[Zawgyi]

ကမာၻအႏွံ႔က ထူးထူးဆန္းဆန္း အိမ္ေမြးတိရစာၦန္မ်ား

ကမာၻေပၚမွာ ထူးထူးဆန္းဆန္းတိရစာၦန္ေတြကို ေမြးၾကတဲ့လူေတြရွိပါတယ္။ တစ္ခါမွမစဥ္းစားဖူးတဲ့ တိရစာၦန္အဆန္းအျပားေတြကိုမွ အိမ္ေမြးတိရစာၦန္အျဖစ္ ေမြးၾကတာ အသည္းယားစရာပါေနာ္။ အသစ္အသစ္ေတြ ရွာေဖြရတာ ၀ါသနာပါတဲ့သူေတြအတြက္ ကမာၻေပၚမွာအေမြးအမ်ားဆံုး ေၾကာက္စရာအိမ္ေမြးတိရစာၦန္ေတြကို ၀ါသနာပါရင္ လိုက္ေမြးလို႔ရေအာင္ ေျပာျပလိုက္ပါဦးမယ္။

ေျမႊေဟာက္ (Cobra)

ေျမႊေဟာက္ (Cobra)

ေျမႊေဟာက္ (Cobra)

ေျမႊေဟာက္က ေၾကာက္စရာေကာင္းေပမယ့္ ကမာၻေပၚမွာ ေမြးေလ့ရွိၾကတဲ့ ထူးထူးဆန္းဆန္းတိရစာၦန္ပါ။ လူေတာ္ေတာ္မ်ားမ်ား ေၾကာက္တဲ့အေကာင္တစ္ေကာင္ကို ေမြးတယ္ဆိုေတာ့ ေတာ္ရံုသတၱိနဲ႔ေတာ့ မရပါဘူး။ အမ်ားဆံုး ၁၉လက္မအထိ ရွည္လ်ားၿပီး ေျမႊေဟာက္ကိုက္ရင္ မိနစ္အနညး္ငယ္အတြင္း ေသဆံုးႏုိင္တာေၾကာင့္ အမ်ားစုကေတာ့ အိမ္ေမြးတိရစာၦန္အျဖစ္ မသတ္မွတ္ေသးပါဘူးေနာ္။ ေမြးခ်င္ရင္ေတာ့ ေမြးလို႔ရပါတယ္။ ရုတ္တရက္ေပ်ာက္သြားရင္ေတာ့ ဘယ္နားသြားေခြေနမလဲ မသိတဲ့အတြက္ သတိထားပါဦး။

တာရန္က်ဴလာပင့္ကူ (Tarantula)

တာရန္က်ဴလာပင့္ကူ (Tarantula)

တာရန္က်ဴလာပင့္ကူ (Tarantula)

အေမြးထူထူ၊ ေျခေတြလက္ေတြအမ်ားႀကီးနဲ႔ ျမင္လုိက္ရင္ အသည္းယားစရာ ဒီပင့္ကူေတြ အိမ္ေမြးတိရစာၦန္အျဖစ္ ေမြးတဲ့လူေတြလည္း ရွိေသးတယ္ေနာ္။ သူတို႔က ႏူးညံ့တယ္။ ဒါေပမယ့္ ေၾကာက္စရာေတာ့ ေကာင္းတယ္။  အေမြးအမ်ားဆံုးမ်ိဳးစိတ္ကိုေတာ့ “Bird-eating” Spider လို႔ ေခၚၾကပါတယ္။ သူတို႔ရဲ႕ ေျခေတြလက္ေတြက ၈လက္မကေန ၁၀လက္မအထိ ရွည္လ်ားလာႏုိင္တယ္။ ဒါေပမယ့္ ခ်စ္တဲ့သူေတြကလည္း တယုတယေမြးၾကတာပါပဲ။

၀က္ (Pig)

၀က္ (Pig)

၀က္ (Pig)

ဒီႏုိင္ငံမွာကေတာ့ ၀က္ဆိုရင္ ေမြးျမဴေရးေတာ့ လုပ္ၾကပါတယ္။ ဒါေပမယ့္ အိမ္ေမြးတိရစာၦန္ေတာ့မဟုတ္ပါဘူး။ ႏိုင္ငံတကာမွာေတာ့ သူတို႔ေလးေတြဟာ လူေတြခ်စ္ခင္ၾကင္နာတာကို ခံရၿပီး အိမ္ေပၚမွာ ခန္႔ခန္႔ႀကီး ထိုင္ေနတတ္တဲ့တိရစာၦန္ေလးေတြပါ။ ၀က္အေသးစားေလးေတြကို ေမြးတာပိုမ်ားၿပီး တကယ္လို႔သာ ၀က္အႀကီးစားကို ေမြးမိမယ္ဆိုရင္ေတာ့ ေပါင္ ၂၀၀ေလာက္ထိ ၀တက္လာတဲ့ သူတို႔ကို ေစာင့္ေရွာက္ရေတာ့မွာေနာ္။ အခုေနာက္ပိုင္း ႏုိင္ငံတကာမွာ ၀က္ကေလးေတြကို ေမြးတာဟာ ဖက္ရွင္ေတာင္ ျဖစ္လာပါၿပီ။

လူ၀ံေမ်ာက္၀ံ (Primate)

လူ၀ံေမ်ာက္၀ံ (Primate)

လူ၀ံေမ်ာက္၀ံ (Primate)

ေမ်ာက္ေတြကိုေတာ့ ဒီႏုိင္ငံမွာလည္း အိမ္ေမြးတိရစာၦန္အျဖစ္ ေမြးၾကပါတယ္။ ဒါေပမယ့္ ေမြးတဲ့သူအမ်ားႀကီးေတာ့ မရွိပါဘူး။ သူတို႔က ကေလးေတြလိုပဲ ေနတတ္စားတတ္ေဆာ့တတ္ပါတယ္။ ဒါေပမယ့္ သူတို႔ လုပ္ခ်င္ရာလုပ္ၾကၿပီး ထိန္းခ်ဳပ္လို႔မရတဲ့အတြက္ေၾကာင့္မို႔လို႔ အိမ္မွာ တစ္ေကာင္တည္းလႊတ္ထားခဲ့လို႔ေတာ့ လြယ္မွာမဟုတ္ပါဘူး။ ေမ်ာက္ေတြကိုသာ အေမြးမ်ားၿပီး လူ၀ံေမ်ာက္၀ံေတြကို ေမြးတဲ့သူကေတာ့ ရွားပါေသးတယ္။ စိတ္၀င္စားရင္ေတာ့ ေမြးၾကည့္ႏုိင္ပါတယ္။

ခို (Pigeon)

ခို (Pigeon)

ခို (Pigeon)

ျမန္မာႏုိင္ငံကလူေတြက ခိုေတြနဲ႔ ရင္းႏွီးေနၾကေပမယ့္ အိမ္မွာေခၚေမြးေလာက္တဲ့အထိေတာ့ မခ်စ္ၾကဘူးထင္ပါတယ္။ ဒါေပမယ့္ ခိုေလးေတြဟာ တစ္နာရီမွာ ၈၀ကီလိုမီတာပ်ံႏုိင္ၿပီး ဥာဏ္ေကာင္းတဲ့တိရစာၦန္လို႔ သတ္မွတ္ထားၾကပါတယ္။ သခင္ သင္ေပးသမွ် လိုက္လုပ္တတ္ၿပီး ၾကက္တူေရြးေလးေတြ၊ ငွက္ေရာင္စံုေလးေတြေမြးသလိုပဲ ေလွာင္အိမ္ထဲထည့္ေမြးထားလို႔လည္း ရပါတယ္။

ဒါေတြကေတာ့ ကမာၻအႏွံ႔မွာ အိမ္ေမြးတိရစာၦန္အျဖစ္ ေမြးၾကတဲ့ ထူးထူးဆန္းဆန္းသတၱ၀ါေတြပါေနာ္။ သင္တို႔လည္း စိတ္၀င္စားရင္ လိုက္ေမြးၾကည့္လို႔ရပါတယ္။ သတိေတာ့ထားေပါ့။ ေတာ္ၾကာလြတ္သြားၿပီး လိုက္ကိုက္ေနမွ ဟုတ္ေပ့ျဖစ္ေနဦးမယ္။

Moethaesay (Akhayar)

[Unicode]

ကမ္ဘာအနှံ့က ထူးထူးဆန်းဆန်း အိမ်မွေးတိရစ္ဆာန်များ

ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်းတိရစ္ဆာန်တွေကို မွေးကြတဲ့လူတွေရှိပါတယ်။ တစ်ခါမှမစဉ်းစားဖူးတဲ့ တိရစ္ဆာန်အဆန်းအပြားတွေကိုမှ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးကြတာ အသည်းယားစရာပါနော်။ အသစ်အသစ်တွေ ရှာဖွေရတာ ဝါသနာပါတဲ့သူတွေအတွက် ကမ္ဘာပေါ်မှာအမွေးအများဆုံး ကြောက်စရာအိမ်မွေးတိရစ္ဆာန်တွေကို ဝါသနာပါရင် လိုက်မွေးလို့ရအောင် ပြောပြလိုက်ပါဦးမယ်။

မြွှေဟောက် (Cobra)

မြွှေဟောက် (Cobra)

မြွှေဟောက် (Cobra)

မြွှေဟောက်က ကြောက်စရာကောင်းပေမယ့် ကမ္ဘာပေါ်မှာ မွေးလေ့ရှိကြတဲ့ ထူးထူးဆန်းဆန်းတိရစ္ဆာန်ပါ။ လူတော်တော်များများ ကြောက်တဲ့အကောင်တစ်ကောင်ကို မွေးတယ်ဆိုတော့ တော်ရုံသတ္တိနဲ့တော့ မရပါဘူး။ အများဆုံး ၁၉လက်မအထိ ရှည်လျားပြီး မြွှေဟောက်ကိုက်ရင် မိနစ်အနည်းငယ်အတွင်း သေဆုံးနိုင်တာကြောင့် အများစုကတော့ အိမ်မွေးတိရစ္ဆာန်အဖြစ် မသတ်မှတ်သေးပါဘူးနော်။ မွေးချင်ရင်တော့ မွေးလို့ရပါတယ်။ ရုတ်တရက်ပျောက်သွားရင်တော့ ဘယ်နားသွားခွေနေမလဲ မသိတဲ့အတွက် သတိထားပါဦး။

တာရန်ကျူလာပင့်ကူ (Tarantula)

တာရန်ကျူလာပင့်ကူ (Tarantula)

တာရန်ကျူလာပင့်ကူ (Tarantula)

အမွေးထူထူ၊ ခြေတွေလက်တွေအများကြီးနဲ့ မြင်လိုက်ရင် အသည်းယားစရာ ဒီပင့်ကူတွေ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးတဲ့လူတွေလည်း ရှိသေးတယ်နော်။ သူတို့က နူးညံ့တယ်။ ဒါပေမယ့် ကြောက်စရာတော့ ကောင်းတယ်။ အမွေးအများဆုံးမျိုးစိတ်ကိုတော့ “Bird-eating” Spider လို့ ခေါ်ကြပါတယ်။ သူတို့ရဲ့ ခြေတွေလက်တွေက ၈လက်မကနေ ၁၀လက်မအထိ ရှည်လျားလာနိုင်တယ်။ ဒါပေမယ့် ချစ်တဲ့သူတွေကလည်း တယုတယမွေးကြတာပါပဲ။

ဝက် (Pig)

ဝက် (Pig)

ဝက် (Pig)

ဒီနိုင်ငံမှာကတော့ ဝက်ဆိုရင် မွေးမြူရေးတော့ လုပ်ကြပါတယ်။ ဒါပေမယ့် အိမ်မွေးတိရစ္ဆာန်တော့မဟုတ်ပါဘူး။ နိုင်ငံတကာမှာတော့ သူတို့လေးတွေဟာ လူတွေချစ်ခင်ကြင်နာတာကို ခံရပြီး အိမ်ပေါ်မှာ ခန့်ခန့်ကြီး ထိုင်နေတတ်တဲ့တိရစ္ဆာန်လေးတွေပါ။ ဝက်အသေးစားလေးတွေကို မွေးတာပိုများပြီး တကယ်လို့သာ ဝက်အကြီးစားကို မွေးမိမယ်ဆိုရင်တော့ ပေါင် ၂၀၀လောက်ထိ ဝတက်လာတဲ့ သူတို့ကို စောင့်ရှောက်ရတော့မှာနော်။ အခုနောက်ပိုင်း နိုင်ငံတကာမှာ ဝက်ကလေးတွေကို မွေးတာဟာ ဖက်ရှင်တောင် ဖြစ်လာပါပြီ။

လူဝံမျောက်ဝံ (Primate)

လူဝံမျောက်ဝံ (Primate)

လူဝံမျောက်ဝံ (Primate)

မျောက်တွေကိုတော့ ဒီနိုင်ငံမှာလည်း အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးကြပါတယ်။ ဒါပေမယ့် မွေးတဲ့သူအများကြီးတော့ မရှိပါဘူး။ သူတို့က ကလေးတွေလိုပဲ နေတတ်စားတတ်ဆော့တတ်ပါတယ်။ ဒါပေမယ့် သူတို့ လုပ်ချင်ရာလုပ်ကြပြီး ထိန်းချုပ်လို့မရတဲ့အတွက်ကြောင့်မို့လို့ အိမ်မှာ တစ်ကောင်တည်းလွှတ်ထားခဲ့လို့တော့ လွယ်မှာမဟုတ်ပါဘူး။ မျောက်တွေကိုသာ အမွေးများပြီး လူဝံမျောက်ဝံတွေကို မွေးတဲ့သူကတော့ ရှားပါသေးတယ်။ စိတ်ဝင်စားရင်တော့ မွေးကြည့်နိုင်ပါတယ်။

ခို (Pigeon)

ခို (Pigeon)

ခို (Pigeon)

မြန်မာနိုင်ငံကလူတွေက ခိုတွေနဲ့ ရင်းနှီးနေကြပေမယ့် အိမ်မှာခေါ်မွေးလောက်တဲ့အထိတော့ မချစ်ကြဘူးထင်ပါတယ်။ ဒါပေမယ့် ခိုလေးတွေဟာ တစ်နာရီမှာ ၈၀ကီလိုမီတာပျံနိုင်ပြီး ဉာဏ်ကောင်းတဲ့တိရစ္ဆာန်လို့ သတ်မှတ်ထားကြပါတယ်။ သခင် သင်ပေးသမျှ လိုက်လုပ်တတ်ပြီး ကြက်တူရွေးလေးတွေ၊ ငှက်ရောင်စုံလေးတွေမွေးသလိုပဲ လှောင်အိမ်ထဲထည့်မွေးထားလို့လည်း ရပါတယ်။

ဒါတွေကတော့ ကမ္ဘာအနှံ့မှာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးကြတဲ့ ထူးထူးဆန်းဆန်းသတ္တဝါတွေပါနော်။ သင်တို့လည်း စိတ်ဝင်စားရင် လိုက်မွေးကြည့်လို့ရပါတယ်။ သတိတော့ထားပေါ့။ တော်ကြာလွတ်သွားပြီး လိုက်ကိုက်နေမှ ဟုတ်ပေ့ဖြစ်နေဦးမယ်။

Moethaesay (Akhayar)