[Zawgyi]

DC ရဲ့ “Blackhawk” ကို ဒါရုိက္တာၾကီး Steven Spielberg နဲ႔ ရိုက္ကူးရန္ စီစဥ္ေန

Steven Spielberg ကေတာ့ DC Universe ၾကီးထဲကို ခ်ဥ္းနင္းဝင္ေရာက္ဖို႔ ရွိေနပါျပီ။ Warner Bros. ဟာ ျပီးခဲ့တဲ့ အဂါၤေန႔က DC ရဲ့ “Blackhawk” ကို Spielberg နဲ႔ ရိုက္ကူးဖို႔ လက္မွတ္ထိုးလိုက္ျပီလို႔ ေၾကညာခဲ့ပါတယ္။

Spielberg ကလည္း ဒီသေဘာတူညီမႈအတြက္ စိတ္လႈပ္ရွားေနတယ္လို႔ ဆိုခဲ့ပါတယ္။ ဒါ့အျပင္ “Jurassic Park” ၊ “Spider-Man” ၊ “Indiana Jones and the Kingdom of the Crystal Skull” တို႔ရဲ့ ဇာတ္ညႊန္းဆရာ David Koepp က Blackhawk ရဲ့ ဇာတ္ညႊန္းကို ေရးေပးပါလိမ့္မယ္။

“Blackhawk” ဟာ Spielberg လုပ္ခ်င္တဲ့ Project ေတြထဲက တစ္ခုျဖစ္ျပီး ပဥၥမေျမာက္ Indiana Jones ဇာတ္ကားနဲ႔ West Side Story တို႔လို ဇာတ္ကားေတြဟာလည္း သူလုပ္ခ်င္တဲ့ Project ေတြထဲမွာ ပါပါတယ္။ Spielberg ဟာ တကယ့္ကို ဇာတ္ကားေကာင္းေတြ ဖန္တီးခဲ့သူျဖစ္ျပီး မနွစ္က Tom Hanks နဲ႔ Meryl Streep တုိ႔ ပါဝင္ထားတဲ့ “The Post” နဲ႔ “Ready Player One” တို႔လို ဇာတ္ကားေတြ ရုိက္ကူးခဲ့သူ ျဖစ္ပါတယ္။

ဒါေၾကာင့္ “Blackhawk” ကို ဘယ္လို ရုိက္ျပမယ္ စိတ္ဝင္စားေနတဲ့သူေတြအတြက္ ဝမ္းနည္းစရာေကာင္းတာ တစ္ခုကေတာ့ ရုိက္ဖို႔ေတာ့ အခုထိ အသင့္မျဖစ္ေသးဘဲ နည္းနည္းလိုပါေသးတယ္ဆိုတာပါပဲ။ အခုထိ စရုိက္မယ့္ေန႔ေရာ၊ ျပသမယ့္ရက္ေရာ မသိရေသးဘဲ Warner Bros. မွာလည္း တျခား DC Projects ေတြ တန္းစီရွိေနေသးတဲ့အတြက္ ေစာင့္ရဦးမွာ ျဖစ္ပါေၾကာင္း။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

DC ရဲ့ “Blackhawk” ကို ဒါရိုက်တာကြီး Steven Spielberg နဲ့ ရိုက်ကူးရန် စီစဉ်နေ

Steven Spielberg ကတော့ DC Universe ကြီးထဲကို ချဉ်းနင်းဝင်ရောက်ဖို့ ရှိနေပါပြီ။ Warner Bros. ဟာ ပြီးခဲ့တဲ့ အဂါၤနေ့က DC ရဲ့ “Blackhawk” ကို Spielberg နဲ့ ရိုက်ကူးဖို့ လက်မှတ်ထိုးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

Spielberg ကလည်း ဒီသဘောတူညီမှုအတွက် စိတ်လှုပ်ရှားနေတယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် “Jurassic Park” ၊ “Spider-Man” ၊ “Indiana Jones and the Kingdom of the Crystal Skull” တို့ရဲ့ ဇာတ်ညွှန်းဆရာ David Koepp က Blackhawk ရဲ့ ဇာတ်ညွှန်းကို ရေးပေးပါလိမ့်မယ်။

“Blackhawk” ဟာ Spielberg လုပ်ချင်တဲ့ Project တွေထဲက တစ်ခုဖြစ်ပြီး ပဉ္စမမြောက် Indiana Jones ဇာတ်ကားနဲ့ West Side Story တို့လို ဇာတ်ကားတွေဟာလည်း သူလုပ်ချင်တဲ့ Project တွေထဲမှာ ပါပါတယ်။ Spielberg ဟာ တကယ့်ကို ဇာတ်ကားကောင်းတွေ ဖန်တီးခဲ့သူဖြစ်ပြီး မနှစ်က Tom Hanks နဲ့ Meryl Streep တို့ ပါဝင်ထားတဲ့ “The Post” နဲ့ “Ready Player One” တို့လို ဇာတ်ကားတွေ ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့် “Blackhawk” ကို ဘယ်လို ရိုက်ပြမယ် စိတ်ဝင်စားနေတဲ့သူတွေအတွက် ဝမ်းနည်းစရာကောင်းတာ တစ်ခုကတော့ ရိုက်ဖို့တော့ အခုထိ အသင့်မဖြစ်သေးဘဲ နည်းနည်းလိုပါသေးတယ်ဆိုတာပါပဲ။ အခုထိ စရိုက်မယ့်နေ့ရော၊ ပြသမယ့်ရက်ရော မသိရသေးဘဲ Warner Bros. မှာလည်း တခြား DC Projects တွေ တန်းစီရှိနေသေးတဲ့အတွက် စောင့်ရဦးမှာ ဖြစ်ပါကြောင်း။

Yoe Lu (Akhayar)

www.akhayar.com