[Zawgyi]

Steve Wozniak ဟာ Education Platform ‘Woz U’ ကုိ ေၾကညာလုိက္ၿပီ

Apple ရဲ႕ အေစာပုိင္းကာလေတြမွာ Steve Jobs နဲ႔ ဆုိးအတူေကာင္းဖက္ရပ္တည္လာခဲ့တဲ့ Steve Wozniak ဟာ အခုဆုိရင္ ဘယ္သူမွ ထင္မွတ္မထားတဲ့ ေျခလွမ္းသစ္တစ္ခု စတင္လုိက္ပါၿပီ။ အဲဒါကေတာ့ လူငယ္လူရြယ္ေတြကုိ နည္းပညာနဲ႔ ပတ္သက္ၿပီး Online ကေန ပုိ႔ခ်ေပးတဲ့ ‘Woz U’ ဆုိတဲ့ Education Platform ကုိ တည္ေထာင္လုိက္တာပါ။ Subcribe လုပ္ရုံနဲ႔  Website မွာပဲ အဆင္သင့္သင္ၾကားႏုိင္မယ့္ အေနအထားပါ။

“ကြ်န္ေတာ္တုိ႔ရည္ရြယ္ခ်က္က လူငယ္ေမာင္မယ္ေတြကုိ နည္းပညာနဲ႔ ပတ္သက္ၿပီး အသက္ေမြးဝမ္းေၾကာင္းႏုိင္ေအာင္ သင္ၾကားေပးခ်င္လုိ႔ပါ။ လူေတြက နည္းပညာအလုပ္ဆုိရင္ မျဖစ္ႏုိင္ဘူးလုိ႔ ထင္ၿပီး ေၾကာက္ၾကတယ္ေလ။ သူတုိ႔ရပ္တည္ႏုိင္မယ္လုိ႔ ကြ်န္ေတာ္ ယုံၾကည္တယ္။ ကြ်န္ေတာ့္သက္တမ္းတစ္ေလ်ွာက္လုံး နည္းပညာနယ္ပယ္မွာပဲ ရပ္တည္ခဲ့တာ။ အခုခ်ိန္မွာေတာ့ လမ္းသစ္ေဖာက္ခ်င္တဲ့ လူငယ္ေတြအတြက္ Woz U ရွိေနပါၿပီ” လုိ႔ နည္းပညာကေဝႀကီး Steve Wozniak က ဆုိသြားပါတယ္။


Woz U ဟာ လူငယ္ေတြနဲ႔ ကုမၸဏီဝန္ထမ္းေတြကုိ ပစ္မွတ္ထားသြားဖယ္ရွိၿပီး သင္ၾကားတတ္ေျမာက္သြားတဲ့ လူငယ္ေတြကုိ အလုပ္အကုိင္ေတြကုိပါ ဖန္တီးေပးဖုိ႔ ရည္ရြယ္ထားပါတယ္။ Website မွာ ေလ့လာႏုိင္ရုံမက Application နဲ႔လည္း သင္ၾကားသြားမွာျဖစ္ၿပီး အလုပ္ေခၚခ်င္တဲ့ ကုမၸဏီေတြအေနနဲ႔ Job Offer ကုိလည္း ထည့္သြင္းထားပါေသးတယ္။ အသုံးျပဳခ်င္သူေတြအေနနဲ႔ ေစ်းႏႈန္းနဲ႔ ပတ္သက္ၿပီး အေသးစ္ိတ္မေၾကညာေသးပါဘူး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Steve Wozniak ဟာ Education Platform ‘Woz U’ ကို ကြေညာလိုက်ပြီ

Apple ရဲ့ အစောပိုင်းကာလတွေမှာ Steve Jobs နဲ့ ဆိုးအတူကောင်းဖက်ရပ်တည်လာခဲ့တဲ့ Steve Wozniak ဟာ အခုဆိုရင် ဘယ်သူမှ ထင်မှတ်မထားတဲ့ ခြေလှမ်းသစ်တစ်ခု စတင်လိုက်ပါပြီ။ အဲဒါကတော့ လူငယ်လူရွယ်တွေကို နည်းပညာနဲ့ ပတ်သက်ပြီး Online ကနေ ပို့ချပေးတဲ့ ‘Woz U’ ဆိုတဲ့ Education Platform ကို တည်ထောင်လိုက်တာပါ။ Subcribe လုပ်ရုံနဲ့  Website မှာပဲ အဆင်သင့်သင်ကြားနိုင်မယ့် အနေအထားပါ။

“ကျွန်တော်တို့ရည်ရွယ်ချက်က လူငယ်မောင်မယ်တွေကို နည်းပညာနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကြောင်းနိုင်အောင် သင်ကြားပေးချင်လို့ပါ။ လူတွေက နည်းပညာအလုပ်ဆိုရင် မဖြစ်နိုင်ဘူးလို့ ထင်ပြီး ကြောက်ကြတယ်လေ။ သူတို့ရပ်တည်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော့်သက်တမ်းတစ်လျှောက်လုံး နည်းပညာနယ်ပယ်မှာပဲ ရပ်တည်ခဲ့တာ။ အခုချိန်မှာတော့ လမ်းသစ်ဖောက်ချင်တဲ့ လူငယ်တွေအတွက် Woz U ရှိနေပါပြီ” လို့ နည်းပညာကဝေကြီး Steve Wozniak က ဆိုသွားပါတယ်။


Woz U ဟာ လူငယ်တွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ပစ်မှတ်ထားသွားဖယ်ရှိပြီး သင်ကြားတတ်မြောက်သွားတဲ့ လူငယ်တွေကို အလုပ်အကိုင်တွေကိုပါ ဖန်တီးပေးဖို့ ရည်ရွယ်ထားပါတယ်။ Website မှာ လေ့လာနိုင်ရုံမက Application နဲ့လည်း သင်ကြားသွားမှာဖြစ်ပြီး အလုပ်ခေါ်ချင်တဲ့ ကုမ္ပဏီတွေအနေနဲ့ Job Offer ကိုလည်း ထည့်သွင်းထားပါသေးတယ်။ အသုံးပြုချင်သူတွေအနေနဲ့ ဈေးနှုန်းနဲ့ ပတ်သက်ပြီး အသေးစိတ်မကြေညာသေးပါဘူး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com