[Zawgyi]

စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္နည္းျပသစ္ ျဖစ္လာတဲ့ ဂ်ရတ္ Gerrard

လီဗာပူးလ္ဂႏၳဝင္ အသင္းေခါင္းေဆာင္ေဟာင္း ဂ်ရတ္ Gerrard ဟာ စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္အသင္းကို နည္းျပအျဖစ္တာဝန္ယူေတာ့မွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ရိန္းဂ်ားစ္အသင္းနဲ႔ သေဘာတူညီမႈရရွိခဲ့ၿပီး ေလးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။ လီဗာပူးလ္ကြင္းလယ္မွာ တြဲဖက္ကစားခဲ့တဲ့ စေကာ့တလန္ကစားသမား မက္အလစၥတာ McAllister ကေတာ့ လက္ေထာက္နည္းျပအျဖစ္ တာဝန္ယူသြားမွာျဖစ္ေၾကာင္း ဂ်ရတ္က အတည္ေပးခဲ့ပါတယ္။ နည္းျပသစ္ျဖစ္လာၿပီးေနာက္ အသင္းရဲ႕ ပရိသတ္ေတြကို ေပ်ာ္ရႊင္မႈ ရရွိေအာင္ အေကာင္းဆံုးစြမ္းေဆာင္ေပးသြားမွာ ျဖစ္တယ္လို႔ ဂ်ရတ္ကေျပာၾကားခဲ့ပါတယ္။ ရိန္းဂ်ားစ္အသင္းဟာ နည္းျပေဟာင္း ဂေရးမီးမာတီ Graeme Murty ရဲ႕ ေနရာမွာ လီဗာပူးလ္ ယူ-၁၈ နည္းျပ ဂ်ရတ္ကို နည္းျပအျဖစ္ ခန္႔အပ္ခဲ့တာ ျဖစ္ပါတယ္။ ရိန္းဂ်ားစ္အသင္း ပရိသတ္ေတြကလည္း ဂ်ရတ္ကို လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုခဲ့ၾကၿပီး နည္းျပသစ္ မိတ္ဆက္ပြဲကို ပရိသတ္ (၇၀၀၀)ခန္႔ တက္ေရာက္အားေပးခဲ့ပါတယ္။

Steven-Gerrard-is-Unveiled-as-the-New-Manager-at-Rangers (1)

Steven-Gerrard-is-Unveiled-as-the-New-Manager-at-Rangers (1)

၂၀၁၆ ခုႏွစ္မွာ LA ဂလက္စီအသင္းက ထြက္ခြာၿပီး ကစားသမားဘဝကေန နည္းျပဘဝ ကူးေျပာင္းခဲ့တဲ့ ဂ်ရတ္ဟာ လီဗာပူးလ္ယူ-၁၈ အသင္းကို ကိုင္တြယ္ေနတာျဖစ္ၿပီး အသင္းကို အမွတ္ေပးဇယား တတိယေနရာမွာ ရပ္တည္ႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ လီဗာပူးလ္လူငယ္အသင္းကို ရလဒ္ေကာင္းေတြ ရရွိေအာင္ စြမ္းေဆာင္ေပးထားတဲ့ ဂ်ရတ္ကို အဂၤလန္လိဂ္-၁ ကလပ္ MK ဒြန္းစ္အသင္းက ကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ပယ္ခ်ခဲ့ၿပီး ရိန္းဂ်ားစ္အသင္း နည္းျပရာထူးကို ရယူခဲ့တာျဖစ္ပါတယ္။ ဂ်ရတ္ဟာ ရိန္းဂ်ားစ္အသင္းကို အခုႏွစ္ေဘာလံုးရာသီအကုန္မွာ စတင္ကိုင္တြယ္သြားမွာျဖစ္ၿပီး ကစားသမားဘဝမွာ ေအာင္ျမင္မႈေတြရရွိခဲ့လို နည္းျပဘဝမွာေကာ အသင္းကို ေအာင္ျမင္မႈေတြရရွိေအာင္ စြမ္းေဆာင္ေပးသြားႏိုင္မလားဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါတယ္။

REF:BBC
Photo:Mirror
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

စကော့တလန်ကလပ် ရိန်းဂျားစ်နည်းပြသစ် ဖြစ်လာတဲ့ ဂျရတ် Gerrard

လီဗာပူးလ်ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း ဂျရတ် Gerrard ဟာ စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းကို နည်းပြအဖြစ်တာဝန်ယူတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ရိန်းဂျားစ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီး လေးနှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကွင်းလယ်မှာ တွဲဖက်ကစားခဲ့တဲ့ စကော့တလန်ကစားသမား မက်အလစ္စတာ McAllister ကတော့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူသွားမှာဖြစ်ကြောင်း ဂျရတ်က အတည်ပေးခဲ့ပါတယ်။ နည်းပြသစ်ဖြစ်လာပြီးနောက် အသင်းရဲ့ ပရိသတ်တွေကို ပျော်ရွှင်မှု ရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးသွားမှာ ဖြစ်တယ်လို့ ဂျရတ်ကပြောကြားခဲ့ပါတယ်။ ရိန်းဂျားစ်အသင်းဟာ နည်းပြဟောင်း ဂရေးမီးမာတီ Graeme Murty ရဲ့ နေရာမှာ လီဗာပူးလ် ယူ-၁၈ နည်းပြ ဂျရတ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ရိန်းဂျားစ်အသင်း ပရိသတ်တွေကလည်း ဂျရတ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး နည်းပြသစ် မိတ်ဆက်ပွဲကို ပရိသတ် (၇၀၀၀)ခန့် တက်ရောက်အားပေးခဲ့ပါတယ်။

Steven-Gerrard-is-Unveiled-as-the-New-Manager-at-Rangers (1)

Steven-Gerrard-is-Unveiled-as-the-New-Manager-at-Rangers (1)

၂၀၁၆ ခုနှစ်မှာ LA ဂလက်စီအသင်းက ထွက်ခွာပြီး ကစားသမားဘဝကနေ နည်းပြဘဝ ကူးပြောင်းခဲ့တဲ့ ဂျရတ်ဟာ လီဗာပူးလ်ယူ-၁၈ အသင်းကို ကိုင်တွယ်နေတာဖြစ်ပြီး အသင်းကို အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်လူငယ်အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးထားတဲ့ ဂျရတ်ကို အင်္ဂလန်လိဂ်-၁ ကလပ် MK ဒွန်းစ်အသင်းက ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ပယ်ချခဲ့ပြီး ရိန်းဂျားစ်အသင်း နည်းပြရာထူးကို ရယူခဲ့တာဖြစ်ပါတယ်။ ဂျရတ်ဟာ ရိန်းဂျားစ်အသင်းကို အခုနှစ်ဘောလုံးရာသီအကုန်မှာ စတင်ကိုင်တွယ်သွားမှာဖြစ်ပြီး ကစားသမားဘဝမှာ အောင်မြင်မှုတွေရရှိခဲ့လို နည်းပြဘဝမှာကော အသင်းကို အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးသွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

REF:BBC
Photo:Mirror
Aung Kyaw Wai(Akhayar)
www.akhayar.com