[Zawgyi]



Suit Fashion

Suit Fashion

Suit Fashion

Suit Fashion

Suit Fashion


Blazer

Blazer Fashion

Blazer Fashion


Blazer Fashion

Blazer Fashion


Monochrome Fashion

Monochrome Fashion

Monochrome Fashion

Athleisure Style

Athleisure Style

Athleisure Style

Athleisure Style

Athleisure Style


Dress Fashion

Dress Fashion

Dress Fashion

Dress Fashion

Dress Fashion


Su Yi Htet (Akhayar)

[Unicode]

Spring/Summer 2019 Fashion Week ရဲ့ Streetstyle Fashion မှာ ဘာတွေခေတ်စားခဲ့လဲ

ခုဆိုရင် Spring/Summer 2019 Fashion Week က ပြီးပါပြီ။ Fashion Week ရဲ့ ထုံးစံအတိုင်း New York ၊London ၊ Milan နဲ့ Paris လေးနေရာမှာ ကျင်းပခဲ့တာပါ။ နေရာလေးနေရာ၊ ဖက်ရှင်နဲ့ ပတ်သက်ရင် ဒိတ်ဒိတ်ကြဲဖြစ်တဲ့ နိုင်ငံတွေမှာ လုပ်တာဖြစ်တဲ့အတွက် တစ်နေရာနဲ့ တစ်နေရာ ဝတ်ပုံစားပုံတွေနဲ့ Fashion တွေ ကွာခြားသွားတာ အမှန်ပါပဲ။ အခုပြောပြမှာကတော့ Spring/Summer 2019 Fashion Week ရဲ့ Streetstyle Fashion မှာ ဘာတွေ အဝတ်များလဲ၊ ဘယ်လို Trend တွေတွေ့ရများလဲ ဆိုတာဖြစ်ပါတယ်။

Suit Fashion

Suit Fashion

Suit Fashion
မနှစ်က Fashion Week တွေမှာလည်း ဝတ်ခဲ့ကြတဲ့ Suit Fashion ဟာ ဒီနှစ်မှာလည်း ရေပန်းစားနေဆဲပါ။ Suit Fashion တွေကို အတွေ့ရများတာတော့ New York Fashion Week နဲ့ Paris Fashion Week မှာဖြစ်ပါတယ်။

Suit Fashion

Suit Fashion

တစ်ရောင်တည်း ဝမ်းဆက် Suit တွေ၊ ယောကျာ်းဆန်ဆန် Suit ဝမ်းဆက်တွေနဲ့ အကွက် Suit တွေ တော်တော်များများ ဝတ်ဆင်လာကြတာ မြင်ရမှာပါ။

Blazer
Blazer တွေကလည်း အခုထိ Fashion Week မှာ မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။

Blazer Fashion

Blazer Fashion

Blazer တွေကို ဂါဝန်ရှည်တွေနဲ့ တွဲတာ၊ ခပ်ပွပွထူထူ Blazer တွေကို ဝတ်တာမျိုး၊ Blazer အပေါ်က ခါးပတ်ခပ်ကြီးကြီးတွေ ပတ်တာမျိုးဆို အရမ်းမိုက်ပါတယ်။

Blazer Fashion

Blazer Fashion

မကြာခင် ဆောင်းလည်း ဝင်တော့မှာဆိုတော့ Blazer နဲ့ ရှိုးထုတ်ဖို့ ကွက်တိပါပဲ။

Monochrome Fashion

Monochrome Fashion

Monochrome Fashion
ဒီနှစ်ထဲမှာ အပေါ်အောက် ဝမ်းဆက်တစ်ရောင်တည်း ဝတ်တဲ့ ဖက်ရှင်တွေလည်း ပြန်ခေတ်စားလာပြန်ပါပြီ။ ဝမ်းဆက် Suit တွေနဲ့ အပေါ်အောက် အရောင်တူဝတ်တဲ့ ဖက်ရှင်ဟာ ဒီနှစ် Spring/Summer 2019 Fashion Week မှာ ခေတ်စားတဲ့ Trend တစ်ခုပါ။ အထူးသဖြင့် အရောင်တောက်တွေ ဝတ်တာများပြီး Jumpsuit လိုတစ်ဆက်တည်းတွေကိုလည်း မြင်ရမှာပါ။

Athleisure Style

Athleisure Style

Athleisure Style
လူငယ်ဆန်ပြီး ပေါ့ပါးတဲ့အပြင် Streetwear Brand တွေကို အသားပေးလေ့ရှိတဲ့ Athleisure Style ကတော့ Milan Fashion Week မှာ ခေတ်စားပါတယ်။

Athleisure Style

Athleisure Style

Milan Fashion Week မှာဆိုရင် Printed နဲ့ အရောင်ဆန်း အတွဲအစပ်တွေ၊ Streetwear Brand တွေ၊ Logoအသားပေး ဝတ်စုံတွေနဲ့အတူ Belt Bag တွေ၊Crazy Color တွေတော်တော်များများ ဝတ်ဆင်ကြတာကို မြင်ရမှာဖြစ်ပါတယ်။

Dress Fashion

Dress Fashion

Dress Fashion
Spring Summer ဆိုတဲ့အတိုင်းပါပဲ..ဂါဝန်ရှည်တွေ၊ ဒူးဖုံးဂါဝန်တွေလည်း ခေတ်ထတာ မြင်ရမှာပါ။

Dress Fashion

Dress Fashion

ဂါဝန်ရှည်ဖားဖားတွေကို Sneaker တွေ၊ Boot တွေ တွဲဝတ်တာ စသည်ဖြင့် စတိုင်လ်ထုတ်ဝတ်ကြပြီး ဂါဝန်ဖက်ရှင်ကို New York Fashion Week နဲ့ London Fashion Week တို့မှာ အများဆုံး မြင်ရမှာ ဖြစ်ပါတယ်။

Su Yi Htet (Akhayar)