[Zawgyi]

ေလလြင့္ေခြးေတြကို စင္ကာပူအစိုးရ ၅ႏွစ္စီမံကိန္းခ်ၿပီး ဘယ္လိုထိန္းသိမ္းေနလဲ

လတ္တေလာ လူထုၾကားထဲ ဆူပူမႈအျမင့္မားဆံုး အေၾကာင္းအရာကေတာ့ ေပ်ာ္ဘြယ္ၿမိဳ႕မွ ၄ႏွစ္သားကေလးငယ္ေလးကို ေတာစပ္က ေခြး႐ိုင္း ၆ေကာင္ကိုက္ခံရၿပီး ေသဆံုးသြားတဲ့အေၾကာင္းအရာပဲျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး တိရစာၧန္ခ်စ္သူေတြအေနနဲ႔ေရာ၊ လမ္းေဘးေလလြင့္ေခြး အႏၲရာယ္ကို စိုးထိတ္ေနရတဲ့ မိဘျပည္သူေတြအေနနဲ႔ပါ တစ္ဖက္စီကေန စိတ္ပူပန္မႈေတြျမင့္တက္ေနပါတယ္။

Dogs

Dogs

ျမန္မာႏိုင္ငံရဲ႕ အဓိကျပသာနာေတြထဲမွာ လမ္းေဘးေလလြင့္ေခြးျပသာနာဟာလည္း ႏွစ္ကာလစီမံကိန္းခ်ၿပီး ေျဖရွင္းရမယ့္ ျပသာနာထဲ အပါအဝင္ပါ။ လတ္တေလာမွာေတာ့ ေခြးေလေခြးလြင့္ ထိန္းသိမ္းဖို႔ အသားတံုးပစ္ၿပီး ႏွိမ္နင္းတဲ့ စနစ္ကိုပဲ အဓိကထားအသံုးျပဳေနတာေတာင္ မထိေရာက္လာတဲ့အျပင္ တိရစၧာန္ခ်စ္သူမ်ားအၾကား ေဝဖန္မႈေတြျမင့္တက္ေနသလို ကုရာနတၳိေဆးမရွိတဲ့ ေခြး႐ူးေရာဂါဟာလည္း ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ကို လူ႔အသက္ဆံုးရံႈးႏိုင္တာမို႔ ေလလြင့္ေခြးအႏၲရာယ္ကို ေျဖရွင္းဖို႔အတြက္ ေသခ်ာထိေရာက္တဲ့အေျဖကို မရႏိုင္တာ ေတြ႕ရပါတယ္။

အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ စင္ကာပူအစိုးရကေတာ့ ေလလြင့္ေခြးေတြကိစၥကို ၅ႏွစ္စီမံကိန္းခ်ၿပီး စင္ကာပူႏိုင္ငံရဲ႕ ေလလြင့္ေခြး ၇၀ ရာခိုင္ႏႈန္းအထိ သားေၾကာျဖတ္ဖို႔ကို စင္ကာပူႏိုင္ငံစိုက္ပ်ိဳးေမြးျမဴေရးဌာနနဲ႔ ပူးေပါင္းေဆာင္ရြက္လိုက္ပါၿပီ။

Strays Dog

Strays Dog

ဒီစီမံကိန္းကို စင္ကာပူႏိုင္ငံအစိုးရ၊ တိရစာၧန္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ေတြနဲ႔ တိရစာၧန္ဆရာဝန္ေတြ ပူးေပါင္းၿပီး ေဆာင္ရြက္ေနၾကတာျဖစ္ပါတယ္။ ေလလြင့္ေခြးထိန္းသိမ္းျခင္းကို တစ္ႏိုင္ငံလံုးအဆင့္သတ္မွတ္ခဲ့တာ ဒီတစ္ႀကိမ္ဟာ ပထမဆံုးျဖစ္ၿပီး ေလလြင့္ေခြးေတြကို ဂ႐ုဏာနဲ႔ ေသခ်ာဖမ္းဆီးၿပီး သားေၾကာျဖတ္ကာ သက္ဆိုင္ရာ တိရိစာၧန္ကာကြယ္ေစာင့္ေရွာက္ေရးစခန္းေတြကို ပို႔မွာ ျဖစ္ပါတယ္။

စင္ကာပူတစ္ႏိုင္ငံလံုးမွာ ေလလြင့္ေခြး ၇၀၀၀ ေက်ာ္ရွိၿပီး အစိုးရအေနနဲ႔ တာဝန္ရွိသူအားလံုးနဲ႔ ပူးေပါင္းကာ ေလလြင့္ေခြးေတြအားလံုးကို ၅ႏွစ္အတြင္း သားေၾကာျဖတ္ေဆးအၿပီးထိုးကာ ထိန္းသိမ္းလိုက္ဖို႔ စတင္ေနပါၿပီ။ ဒီစီမံကိန္းကိုစတင္ခဲ့တဲ့ အစိုးရအဖြဲ႕အစည္းက ဒီသားေၾကာျဖတ္ျခင္းဟာ လူသားအဆန္ဆံုးနဲ႔ အဆင္ေျပဆံုးနည္းလမ္းပါလို႔ ေျပာၾကားခဲ့ပါတယ္။

သားေၾကာျဖတ္ၿပီးသားေခြးမ်ားကိုေတာ့ ေမြးစားလိုသူေတြ၊ တိရစာၧန္ေစာင့္ေရွာက္ေရးေဂဟာေတြဆီပို႔မွာျဖစ္ၿပီး တခ်ိဳ႔ကိုေတာ့ သူတို႔ေနထိုင္ရာ နယ္ေျမ၊ပတ္ဝန္းက်င္အနီးအနားကိုပဲ ျပန္လႊတ္ေပးထားမယ္လို႔ ဆိုပါတယ္။

လမ္းေဘးေခြးေတြအေနနဲ႔ ၾကမ္းတမ္းၿပီး အႏၲရာယ္မ်ားတဲ့နယ္ေျမေဒသေတြမွာ ေနထိုင္ခဲ့ရတာေၾကာင့္ ယာဥ္အႏၲရာယ္၊ ငတ္မြတ္ျခင္းနဲ႔ ေရာဂါပိုးေတြလည္း ခံစားရႏိုင္ပါတယ္။

တိရစာၧန္ခ်စ္သူမ်ားအဖြဲ႕ေတြကေတာ့ ေလလြင့္ေခြးေတြဟာ ေက်းရြာနယ္ေျမေတြနဲ႔ စက္မႈဇုန္ေတြမွာ ေပါက္ဖြားက်င္လည္မႈအမ်ားဆံုးပါလို႔ တင္ျပထားပါတယ္။ ဒီစီမံကိန္းဟာ ၂ဦး၂ဖက္အဆင္ေျပၿပီး ေခြးေတြအေနနဲ႔လည္း မိမိေနထိုင္ရာ ပတ္ဝန္းက်င္မွာပဲ ရွင္သန္သြားၾကရမွာျဖစ္ၿပီး သူတို႔ေသဆံုးသြားၿပီးတဲ့အခါမွာလည္း မ်ိဳးပြားမႈေတြ ပေပ်ာက္သြားမွာေၾကာင့္ျဖစ္ပါတယ္။

ဒီစီမံကိန္းဟာ ေခြးေတြမ်ိဳးပြားမႈကို ထိန္းခ်ဳပ္ႏိုင္ရံုသာမက ေခြးေမြးသူေတြ လိုင္စင္ျပဳလုပ္ေရး၊ ေခြးေမြးၿပီး စြန္႔ပစ္သူေတြအတြက္ ဒဏ္ေငြနဲ႔ ျပစ္ဒဏ္ေပးျခင္းေတြလည္း ထိထိေရာက္ေရာက္ပါဝင္လာမွာပါ။ ေခြးေမြးျမဴေရးေစ်းကြက္ႀကီးကိုပါ ထိန္းခ်ဳပ္လာႏိုင္ဖို႔ အခြင့္အလမ္းမ်ားပါတယ္။

Dogs

Dogs

တိရစၧာန္ခ်စ္သူ အဖြဲ႕အစည္း ၁၁ ခုကလည္း ဒီစီမံကိန္းမွာ အားတက္သေရာပါဝင္ၾကၿပီး ေခြးေတြကို သားဆက္ျခားၿပီးတာနဲ႔ သူတို႔ေနထိုင္ရာပတ္ဝန္းက်င္ကို ျပန္လႊတ္ရတဲ့အေျခအေနမ်ိဳးမွာ ေခြးေတြကို ေသခ်ာထိန္းသိမ္းဖို႔၊ ေစာင့္ေရွာက္ဖို႔၊ ေခြးေတြနဲ႔ပတ္သက္ၿပီး တာဝန္ယူႏိုင္ဖို႔ နယ္ေျမအလိုက္အသီးသီး ခြဲေဝကူညီခဲ့ၾကပါတယ္။

ဒီစီမံကိန္းကိုေတာ့ အားလံုးက ေထာက္ခံေနၾကၿပီး အစိုးရကပါ ခုလို လူသားဆန္စြာ ေသေသခ်ာခ်ာကိုင္တြယ္လာႏိုင္တဲ့အတြက္ တိရစာၧန္ခ်စ္သူမ်ားနဲ႔ လူထုအၾကား ပိုမိုအဆင္ေခ်ာေမြ႕လာပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔လည္း ႏိုင္ငံတကာက နည္းလမ္းေတြကိုအတုယူၿပီး ပိုမိုထိေရာက္တဲ့အေျဖတစ္ခုကို တိုင္းျပည္နဲ႔ျပည္သူ အတူတူ လက္တြဲကူၿပီး ရွာေဖြဖို႔လိုေနၿပီျဖစ္ေၾကာင္း တင္ျပလိုက္ရပါတယ္။

EiEiKhineMinn (Akhayar)

www.akhayar.com

[Unicode]

လေလွင့်ခွေးတွေကို စင်ကာပူအစိုးရ ၅နှစ်စီမံကိန်းချပြီး ဘယ်လိုထိန်းသိမ်းနေလဲ

လတ်တလော လူထုကြားထဲ ဆူပူမှုအမြင့်မားဆုံး အကြောင်းအရာကတော့ ပျော်ဘွယ်မြို့မှ ၄နှစ်သားကလေးငယ်လေးကို တောစပ်က ခွေးရိုင်း ၆ကောင်ကိုက်ခံရပြီး သေဆုံးသွားတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တိရစ္ဆာန်ချစ်သူတွေအနေနဲ့ရော၊ လမ်းဘေးလေလွင့်ခွေး အန္တရာယ်ကို စိုးထိတ်နေရတဲ့ မိဘပြည်သူတွေအနေနဲ့ပါ တစ်ဖက်စီကနေ စိတ်ပူပန်မှုတွေမြင့်တက်နေပါတယ်။

Dogs

Dogs

မြန်မာနိုင်ငံရဲ့ အဓိကပြသာနာတွေထဲမှာ လမ်းဘေးလေလွင့်ခွေးပြသာနာဟာလည်း နှစ်ကာလစီမံကိန်းချပြီး ဖြေရှင်းရမယ့် ပြသာနာထဲ အပါအဝင်ပါ။ လတ်တလောမှာတော့ ခွေးလေခွေးလွင့် ထိန်းသိမ်းဖို့ အသားတုံးပစ်ပြီး နှိမ်နင်းတဲ့ စနစ်ကိုပဲ အဓိကထားအသုံးပြုနေတာတောင် မထိရောက်လာတဲ့အပြင် တိရစ္ဆာန်ချစ်သူများအကြား ဝေဖန်မှုတွေမြင့်တက်နေသလို ကုရာနတ္ထိဆေးမရှိတဲ့ ခွေးရူးရောဂါဟာလည်း ကြောက်ဖို့ကောင်းလောက်အောင်ကို လူ့အသက်ဆုံးရှုံးနိုင်တာမို့ လေလွင့်ခွေးအန္တရာယ်ကို ဖြေရှင်းဖို့အတွက် သေချာထိရောက်တဲ့အဖြေကို မရနိုင်တာ တွေ့ရပါတယ်။

အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ စင်ကာပူအစိုးရကတော့ လေလွင့်ခွေးတွေကိစ္စကို ၅နှစ်စီမံကိန်းချပြီး စင်ကာပူနိုင်ငံရဲ့ လေလွင့်ခွေး ၇၀ ရာခိုင်နှုန်းအထိ သားကြောဖြတ်ဖို့ကို စင်ကာပူနိုင်ငံစိုက်ပျိုးမွေးမြူရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်လိုက်ပါပြီ။

Strays Dog

Strays Dog

ဒီစီမံကိန်းကို စင်ကာပူနိုင်ငံအစိုးရ၊ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေနဲ့ တိရစ္ဆာန်ဆရာဝန်တွေ ပူးပေါင်းပြီး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ လေလွင့်ခွေးထိန်းသိမ်းခြင်းကို တစ်နိုင်ငံလုံးအဆင့်သတ်မှတ်ခဲ့တာ ဒီတစ်ကြိမ်ဟာ ပထမဆုံးဖြစ်ပြီး လေလွင့်ခွေးတွေကို ဂရုဏာနဲ့ သေချာဖမ်းဆီးပြီး သားကြောဖြတ်ကာ သက်ဆိုင်ရာ တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးစခန်းတွေကို ပို့မှာ ဖြစ်ပါတယ်။

စင်ကာပူတစ်နိုင်ငံလုံးမှာ လေလွင့်ခွေး ၇၀၀၀ ကျော်ရှိပြီး အစိုးရအနေနဲ့ တာဝန်ရှိသူအားလုံးနဲ့ ပူးပေါင်းကာ လေလွင့်ခွေးတွေအားလုံးကို ၅နှစ်အတွင်း သားကြောဖြတ်ဆေးအပြီးထိုးကာ ထိန်းသိမ်းလိုက်ဖို့ စတင်နေပါပြီ။ ဒီစီမံကိန်းကိုစတင်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းက ဒီသားကြောဖြတ်ခြင်းဟာ လူသားအဆန်ဆုံးနဲ့ အဆင်ပြေဆုံးနည်းလမ်းပါလို့ ပြောကြားခဲ့ပါတယ်။

သားကြောဖြတ်ပြီးသားခွေးများကိုတော့ မွေးစားလိုသူတွေ၊ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေဆီပို့မှာဖြစ်ပြီး တချို့ကိုတော့ သူတို့နေထိုင်ရာ နယ်မြေ၊ပတ်ဝန်းကျင်အနီးအနားကိုပဲ ပြန်လွှတ်ပေးထားမယ်လို့ ဆိုပါတယ်။

လမ်းဘေးခွေးတွေအနေနဲ့ ကြမ်းတမ်းပြီး အန္တရာယ်များတဲ့နယ်မြေဒေသတွေမှာ နေထိုင်ခဲ့ရတာကြောင့် ယာဉ်အန္တရာယ်၊ ငတ်မွတ်ခြင်းနဲ့ ရောဂါပိုးတွေလည်း ခံစားရနိုင်ပါတယ်။

တိရစ္ဆာန်ချစ်သူများအဖွဲ့တွေကတော့ လေလွင့်ခွေးတွေဟာ ကျေးရွာနယ်မြေတွေနဲ့ စက်မှုဇုန်တွေမှာ ပေါက်ဖွားကျင်လည်မှုအများဆုံးပါလို့ တင်ပြထားပါတယ်။ ဒီစီမံကိန်းဟာ ၂ဦး၂ဖက်အဆင်ပြေပြီး ခွေးတွေအနေနဲ့လည်း မိမိနေထိုင်ရာ ပတ်ဝန်းကျင်မှာပဲ ရှင်သန်သွားကြရမှာဖြစ်ပြီး သူတို့သေဆုံးသွားပြီးတဲ့အခါမှာလည်း မျိုးပွားမှုတွေ ပပျောက်သွားမှာကြောင့်ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ခွေးတွေမျိုးပွားမှုကို ထိန်းချုပ်နိုင်ရုံသာမက ခွေးမွေးသူတွေ လိုင်စင်ပြုလုပ်ရေး၊ ခွေးမွေးပြီး စွန့်ပစ်သူတွေအတွက် ဒဏ်ငွေနဲ့ ပြစ်ဒဏ်ပေးခြင်းတွေလည်း ထိထိရောက်ရောက်ပါဝင်လာမှာပါ။ ခွေးမွေးမြူရေးဈေးကွက်ကြီးကိုပါ ထိန်းချုပ်လာနိုင်ဖို့ အခွင့်အလမ်းများပါတယ်။

Dogs

Dogs

တိရစ္ဆာန်ချစ်သူ အဖွဲ့အစည်း ၁၁ ခုကလည်း ဒီစီမံကိန်းမှာ အားတက်သရောပါဝင်ကြပြီး ခွေးတွေကို သားဆက်ခြားပြီးတာနဲ့ သူတို့နေထိုင်ရာပတ်ဝန်းကျင်ကို ပြန်လွှတ်ရတဲ့အခြေအနေမျိုးမှာ ခွေးတွေကို သေချာထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့၊ ခွေးတွေနဲ့ပတ်သက်ပြီး တာဝန်ယူနိုင်ဖို့ နယ်မြေအလိုက်အသီးသီး ခွဲဝေကူညီခဲ့ကြပါတယ်။

ဒီစီမံကိန်းကိုတော့ အားလုံးက ထောက်ခံနေကြပြီး အစိုးရကပါ ခုလို လူသားဆန်စွာ သေသေချာချာကိုင်တွယ်လာနိုင်တဲ့အတွက် တိရစ္ဆာန်ချစ်သူများနဲ့ လူထုအကြား ပိုမိုအဆင်ချောမွေ့လာပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံတကာက နည်းလမ်းတွေကိုအတုယူပြီး ပိုမိုထိရောက်တဲ့အဖြေတစ်ခုကို တိုင်းပြည်နဲ့ပြည်သူ အတူတူ လက်တွဲကူပြီး ရှာဖွေဖို့လိုနေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

EiEiKhineMinn (Akhayar)

www.akhayar.com