Apple ၊ Google နဲ့ Facebook ကုမ္ပဏီသုံးခုစလုံးဟာ အကြီးကျယ်ဆုံး နည်းပညာကုမ္ပဏီကြီးတွေဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ငြင်းလို့ မရပါဘူး။ ကုမ္ပဏီသုံးခုစလုံးက မတူညီတဲ့ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေနဲ့ ပရိသတ်အခိုင်အမာရှိပါတယ်။ အနာဂတ်မှာလည်း သူတို့သာ ဈေးကွက်ဝေစုကို အများဆုံးသိမ်းပိုက်နို်င်မယ့် ကုမ္ပဏီတွေပါ။ USAToday နဲ့ အင်တာဗျူးမှာ Wozniak က Apple, nike air max homme pas cher Google နဲ့ Facebook ကုမ္ပဏီသုံးခုစလုံးက ငွေကြေးအင်အားတောင့်တင်း ခိုင်မာကြပါတယ်။ ၂၀၇၅ ခုနှစ်မတိုင်ခင် ဒီကုမ္ပဏီတွေ ဒေဝါလီခံသွားစရာအကြောင်းမရှိပါ ဘူး။ ၁၉၁၁ ခုနှစ်က စတင်ခဲ့တဲ့ IBM လိုမျိုး Apple က သက်တမ်းရှည်ကြာမယ့်ကုမ္ပဏီပါ။ Apple ရဲ့ငွေကြေးပမာဏကိုလည်း ကြည့်ပါဦး။ ၂၄၆.၁ ဘီလီယံလောက်ရှိပါတယ်။ ဒါက ဘယ်နေရာမှာမဆိုရင်းနှီးနိုင်တဲ့ ပမာဏတစ်ခုပါ။ သူတို့ရဲ့ အကြီးကျယ်ဆုံးအောင်မြင်မှုတွေကို ၂၀၇၅ ခုနှစ်မှာ တွေ့ရပါမယ်။ Google နဲ့ Facebook လည်း အလားတူပါပဲ။ Steve Wozniak က ကန္တာရဒေသမှာ တည်ရှိနေကြတဲ့ မြို့တွေဟာ တစ်မျိုးတစ်ဖုံဆန်းသစ်လာနိုင်ကြောင်းကိုလည်း ဟောကိန်းထုတ်ခဲ့သေးသလို နောက်ပိုင်းခေတ်မှာ နည်းပညာတွေရဲ့ လွှမ်းမိုးမှုကြောင့် ကျွန်တော်တို့ရဲ့လူနေမှုဘဝတွေ ပိုမိုသက်တောင့်သက်သာဖြစ်လာနိုင်ကြောင်းကိုလည်း ခန့်မှန်းပြောဆိုခဲ့ပါတယ်။ AI တွေပိုမိုကြီးထွားလာနိုင်သလို အခန်းကျဉ်းလေးတစ်ခုကနေ အဆီးအတားမရှိ ကမ္ဘာကြီးကို ဆက်သွယ်နိုင်ပြီး တစ်ကိုယ်ဖျော်ဖြေမှုအပြည့်အဝ ခံစားကြရပါမယ်လို့လည်းပြောကြားခဲ့ပါတယ်။ တိတိကျကျ ဟောကိန်းထုတ်သွားတာကတော့ ၂၀၇၅ ခုနှစ်မှာတော့ Facebook,