လူတွေရဲ့ မသေခင် ပြောတဲ့ နောက်ဆုံးစကားတစ်ချို့ဟာ အတော့်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ အထူးသဖြင့် နာမည်ကျော်တွေပေါ့။ တစ်ချို့တွေက သူတို့ရဲ့ အဖိုးတန်အတွေ့အကြုံတွေကို ချန်ထားခဲ့တာ ဖြစ်ပြီး တစ်ချို့ကလည်း နောက်ဆုံးစကားကို ဟာသနှောပြီး ပြောခဲ့တာမျိုးပါ။ ဒီထဲကမှ Apple ရဲ့ ဖခင်ကြီး Steve Jobs အပါအဝင် ကမ္ဘာကျော် လူ ၉ ယောက် ရဲ့ မသေခင် နောက်ဆုံး ပြောခဲ့တဲ့ စကားတွေကို အခရာက စုစည်းတင်ဆက်လိုက်ပါတယ်။

 

“Money can’t buy life.”
Bob Marley (1945-1981)

Bob Marley ဟာ ၁၉၄၅ မှာ မွေးဖွားခဲ့တဲ့ ဂျမေကန်လူမျိုး အဆိုတော် သီချင်းရေးဆရာတစ်ယောက်ဖြစ်ပြီး Reggae ဂီတရဲ့ လွှမ်းမိုးမှုအရှိဆုံးအနုပညာသမားတွေထဲက တစ်ယောက်လို့ သတ်မှတ်ကြပါတယ်။ အပေါ်က ပြောခဲ့တဲ့ စကားကတော့ ၁၉၈၁ ခုနှစ် Miami ဆေးရုံမှာ ကင်ဆာရောဂါကြောင့် ဆေးရုံတက်နေခဲ့စဉ် သူ့သား Ziggy ကို နောက်ဆုံး ပြောခဲ့တာပါ။ ငွေနဲ့ ဘဝကို ဝယ်လို့ မရနိုင်ဆိုတာကတော့ ဆေးဝါးကိုသာ ဝယ်လို့ ရချင်ရမယ်၊ကျန်းမာရေးကိုတော့ ဝယ်လို့ မရပါဘူး။ နှုတ်ခမ်းနီ၊ ပါးနီတွေသာ ဝယ်လို့ ရရင် ရမယ်၊ အလှတရားကိုတော့ ဝယ်ယူလို့ မရဘူးဆိုတဲ့ သဘောပါပဲ။

 

“I’m not the least afraid to die.”
Charles Darwin (1809-1882)

Charles Darwin ကတော့ အင်္ဂလိပ်လူမျိုး သဘာဝသမိုင်းပညာရှင်နဲ့ ဇီဝဗေဒပညာရှင်ပါ။ ကျွန်တော်တို့ ကြားဖူးနေကျ “လူဆိုတာ မျောက်က ဆင်းသက်လာတယ်” ဆိုတဲ့ Evolution Theory ကို ထုတ်ဖော်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီစကားကိုတော့ သူမသေဆုံးခင် April ၁၈ရက် ၁၈၈၂ ခုနှစ် သူ့ရဲ့ သေခါနီးဆဲဆဲ အချိန်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

 

“Why do you weep? Did you think I was immortal?”
King Louis XIV (1638-1715)

King Louis XIV ကတော့ ပြင်သစ်ပြည်ကို ၁၆၄၃ ကနေ ၁၇၁၅ ထိ အုပ်ချုပ်ခဲ့တဲ့ Louis the Great လို့လည်း လူသိများတဲ့ ဘုရင်ပါ။ စက်တင်ဘာ ၁ ရက်နေ့ ၁၇၁၅ မှာ သေဆုံးခဲ့ပြီး ဒီစကားကိုတော့ သူ့အိမ်အစေခံတွေကို ပြောခဲ့တာပါ။

 

“There is no way to live!”
Groucho Marx (1890-1977)

Julius Henry Marx လို့လည်း ခေါ်တဲ့ Groucho Marx ဟာ အမေရိကန်လူမျိုး Comedian၊ ရုပ်ရှင်နဲ့ TV စတား ဖြစ်ပါတယ်။ သူဟာ သြဂုတ် ၁၉ ရက်နေ့ ၁၉၇၇ ၊ သူ့အသက် ၈၆ နှစ်မှာ သေဆုံးခဲ့ပြီး အပေါ်က စကားကိုတော့ သူက သူ့ရဲ့ ဇနီးကို ပြောကြားခဲ့တာပါ။

 

“I’m bored with it all.”
Sir Winston Churchill (1874-1965)

Sir Winston Churchill ချာချီကတော့ အားလုံးသိတဲ့ အတိုင်း ဗြိတိန် ဝန်ကြီးချုပ်ဟောင်းပါ။ ဒီစကားကိုတော့ သူ Coma မဝင်ခင် နောက်ဆုံးပြောကြားသွားတာ ဖြစ်ပြီးတော့ Coma ဝင်ပြီး နောက် ၉ရက်အကြာ ဇန်နဝါရီ ၂၄၊ ၁၉၆၅ ခုနှစ်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

 

“You will not find me alive at sunrise.”
Michel de Nostradamus (1503-1566)

Michel de Nostradamus ကတော့ ပြင်သစ်လူမျိုး သမားတော်တစ်ယောက်ဖြစ်ပြီး ၁၅၅၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သူရဲ့ စာအုပ် Les Propheties ကြောင့် လူသိများသူ ဖြစ်ပါတယ်။ ဒီစကားကိုတော့ သူမသေခင် တစ်ရက် ဂျူလိုင် ၁ ရက်နေ့ ၁၅၆၆ ခုနှစ်မှာ သူ့ရှဲ့Secretary Jean de Chavigny ကို ပြောခဲ့တာ ဖြစ်ပါတယ်။

 

 
You May Also Like : “ကမ္ဘာကျော် CEO တွေနှစ်သက်တဲ့စာအုပ် (၁၀) အုပ်

 

“Oh wow, oh wow, oh wow”
Steve Jobs (1955-2011)

ဆရာကြီး Steve Jobs ကတော့ မသိသူ မရှိသလောက် ဖြစ်ပြီး အမေရိကန်လူမျိုး လုပ်ငန်းရှင်လည်း ဖြစ်၊ Apple Inc ရဲ့ Co-founder လည်း ဖြစ်ပါတယ်။ ဒီစကားကိုတော့ အောက်တိုဘာ ၅ ရက် ၂၀၁၁ ခုနှစ် သူမသေဆုံးခင်လေးမှာ ပြောခဲ့တယ်လို့ သူ့ညီမ Mona Simpson က New York Times ကို ပြောကြားခဲ့ပါတယ်။ သူတို့ဆီမှာ ဒီစကားရဲ့ နောက်ကွယ်မှာ အဓိပ္ပါယ်ရှိတယ်လို့ မှန်းဆတဲ့ သူတွေ ရှိသလို ဒီတိုင်းပဲ သေခါနီးလူတစ်ယောက် ထင်ရာမြင်ရာပြောသွားတာလို့ ပြောတဲ့ သူတွေ ရှိပြီး ကျွန်တော်တို့ အခရာသူ အခရာသားတွေလည်း ဒီစကားရဲ့ နောက်ကွယ်ကို အတော်လေး စိတ်ဝင်စားကြပါတယ်။

 

“You see, this is how you die.”
Coco Chanel (1883-1971)

Coco Chanel ကတော့ ပြင်သစ်အမျိုးသမီး Fashion Designer လည်း ဟုတ်၊ လုပ်ငန်းရှင်လည်း ဟုတ်၊ Chanel Brand ကို တည်ထောင်ခဲ့သူလည်း ဟုတ်ပါတယ်။ ဒီစကားကိုတော့ Ritz Hotel မှာ နေထိုင်နေစဉ်အတွင်း  ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ သူ မသေဆုံးခင်မှာ သူ့ရဲ့ အိမ်အကူ Celine ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

“Last words are for fools who haven’t said enough.”
Karl Marx (1818-1883)

Karl Marx ကတော့ ဂျာမန်လူမျိုး အတွေးအခေါ်ပညာရှင်နဲ့ မာ့က်စ်ဝါဒ ထူထောင်သူ ဖခင်ကြီးပါ။ အပေါ်က စကားကိုတော့ မတ်လ ၁၄ရက်နေ့၊ ၁၈၈၃ မှာ သူ့ရဲ့ အစေခံက သူ့ကို နောက်ဆုံးစကား အနေနဲ့ ဘာပြောချင်သေးလဲ လို့ မေးတဲ့ အခါ သူပြန်အော်ဟစ်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကတော့ “Go on, get out! Last words are for fools who haven’t said enough!” ပါတဲ့။

 

ရိုးလူ (အခရာ)
www.akhayar.com

Ref : www.businessinsider.com