[Zawgyi]

အန္ဇြန္ဇီ Nzonzi ကို ေခၚယူခဲ႔တဲ႔ ႐ိုးမား

စီးရီးေအကလပ္ ႐ိုးမားအသင္းဟာ ဆီဗီလာအသင္းရဲ႕ ျပင္သစ္ကြင္းလယ္လူ အန္ဇြန္ဇီ Nzonzi ကိုေခၚယူႏိုင္ခဲ႔ပါတယ္။ ႐ိုးမားအသင္းဟာ အန္ဇြန္ဇီ Nzonzi ကိုေျပာင္းေရႊ႕ေၾကးေပါင္(၂၃.၇)သန္းနဲ႔ေခၚယူခဲ႔တာ ျဖစ္သလိုေျခစြမ္းနဲ႔စြမ္းေဆာင္ရည္အေပၚမူတည္ျပီး add-ons ေၾကးအျဖစ္ ေပါင္(၃.၆)သန္းထပ္မံေပးေခ် သြားရမွာပဲျဖစ္ပါတယ္။ ႐ိုးမားအသင္းဟာ ႏိုင္ဂိုလန္ Nainggolan ရဲ႕ေနရာမွာ အန္ဇြန္ဇီ Nzonzi နဲ႔ျပန္လည္အစားထိုးခဲ႔ျခင္းျဖစ္ျပီး အန္ဇြန္ဇီ Nzonzi ကို(၄)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ႔ပါတယ္။ အန္ဇြန္ဇီ Nzonzi ဟာ ႐ိုးမားအသင္းမွာ ေက်ာနံပါတ္(၄၂)ကို၀တ္ဆင္ကစားသြားမွာပါ။

Steven-Nzonzi-and-Monchi

Steven-Nzonzi-and-Monchi

အသက္(၂၉)ႏွစ္အရြယ္ရိွျပီျဖစ္သူ အန္ဇြန္ဇီ Nzonzi ဟာ ပရီးမီးယားလိဂ္အသင္းေတြျဖစ္တဲ႔ ဘလက္ဘန္း ၊ စတုတ္စီးတီးအသင္းေတြမွာ ကစားဖူးသူျဖစ္ျပီး ဆီဗီလာအသင္းမွာေတာ႔ ေဘာလံုးရာသီ(၃)ရာသီၾကာ ျဖတ္သန္းခဲ႔သလို ယူ႐ိုပါလိဂ္ခ်န္ပီယံဆုကိုရရိွခဲ႔ပါတယ္။ ျပီးခဲ႔တဲ႔ ၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲမွာလည္း အန္ဇြန္ဇီ Nzonzi ဟာ ျပင္သစ္အသင္းနဲ႔အတူ ကမၻာ႔ဖလားခ်န္ပီယံဆုကိုရရိွခဲ႔ပါတယ္။ အန္ဇြန္ဇီ Nzonzi အေနနဲ႔ ႐ိုးမားအသင္းမွာ ေျခစြမ္းျပကစားႏိုင္မလားဆိုတာကိုေတာ႔ ေစာင္႔ၾကည္႔သြားရမွာပါ။

REF: BBC Sport
Photo: AS Roma English Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အန်ဇွန်ဇီ Nzonzi ကို ခေါ်ယူခဲ့တဲ့ ရိုးမား

စီးရီးအေကလပ် ရိုးမားအသင်းဟာ ဆီဗီလာအသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ အန်ဇွန်ဇီ Nzonzi ကိုခေါ်ယူနိုင်ခဲ့ပါတယ်။ ရိုးမားအသင်းဟာ အန်ဇွန်ဇီ Nzonzi ကိုပြောင်းရွှေ့ကြေးပေါင်(၂၃.၇)သန်းနဲ့ခေါ်ယူခဲ့တာ ဖြစ်သလိုခြေစွမ်းနဲ့စွမ်းဆောင်ရည်အပေါ်မူတည်ပြီး add-ons ကြေးအဖြစ် ပေါင်(၃.၆)သန်းထပ်မံပေးချေ သွားရမှာပဲဖြစ်ပါတယ်။ ရိုးမားအသင်းဟာ နိုင်ဂိုလန် Nainggolan ရဲ့နေရာမှာ အန်ဇွန်ဇီ Nzonzi နဲ့ပြန်လည်အစားထိုးခဲ့ခြင်းဖြစ်ပြီး အန်ဇွန်ဇီ Nzonzi ကို(၄)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အန်ဇွန်ဇီ Nzonzi ဟာ ရိုးမားအသင်းမှာ ကျောနံပါတ်(၄၂)ကိုဝတ်ဆင်ကစားသွားမှာပါ။

Steven-Nzonzi-and-Monchi

Steven-Nzonzi-and-Monchi

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ အန်ဇွန်ဇီ Nzonzi ဟာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ဘလက်ဘန်း ၊ စတုတ်စီးတီးအသင်းတွေမှာ ကစားဖူးသူဖြစ်ပြီး ဆီဗီလာအသင်းမှာတော့ ဘောလုံးရာသီ(၃)ရာသီကြာ ဖြတ်သန်းခဲ့သလို ယူရိုပါလိဂ်ချန်ပီယံဆုကိုရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အန်ဇွန်ဇီ Nzonzi ဟာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကိုရရှိခဲ့ပါတယ်။ အန်ဇွန်ဇီ Nzonzi အနေနဲ့ ရိုးမားအသင်းမှာ ခြေစွမ်းပြကစားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။

REF: BBC Sport
Photo: AS Roma English Twitter
Ko Kyue(Akhayar)
www.akhayar.com