[Zawgyi]

ကမာၻတစ္ဝွမ္းက ထူးဆန္းအံ့ၾသဖြယ္ေကာင္းတဲ႔ တားဆီးပိတ္ပင္မႈမ်ား

ကမာၻေပၚက ႏိုင္ငံေတြတိုင္းမွာ ကဲြျပားတဲ႔ ဓေလ့ထံုးစံေတြရွိသလိုမ်ဳိး တားျမစ္ခံထားရတဲ႔ ထူးဆန္းတဲ႔ အရာေတြလည္း ရွိပါေသးတယ္။ ႏိုင္ငံအလိုက္ တားျမစ္ထားတဲ႔ အရာေတြဟာ တစ္ႏိုင္ငံနဲ႔ တစ္ႏို္္င္ငံမတူသလို တခ်ဳိ႕ႏိုင္ငံေတြမွာ ပိတ္ပင္ခံထားရတဲ႔ အရာေတြဟာ ဘာမွမဟုတ္သလို တခ်ဳိ႕ႏိုင္ငံေတြမွာၾကေတာ့ ထူးဆန္းအံ့ၾသဖြယ္ေကာင္းတဲ႔ အရာေတြ ျဖစ္ေနတတ္ပါတယ္။ ဒီလို ကမာၻတစ္ဝွမ္းရွိ ထူးဆန္းေထြလာေတြထဲက စိတ္ဝင္စားဖြယ္ေကာင္းတဲ႔ တားျမစ္ပိတ္ပင္မႈ တခ်ဴိ႕ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) အရာေတာ္ေတာ္မ်ားမ်ား ပိတ္ပင္ခံရတဲ႔ ေျမာက္ကိုးရီးယား

ကမာၻ႔ေပၚရွိ သီးျခားတုိင္းျပည္တစ္ခုျဖစ္တဲ႔ ေျမာက္ကိုးရီးယားႏိုင္ငံဟာ လူေတြ မထင္မွတ္ထားေလာက္ေအာင္ အရာေတာ္ေတာ္မ်ားမ်ားမွာ တားဆီးပိတ္ပင္ခံထားရၿပီး ေနထိုင္ရလို႔ ဒီတုိင္းျပည္မွာ ေနထုိင္တဲ႔သူေတြက မရူးရုံတမယ္ ေနထိုင္ၾကရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေျမာက္ကိုးရီးယားကလူေတြဟာ TV ၾကည့္ခြင္မရွိျခင္း၊ လြတ္လြတ္လပ္လပ္ သီခ်င္းနားေထာင္ခြင့္မရွိျခင္း၊ ကိုယ္ထင္ျမင္ခ်က္ေတြကို ေဝမွ်ခြင့္မရျခင္း၊ ျပည္သူပိုင္ေနရာေတြမွာ က်ယ္ေလာင္စြာ ရယ္ေမာခြင့္မရွိျခင္း၊ ဘာသာတရား သက္ဝင္ယံုၾကည္မႈအေပၚတားျမစ္ထားျခင္း၊ တျခားႏုိင္ငံနဲ႔ ခ်ိတ္ဆက္ျခင္းကို တားျမစ္ထားျခင္း၊ အျပာေရာင္ Jean ဝတ္ျခင္းကို တားျမစ္ထားျခင္း အစရွိသျဖင့္ ကန႔္သတ္ခ်က္ေတြ အေျမာက္အျမား ရွိပါတယ္။ ေထာင္ထဲမသြားျခင္းဘူးဆိုရင္ေတာ့ ဒီတားျမစ္ခ်က္ေတြရဲ႕ဒဏ္ကို ခံႏုိင္ရည္ရွိေနဖို႔ေတာ့ လိုပါတယ္။

North Korea Banned Jeans

North Korea Banned Jeans

(၂) ျပင္သစ္ႏိုင္ငံ ေက်ာင္းေတြမွာ ငရုတ္ေဆာ့ေတြကို တားျမစ္ပိတ္ပင္ထားျခင္း

ျပင္သစ္ႏိုင္ငံရွိ ေက်ာင္းသားေတြဟာ အစားအေသာက္ေကာင္းေတြကို ၿပီးျပည့္စံုတဲ႔ အရသာနဲ႔ စားခြင့္မရၾကပါဘူး။ အစားအေသာက္ေတာ္ေတာ္မ်ားက ေဆာ့နဲ႔ တဲြဖက္စားေသာက္တဲ႔ အက်င့္ရွိရင္ ျပင္သစ္ႏိုင္ငံမွာ ေက်ာင္းသြားတက္ရင္ ဒုကၡေရာက္မွာ အေသအခ်ာပါပဲ။ ျပင္သစ္ႏိုင္ငံေက်ာင္းေတြက Self Service ကန္တင္းေတြနဲ႔ ေကာ္ဖီဆိုင္ေတြမွာ အစိုးရက ဆယ္ေက်ာ္သက္ေတြကို ေဆာ့အလြန္အကၽြံ မစားသံုးရန္ တားျမစ္ထားပါတယ္။ ဘာေၾကာင့္တားျမစ္ထားတာလဲဆိုေတာ့ ေဆာ့အလြန္အကၽြံစားသံုးျခင္းက အစားအေသာက္ရဲ႕ မူလအရသာကို ပ်က္စီးေစသလို က်န္းမာေရးကိုလည္း ထိခိုက္ေစတဲ႔ အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္မုိ႔ ေက်ာင္းတက္ေနတဲ႔ ျပင္သစ္ႏိုင္ငံက ေက်ာင္းသူေက်ာင္းသားေတြဟာ အားလူးေၾကာ္ကို ေဆာ့နဲ႔မွာမိရင္ အေရးယူခံရႏိုင္ေခ် ရွိပါတယ္။

France Banned Ketchup

France Banned Ketchup

(၃) ျဖည္းျဖည္းမွန္မွန္ေျပးျခင္းကို တားျမစ္ထားတဲ႔ Burundi

Burundi မွာ မနက္ခင္းေစာေစာစီးစီး ျဖည္းျဖည္းမွန္မွန္နဲ႔ ထေျပးမိရင္ ေထာင္က်မယ့္ကိန္း ရွိပါတယ္။ ေဘာလံုးကစားရတာ ႏွစ္သက္တဲ႔ Burundi သမၼတဟာ ျဖည္းျဖည္းမွန္မွန္ေျပးျခင္းကို တားျမစ္ထားပါတယ္။ Burundi သမၼတ တားဆီးပိတ္ပင္ရျခင္းကလည္း အေၾကာင္းအရင္းရွိပါတယ္။ အရင္တုန္းက ျဖည္းျဖည္းမွန္မွန္ထေျပးရင္းကေန အဓိကရုဏ္း ျဖစ္ပြားၿပီး စစ္ပဲြေတြ ျဖစ္ခဲ႔လို႔ တရားဝင္ တားဆီးပိတ္ပင္ခဲ႔တာ ျဖစ္ပါတယ္။ အဲတုန္းက ဒီလိုတားဆီးပိတ္ပင္ထားလိုက္ရင္ စစ္ပဲြေတြ ရပ္တန္႔သြားမယ္လုိ႔ ယံုၾကည္ခဲ့တဲ႔ အတြက္ေၾကာင့္ ဒီသတ္မွတ္ခ်က္ ထုတ္ျပန္ခဲ႔ျခင္း ျဖစ္ပါတယ္။

Burundi Banned Jogging

Burundi Banned Jogging

(၄) စံပယ္္ကို တားဆီးပိတ္ပင္ထားတဲ႔ တရုတ္

တရုတ္ေတြက စံပယ္ကို တားဆီးပိတ္ပင္ထားတယ္လို႔ေျပာရင္ မအံ့ၾသသြားပါနဲ႔ေနာ္။ တရုတ္ျပည္မႀကီးကေနလာတဲ႔ စံပယ္ကို တရုတ္စစ္အစိုးရကို တားျမစ္ထားပါတယ္။ တရုတ္က လူေတြဟာ စံပယ္ကို ေရာင္းခြင့္၊ စိုက္ပ်ဳိးခြင့္ မရတဲ႔အျပင္ ေျပာဆိုခြင့္ေတာင္ မရပါဘူး။ ဘာေၾကာင့္ တားဆီးပိတ္ထားရတာလဲဆုိေတာ့ တရုတ္ႏိ္ုင္ငံမွာ Tunisian စံပယ္ေတာ္လွန္ေရးဆိုၿပီး ျဖစ္ပြားခဲ႔ဖူးပါတယ္။ ဒီေတာ္လွန္ေရးၿပီးတဲ႔ေနာက္မွာ တရုတ္ႏိုင္ငံရဲ႕ ဒီမိုကေရစီအဖဲြ႔ခ်ဳပ္က လူအဖဲြ႔အစည္းမတည္ၿငိမ္မႈကို ထိန္းခ်ဳပ္ႏိုင္ေစဖို႔အတြက္ တားဆီးပိတ္ပင္မႈေတြ၊ စည္းကမ္းခ်က္ေတြ ထုတ္ျပန္လိုက္ရျခင္း ျဖစ္ပါတယ္။ တရုတ္ေတြသံုးတဲ႔ အင္တာနက္မွာလည္း စံပယ္ဆုိတဲ႔ စကားလံုးကို ရွာေဖြလို႔မရေအာင္ တားျမစ္ပိတ္ပင္ထားပါတယ္။ အခုေနာက္ပိုင္းမွာ ပြင့္လင္းျမင္သာမႈရွိလာတဲ႔အတြက္ အရင္ကေလာက္ေတာ့ စည္းကမ္းအရမ္းမတင္းက်ပ္ေတာ့ဘူးလို႔ ေျပာၾကပါတယ္။

China Banned Jasmine

China Banned Jasmine

(၅) ဗီဒီယိုဂိမ္းကစားခြင့္မရွိတဲ႔ ဂရိ

ဂရိႏိုင္ငံမွာ ေမြးဖြားတဲ့ လူေတြကို ဗီဒီယိုဂိမ္းကစားဖူးလားလို႔ ေမးရင္ ဘာလို႔မ်ဳိးလဲလို႔ ျပန္ေမးရင္ အရမ္းႀကီး မအံ့ၾသပါနဲ႔။ ဘာေၾကာင့္လဲဆိုေတာ့ ဂရိအစုိးရက ၂၀၀၂ ခုနစ္ကတည္းက ဗီဒီယိုဂိမ္းကစားျခင္းကို တားဆီးပိတ္ပင္ထားလုိ႔ ျဖစ္ပါတယ္။ အစိုးရက ဗီဒီယိုဂိမ္းကစားျခင္းကုိ တားဆီးပိတ္ပင္ရတဲ႔ ရည္ရြယ္ခ်က္က တရားမဝင္ေလာင္းကစားေတြကို ရပ္တန္႔ေစဖို႔အတြက္ ျဖစ္ပါတယ္။ ဂရိႏိုင္ငံကို သြားလို႔ ဗီဒီယိုဂိမ္းကစားမိရင္ ေထာင္ထဲကို ဝင္ရႏိုင္ေျခရွိၿပီး ကုိယ္ပိုင္ ကြန္ပ်ဳတာနဲ႔ေတာင္ ကစားခြင့္ လံုးဝမရွိပါဘူးေနာ္။

Video games banned in Greece

Video games banned in Greece

ကမာၻတစ္ဝွမ္းရွိ ထူးဆန္းေထြလာေတြထဲက စိတ္ဝင္စားဖြယ္ေကာင္းတဲ႔ တားဆီးပိတ္ပင္မႈ တခ်ဳိ႕ကို ေရြးခ်ယ္ေဖာ္ျပထားတာျဖစ္ၿပီး ပရိသတ္ႀကီးသိတဲ႔ ထူးထူးျခားျခား တားဆီးပိတ္ပင္မႈေတြရွိရင္လည္း ဗဟုသုတတိုးေစဖုိ႔အတြက္ ျပန္လည္မွ်ေဝေပးသြားပါဦး။

H.H(Akhayar)

www.akhayar.com

[Unicode]

ကမ္ဘာတစ်ဝှမ်းက ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ တားဆီးပိတ်ပင်မှုများ

ကမ္ဘာပေါ်က နိုင်ငံတွေတိုင်းမှာ ကွဲပြားတဲ့ ဓလေ့ထုံးစံတွေရှိသလိုမျိုး တားမြစ်ခံထားရတဲ့ ထူးဆန်းတဲ့ အရာတွေလည်း ရှိပါသေးတယ်။ နိုင်ငံအလိုက် တားမြစ်ထားတဲ့ အရာတွေဟာ တစ်နိုင်ငံနဲ့ တစ်နို်င်ငံမတူသလို တချို့နိုင်ငံတွေမှာ ပိတ်ပင်ခံထားရတဲ့ အရာတွေဟာ ဘာမှမဟုတ်သလို တချို့နိုင်ငံတွေမှာကြတော့ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ အရာတွေ ဖြစ်နေတတ်ပါတယ်။ ဒီလို ကမ္ဘာတစ်ဝှမ်းရှိ ထူးဆန်းထွေလာတွေထဲက စိတ်ဝင်စားဖွယ်ကောင်းတဲ့ တားမြစ်ပိတ်ပင်မှု တချိူ့တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အရာတော်တော်များများ ပိတ်ပင်ခံရတဲ့ မြောက်ကိုးရီးယား

ကမ္ဘာ့ပေါ်ရှိ သီးခြားတိုင်းပြည်တစ်ခုဖြစ်တဲ့ မြောက်ကိုးရီးယားနိုင်ငံဟာ လူတွေ မထင်မှတ်ထားလောက်အောင် အရာတော်တော်များများမှာ တားဆီးပိတ်ပင်ခံထားရပြီး နေထိုင်ရလို့ ဒီတိုင်းပြည်မှာ နေထိုင်တဲ့သူတွေက မရူးရုံတမယ် နေထိုင်ကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြောက်ကိုးရီးယားကလူတွေဟာ TV ကြည့်ခွင်မရှိခြင်း၊ လွတ်လွတ်လပ်လပ် သီချင်းနားထောင်ခွင့်မရှိခြင်း၊ ကိုယ်ထင်မြင်ချက်တွေကို ဝေမျှခွင့်မရခြင်း၊ ပြည်သူပိုင်နေရာတွေမှာ ကျယ်လောင်စွာ ရယ်မောခွင့်မရှိခြင်း၊ ဘာသာတရား သက်ဝင်ယုံကြည်မှုအပေါ်တားမြစ်ထားခြင်း၊ တခြားနိုင်ငံနဲ့ ချိတ်ဆက်ခြင်းကို တားမြစ်ထားခြင်း၊ အပြာရောင် Jean ဝတ်ခြင်းကို တားမြစ်ထားခြင်း အစရှိသဖြင့် ကန့်သတ်ချက်တွေ အမြောက်အမြား ရှိပါတယ်။ ထောင်ထဲမသွားခြင်းဘူးဆိုရင်တော့ ဒီတားမြစ်ချက်တွေရဲ့ဒဏ်ကို ခံနိုင်ရည်ရှိနေဖို့တော့ လိုပါတယ်။

North Korea Banned Jeans

North Korea Banned Jeans

(၂) ပြင်သစ်နိုင်ငံ ကျောင်းတွေမှာ ငရုတ်ဆော့တွေကို တားမြစ်ပိတ်ပင်ထားခြင်း

ပြင်သစ်နိုင်ငံရှိ ကျောင်းသားတွေဟာ အစားအသောက်ကောင်းတွေကို ပြီးပြည့်စုံတဲ့ အရသာနဲ့ စားခွင့်မရကြပါဘူး။ အစားအသောက်တော်တော်များက ဆော့နဲ့ တွဲဖက်စားသောက်တဲ့ အကျင့်ရှိရင် ပြင်သစ်နိုင်ငံမှာ ကျောင်းသွားတက်ရင် ဒုက္ခရောက်မှာ အသေအချာပါပဲ။ ပြင်သစ်နိုင်ငံကျောင်းတွေက Self Service ကန်တင်းတွေနဲ့ ကော်ဖီဆိုင်တွေမှာ အစိုးရက ဆယ်ကျော်သက်တွေကို ဆော့အလွန်အကျွံ မစားသုံးရန် တားမြစ်ထားပါတယ်။ ဘာကြောင့်တားမြစ်ထားတာလဲဆိုတော့ ဆော့အလွန်အကျွံစားသုံးခြင်းက အစားအသောက်ရဲ့ မူလအရသာကို ပျက်စီးစေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းတက်နေတဲ့ ပြင်သစ်နိုင်ငံက ကျောင်းသူကျောင်းသားတွေဟာ အားလူးကြော်ကို ဆော့နဲ့မှာမိရင် အရေးယူခံရနိုင်ချေ ရှိပါတယ်။

France Banned Ketchup

France Banned Ketchup

(၃) ဖြည်းဖြည်းမှန်မှန်ပြေးခြင်းကို တားမြစ်ထားတဲ့ Burundi

Burundi မှာ မနက်ခင်းစောစောစီးစီး ဖြည်းဖြည်းမှန်မှန်နဲ့ ထပြေးမိရင် ထောင်ကျမယ့်ကိန်း ရှိပါတယ်။ ဘောလုံးကစားရတာ နှစ်သက်တဲ့ Burundi သမ္မတဟာ ဖြည်းဖြည်းမှန်မှန်ပြေးခြင်းကို တားမြစ်ထားပါတယ်။ Burundi သမ္မတ တားဆီးပိတ်ပင်ရခြင်းကလည်း အကြောင်းအရင်းရှိပါတယ်။ အရင်တုန်းက ဖြည်းဖြည်းမှန်မှန်ထပြေးရင်းကနေ အဓိကရုဏ်း ဖြစ်ပွားပြီး စစ်ပွဲတွေ ဖြစ်ခဲ့လို့ တရားဝင် တားဆီးပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ အဲတုန်းက ဒီလိုတားဆီးပိတ်ပင်ထားလိုက်ရင် စစ်ပွဲတွေ ရပ်တန့်သွားမယ်လို့ ယုံကြည်ခဲ့တဲ့ အတွက်ကြောင့် ဒီသတ်မှတ်ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

Burundi Banned Jogging

Burundi Banned Jogging

(၄) စံပယ်ကို တားဆီးပိတ်ပင်ထားတဲ့ တရုတ်

တရုတ်တွေက စံပယ်ကို တားဆီးပိတ်ပင်ထားတယ်လို့ပြောရင် မအံ့သြသွားပါနဲ့နော်။ တရုတ်ပြည်မကြီးကနေလာတဲ့ စံပယ်ကို တရုတ်စစ်အစိုးရကို တားမြစ်ထားပါတယ်။ တရုတ်က လူတွေဟာ စံပယ်ကို ရောင်းခွင့်၊ စိုက်ပျိုးခွင့် မရတဲ့အပြင် ပြောဆိုခွင့်တောင် မရပါဘူး။ ဘာကြောင့် တားဆီးပိတ်ထားရတာလဲဆိုတော့ တရုတ်နိုင်ငံမှာ Tunisian စံပယ်တော်လှန်ရေးဆိုပြီး ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒီတော်လှန်ရေးပြီးတဲ့နောက်မှာ တရုတ်နိုင်ငံရဲ့ ဒီမိုကရေစီအဖွဲ့ချုပ်က လူအဖွဲ့အစည်းမတည်ငြိမ်မှုကို ထိန်းချုပ်နိုင်စေဖို့အတွက် တားဆီးပိတ်ပင်မှုတွေ၊ စည်းကမ်းချက်တွေ ထုတ်ပြန်လိုက်ရခြင်း ဖြစ်ပါတယ်။ တရုတ်တွေသုံးတဲ့ အင်တာနက်မှာလည်း စံပယ်ဆိုတဲ့ စကားလုံးကို ရှာဖွေလို့မရအောင် တားမြစ်ပိတ်ပင်ထားပါတယ်။ အခုနောက်ပိုင်းမှာ ပွင့်လင်းမြင်သာမှုရှိလာတဲ့အတွက် အရင်ကလောက်တော့ စည်းကမ်းအရမ်းမတင်းကျပ်တော့ဘူးလို့ ပြောကြပါတယ်။

China Banned Jasmine

China Banned Jasmine

(၅) ဗီဒီယိုဂိမ်းကစားခွင့်မရှိတဲ့ ဂရိ

ဂရိနိုင်ငံမှာ မွေးဖွားတဲ့ လူတွေကို ဗီဒီယိုဂိမ်းကစားဖူးလားလို့ မေးရင် ဘာလို့မျိုးလဲလို့ ပြန်မေးရင် အရမ်းကြီး မအံ့သြပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဂရိအစိုးရက ၂၀၀၂ ခုနစ်ကတည်းက ဗီဒီယိုဂိမ်းကစားခြင်းကို တားဆီးပိတ်ပင်ထားလို့ ဖြစ်ပါတယ်။ အစိုးရက ဗီဒီယိုဂိမ်းကစားခြင်းကို တားဆီးပိတ်ပင်ရတဲ့ ရည်ရွယ်ချက်က တရားမဝင်လောင်းကစားတွေကို ရပ်တန့်စေဖို့အတွက် ဖြစ်ပါတယ်။ ဂရိနိုင်ငံကို သွားလို့ ဗီဒီယိုဂိမ်းကစားမိရင် ထောင်ထဲကို ဝင်ရနိုင်ခြေရှိပြီး ကိုယ်ပိုင် ကွန်ပျုတာနဲ့တောင် ကစားခွင့် လုံးဝမရှိပါဘူးနော်။

Video games banned in Greece

Video games banned in Greece

ကမ္ဘာတစ်ဝှမ်းရှိ ထူးဆန်းထွေလာတွေထဲက စိတ်ဝင်စားဖွယ်ကောင်းတဲ့ တားဆီးပိတ်ပင်မှု တချို့ကို ရွေးချယ်ဖော်ပြထားတာဖြစ်ပြီး ပရိသတ်ကြီးသိတဲ့ ထူးထူးခြားခြား တားဆီးပိတ်ပင်မှုတွေရှိရင်လည်း ဗဟုသုတတိုးစေဖို့အတွက် ပြန်လည်မျှဝေပေးသွားပါဦး။

H.H(Akhayar)

www.akhayar.com