ်းတစ်လျှောက် ပြောင်းရွှေ့နေရာချပေးခဲ့ပြီး ကမ်းနားလမ်း ညဈေးအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။
စဖွင့်ကာစမှာ ကျိတ်ကျိတ်တိုးစည်ကားခဲ့ပေမဲ့ ယခု ငါးလကျော်အတွင်းမှာ လူသွားလူလာခြောက်ကပ်လျက်ရှိ ပြီး ပုံမှန်စည်ကားနေကျနေရာတွေဖြစ်တဲ့ လသာ ၊ ၁၉လမ်း (တရုတ်တန်း) နဲ့အခြား လမ်းဘေးဆိုင်သေးသေး လေးတွေမှာသာ စားသုံးသူတွေရှိနေတာကို တွေ့လာရပါတယ်။
“လူတွေ သိပ်မလာကြတော့ အရောင်းအဝယ်သိပ်မကောင်းတော့ဘူးလေ။ ဘေးကပိတ်ထားတဲ့ဆိုင်တွေဆို အခြားအရောင်းအဝယ်ဖြစ်တဲ့နေရာတွေမှာ ပြောင်းဖွင့်ကြတယ်” လို့ ကမ်းနားလမ်း ညဈေးမှာ ရှမ်းအစားအစာ ဆိုင်ဖွင့်ထားသူ ဦးမြင့်အေးက ပြောပါတယ်။
လမ်းဘေးအစားအသောက်ဈေးတန်းတွေနဲ့ ကမ္ဘာမှာ ထင်ရှားတဲ့ ထိုင်းနိုင်ငံမှာတော့ လမ်းဘေးဈေးသည်တွေ ကို သတ်မှတ်နေရာမဟုတ်ဘဲ ရောင်းချတာကိုတွေ့တဲ့အခါ ထောင်ဒဏ်ငွေဒဏ်ချမှတ်တဲ့အပြင် စားသုံးသူကပါ အခွန်ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် အစားအသောက်ရောင်းချသူတွေဟာ အစိုးရကခွင့်ပြုချက်လိုင်စင်ချပေးမှသာ ရောင်းချခွင့်ရှိမှာဖြစ်ပါတယ်။ ခွင့်ပြုချက်လိုင်စင်တွေကိုတော့ ရောင်းချတဲ့အစားအသောက်တွေမှာ အာဟာရဘယ်လောက်ပါဝင်သလဲ၊ ဓာတုဆိုးဆေးကင်းစင်မှုရှိသလား စတဲ့အချက်တွေကို အဓိကထားစစ်ဆေးပြီး ပေးတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ လမ်းဘေးအစားသောက်တွေနဲ့ပတ်သက်တဲ့ အရည်အသွေးစစ်ဆေးမှုလိုင်စင် မရှိသေး ပါဘူး။ သတ်မှတ်နေရာမှာ ရောင်းချခွင့်ဆိုတာပဲရှိပါတယ်။ ဒီတော့ ရန်ကုန်မြို့မှာနေထိုင်ပြီး လမ်းဘေးဈေးဆိုင် တွေမှာစားသောက်ကြတဲ့သူတွေအတွက် ကျန်းမာရေးအာမခံချက်ဟာ ဘာလဲဆိုတဲ့ မေးခွန်းဖြစ်လာပါတယ်။
မြန်မာနိုင်ငံမှာ စားသုံးသူ အကာကွယ်ပေးရေး ဥပဒေကို ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၄ အောက်တိုဘာလထဲမှာတော့ စီးပွားကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၄ ထုတ်ပြန်ပြီး အောက်တိုဘာလထဲမှာ စားသုံးသူ အကာကွယ်ပေးရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ငါးပိ၊ လက်ဖက် စသဖြင့် စားသောက်ကုန်ကြမ်း ပစ္စည်းတွေကို စားသောက်ကုန်စစ်ဆေးရေးအဖွဲ့ အက်ဖ်ဒီအေက စစ်ဆေးဆောင်ရွက်မှုတွေလုပ်ခဲ့ပေမဲ့ လမ်းဘေး အစားအစာတွေကိုတော့ ထိထိရောက်ရောက် စစ်ဆေးနိုင်ခြင်းမရှိသေးပါဘူး။
“ကျွန်တော်က ရုံးတက်ရုံးဆင်း အချိန်မမီတော့ အဆင်ပြေတဲ့ လမ်းဘေးဆိုင်လေးတွေမှာပဲ စားရတယ်။ ကျန်းမာရေးနဲ့တော့ သိပ်ညီညွတ်မယ်မထင်ပါဘူး။ လမ်းဘေးဆိုင်က အစားအသောက်တွေကို ဘာအာမခံ စစ်ဆေးချက်မှလည်း မလုပ်ထားကြတော့”လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်မျိုးမြတ်က ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ ကင်ဆာရောဂါရဲ့ ၉၀ရာခိုင်နှုန်းဟာ အစားအသောက် မသန့်ရှင်းမှုကနေလာခြင်းဖြစ် ကြောင်း WHO ကထုတ်ပြန်ထားတဲ့ စစ်တမ်းတစ်ခုအရ သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် NDA လို့ခေါ်တဲ့ အစားအသောက် စစ်ဆေးရေးအဖွဲ့က ခွင့်ပြုချက် လက်မှတ်မပါပဲ လမ်းဘေးဆိုင်ဖွင့်ခွင့်မရှိပါဘူး။ ဒါ့အပြင် အစားအသောက်စစ်ဆေးစောင့်ကြည့်ရေးအဖွဲ့သီးသန့်ဖွဲ့ထားပြီး အစားအသောက်အရည်အသွေးနဲ့ အန္တရာယ် ကင်းမှုရှိမရှိ၊ လူအများအာဟာရဖြစ်မှုရှိမရှိ၊ လမ်းဘေးအစားအစာများကို နိုင်ငံခြားသား ခရီးသွားများ လာရောက်စားသောက်သည့်နှုန်းများစသဖြင့် သုတေသနစစ်တမ်းများကို ခြောက်လတစ်ကြိမ် ပြုလုပ်လေ့ ရှိကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင်လည်း လမ်းဘေးစားစရာတွေရဲ့ ဆွဲဆောင်မှုကြောင့် နိုင်ငံခြားသား ခရီးသွားလာရောက် လည်ပတ်မှုနှုန်းများလာတဲ့ မြို့တွေရဲ့စာရင်းကို နှစ်စဉ်ထုတ်ပြန်ကြေညာလေ့ရှိပြီး ထိုမြို့တွေက အစားအသောက် ရောင်းချသူတွေကိုလည်း အခွန်လျော့ပေါ့ခွင့်များပေးကာ လမ်းဘေးစားစရာတွေရဲ့ အဆင့်အတန်းကို မြှင့်တင်လေ့ရှိတာကို တွေ့ရပါတယ်။
ရန်ကုန်မြို့မှာ လမ်းဘေးအစားအသောက်တွေကတော့ နိုင်ငံတကာစံချိန်စံနှုန်းတွေဖြစ်တဲ့ သန့်ရှင်းသပ်ရပ်မှု၊ ကျန်းမာရေးနှင့်ညီညွတ်မှု စသဖြင့်မရှိသေးတဲ့အပြင် အစားအသောက်တွေကို တစ်စုတစ်စည်းတည်း ဝယ်ယူစားသောက်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ကြောင်း တွေ့ရပါတယ်။ အဓိက ပြဿနာကတော့ ဈေးသည်တွေ ဈေးရောင်းချတဲ့ နေရာစီမံကွပ်ကဲမှု လိုအပ်နေခြင်း၊ အစားအသောက်အရည်အသွေး စိတ်ချရမှု အပြည့်အဝ မရှိနေသေးခြင်းတို့ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။

ဘန်ကောက်က လမ်းဘေးအစားအသောက်တွေ အဓိကထားရောင်းချပေးတဲ့ ဘန်ကောက်ညဈေးတန်းတွေကို ပြည်သူ့ရင်ပြင် ၊ Junction Square နဲ့ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွေမှာကျင်းပပေးခဲ့ပြီး လူကျိတ်ကျိတ်တိုး စည်ကားခဲ့ပါတယ်။ အရည်အသွေးစစ်ဆေးမှုနဲ့ နေရာချထားမှုတို့ကို စနစ်တကျ ပြုပြင်လိုက်တဲ့အခါ ယခင်လို စည်ကားပြီး လမ်းဘေးအစားအသောက်ကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ထိန်းချုပ်နိုင် မယ့်အပြင် ကမ်းနားညဈေးတို့လို အထင်ကရမှာလည်း အရင်ကလို ပြန်စည်ကားလာပြီး အစားအသောက်တွေကိုလည်း လူတိုင်းစိတ်ချလက်ချ စားသောက်လာနိုင်မှာဖြစ်ပါတယ်။

လမ်းဘေးအစားအသောက်တွေကို ယုံကြည်စိတ်ချစွာစားသုံးနိုင်အောင် အစားအသောက်အရည်အသွေးတွေကို မြှင့်တင်ကြပါစို့။

နော်ဘတ်တီဟန်

www.akhayar.com
Ref: စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၄/မတ်၁၄)
Implementing Rules and Regulations of Republic Act No 10611 (Philippine)
Street Food stricter Rules (Bangkok Post)
Consumer Attitude of Street food In Yangon (2014)
Rangoon’s Street Food Attracts Diners, But It May Not Be Clean (The Irrawaddy)