[Zawgyi] 

Apple ရဲ႕ CEO Steve Jobs ကိုယ္တိုင္ စင္ျမင့္ေပၚမွာ iMac ေတြကို ဂုဏ္ယူစြာမိ္တ္ဆက္ခဲ့တာ အခုဆိုရင္ေတာ့ အႏွစ္ႏွစ္ဆယ္ ျပည့္သြားပါၿပီ။ ၁၉၉၈ ခုႏွစ္မွာ iMac ေတြက သမိုင္းမွတ္တိုင္တစ္ခုကို စိုက္ႏိုင္ခဲ့ပါတယ္။ iMac ဆိုတဲ့နာမည္တစ္ခုဆိုတာထက္ Apple ရဲ႕ အမွတ္အသားတစ္ခုအျဖစ္ အခုအခ်ိန္အထိ ထုတ္လုပ္ေနေသးတဲ့ ထုတ္ကုန္တစ္ခုလည္း ျဖစ္ပါတယ္။

Steve Jobs With iMac G3

Apple က ဘယ္လိုကုမၸဏီလဲဆိုတာကို ထင္ရွားေစခဲ့တာ iMac ေတြပါ။ ၁၉၉၀ ျပည့္ႏွစ္ဝန္းက်င္ေတြမွာ ေခတ္စားခဲ့တဲ့ Translucent ပလပ္စတစ္ကိုယ္ထည္ Design ကိုသံုးထားတာေၾကာင့္ အတြင္းပိုင္းပစၥည္းေတြကို တစ္ဝက္တစ္ပ်က္ထြင္းေဖာက္ျမင္ႏိုင္ပါတယ္။ အေရာင္ေတြကလည္း သၾကားလံုးေလးေတြလို ေတာက္ေတာက္ပပ ရွိတာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားရဲ႕စိတ္ကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ ၾကက္ဥပံု ကြန္ပ်ဴတာ Design လို႔လည္း ေစ်းကြက္ထဲမွာ နာမည္တြင္ခဲ့ပါေသးတယ္။

iMac G3 in 5 Colors

iMac ေတြကို နာမည္ႀကီးသြားေစတဲ့အခ်က္က သာမန္ ကြန္ပ်ဴတာေတြမွာပါတဲ့ အေပါက္ေတြ၊ Floopy Drive Slot စတာေတြကို ျဖဳတ္ပစ္ခဲ့တာေၾကာင့္ပါ။ iPhone 7 မွာ 3.5 mm Headphone Port ကိုျဖဳတ္လိုက္သလိုပါပဲ။ သာမန္ကြန္ပ်ဴတာနယ္ပယ္ထဲကေန ကြဲထြက္ေနခဲ့တဲ့ iMac ေတြက တစ္ကယ္တမ္းေရာင္းခ်တဲ့အခ်ိန္မွာေတာ့ Windows PC ေတြနဲ႔ ေစ်းကြက္ယွဥ္ၿပိဳင္ခဲ့ရပါတယ္။ ေခေဟာင္းနည္းပညာေတြကို ပယ္ခ်တဲ့အထဲက အၿမဲ Apple ကဦးေဆာင္ခဲ့ပါတယ္။ အခုေနာက္ပိုင္း MacBook ေတြမွာလည္း သာမန္ USB ေပါက္ေတြမထည့္ေပးေတာ့လို႔ လူေတာ္ေတာ္မ်ားမ်ား မေက်နပ္တာမဆန္းပါဘူး။ နည္းပညာ အကူးအေျပာင္းကာလကို အၿမဲေရွ႕ကသြားတတ္တဲ့ Apple ကေတာ့ ပရိတ္သတ္ရဲ႕ ႐ိုက္ခတ္မႈဒဏ္ကို ေကာင္းေကာင္းခံႏိုင္ပါတယ္။ 

iMac with Bondi Blue Shell

အခုလို Apple အေျပာင္းအလဲေတြက နည္းပညာေလာကထဲမွာ အျခားကုမၸဏီေတြအေပၚ လႊမ္းမိုးမႈႀကီးပါတယ္။ iMac မွာ CD-ROM ကို Apple က Floopy Drive ေနရာကို အစားထုိးခဲ့တာပါ။ အျခားကြန္ပ်ဴတာေတြကေန သိသိသာသာကြဲထြက္တဲ့ လမ္းေၾကာင္းေပၚကို ေခၚသြားခဲ့တာ iMac ပါ။ အျခားကြန္ပ်ဴတာေတြလို ထူၿပီး က်စ္က်စ္လစ္လစ္မရွိတဲ့ Design ကို Apple က iMac ရဲ႕ Design နဲ႔ယွဥ္ျပခဲ့ပါတယ္။ Speaker ေတြကို Display ေအာက္မွာပဲ လွလွပပေလး ထည့္ေပးထားၿပီး Stereo Surround Sound System ပါပါတယ္။ iMac ရဲ႕ Design ကို အျခားကြန္ပ်ဴတာေတြနဲ႔ယွဥ္ေျပာတဲ့အခါ Steve Jobs က “These things are ugly.” လို႔ စင္ေပၚမွာေျပာသြားခဲ့ပါတယ္။ 

iMac with Bondi Blue Shell

iMac ကိုစမိ္တ္ဆက္တဲ့အခ်ိန္က ေစ်းကြက္ထဲမွာ အေရာင္းရဆံုးနဲ႔ လူႀကိဳက္အမ်ားဆံုးကြန္ပ်ဴတာႏွစ္လံုးနဲ႔ iMac ကို စင္ေပၚမွာယွဥ္ျပခဲ့ပါတယ္။ Compaq ရဲ႕ Desktop ကြန္ပ်ဴတာေတြျဖစ္ၿပီး အဲ့ဒီအခ်ိန္က အေကာင္းဆံုးဆိုတဲ့ $1200 ကေန $2000 ေက်ာ္ေစ်းရွိတဲ့ Desktop ကြန္ပ်ဴတာ ႏွစ္လံုးပါ။ Mac OS 8 သံုးထားတဲ့ iMac က အဲ့ဒီ ကြန္ပ်ဴတာႏွစ္လံုးထက္ပိုေကာင္းတယ္ဆိုတာကို Steve Jobs က စင္ေပၚမွာပဲ သက္ေသျပခဲ့ပါတယ္။ 15 Inch Display နဲ႔ စြမ္းေဆာင္ရည္ျမင့္ iMac တစ္လံုးကို $2000 တန္ Compaq ထက္သက္သာတဲ့ ေစ်း $1299 နဲ႔ေရာင္းခ်ခဲ့ပါတယ္။ iMac G3 လို႔ေခၚၿပီး Compaq ရဲ႕ကြန္ပ်ဴတာေတြနဲ႔ ေစ်းကြက္မွာ ၿပိဳင္ဖက္ေတြျဖစ္ခဲ့ပါတယ္။ iMac G3 ကေတာ့ Apple ရဲ႕ သမိုင္းမွာ မွတ္တိုင္တစ္ခုအျဖစ္ရွိေနသလို Steve Jobs ရဲ႕ ဂႏၷဝင္ေျမာက္ဖန္တီးမႈ တစ္ခုလည္းျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္က စခဲ့တဲ့ဇာတ္လမ္းေၾကာင့္ ေနာက္ပိုင္းမွာ Windows နဲ႔ Mac OS နဲ႔ယွဥ္ၿပိဳင္မႈေတြ မ်ားလာခဲ့တာပါ။ စတင္မိ္တ္ဆက္ခဲ့တဲ့ Video ကို ေအာက္မွာ ၾကည့္႐ႈႏိုင္ပါတယ္။ 

Ref: Slashgear

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

ပထမဆုံး iMac ကိုစတင်မိတ်ဆက်ခဲ့တာ အနှစ် (၂၀) ပြည့်ပြီ

Apple ရဲ့ CEO Steve Jobs ကိုယ်တိုင် စင်မြင့်ပေါ်မှာ iMac တွေကို ဂုဏ်ယူစွာမိတ်ဆက်ခဲ့တာ အခုဆိုရင်တော့ အနှစ်နှစ်ဆယ် ပြည့်သွားပါပြီ။ ၁၉၉၈ ခုနှစ်မှာ iMac တွေက သမိုင်းမှတ်တိုင်တစ်ခုကို စိုက်နိုင်ခဲ့ပါတယ်။ iMac ဆိုတဲ့နာမည်တစ်ခုဆိုတာထက် Apple ရဲ့ အမှတ်အသားတစ်ခုအဖြစ် အခုအချိန်အထိ ထုတ်လုပ်နေသေးတဲ့ ထုတ်ကုန်တစ်ခုလည်း ဖြစ်ပါတယ်။

Steve Jobs With iMac G3

Apple က ဘယ်လိုကုမ္ပဏီလဲဆိုတာကို ထင်ရှားစေခဲ့တာ iMac တွေပါ။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွေမှာ ခေတ်စားခဲ့တဲ့ Translucent ပလပ်စတစ်ကိုယ်ထည် Design ကိုသုံးထားတာကြောင့် အတွင်းပိုင်းပစ္စည်းတွေကို တစ်ဝက်တစ်ပျက်ထွင်းဖောက်မြင်နိုင်ပါတယ်။ အရောင်တွေကလည်း သကြားလုံးလေးတွေလို တောက်တောက်ပပ ရှိတာကြောင့် လူတော်တော်များများရဲ့စိတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ကြက်ဥပုံ ကွန်ပျူတာ Design လို့လည်း ဈေးကွက်ထဲမှာ နာမည်တွင်ခဲ့ပါသေးတယ်။

iMac G3 in 5 Colors

iMac တွေကို နာမည်ကြီးသွားစေတဲ့အချက်က သာမန် ကွန်ပျူတာတွေမှာပါတဲ့ အပေါက်တွေ၊ Floopy Drive Slot စတာတွေကို ဖြုတ်ပစ်ခဲ့တာကြောင့်ပါ။ iPhone 7 မှာ 3.5 mm Headphone Port ကိုဖြုတ်လိုက်သလိုပါပဲ။ သာမန်ကွန်ပျူတာနယ်ပယ်ထဲကနေ ကွဲထွက်နေခဲ့တဲ့ iMac တွေက တစ်ကယ်တမ်းရောင်းချတဲ့အချိန်မှာတော့ Windows PC တွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ ခေဟောင်းနည်းပညာတွေကို ပယ်ချတဲ့အထဲက အမြဲ Apple ကဦးဆောင်ခဲ့ပါတယ်။ အခုနောက်ပိုင်း MacBook တွေမှာလည်း သာမန် USB ပေါက်တွေမထည့်ပေးတော့လို့ လူတော်တော်များများ မကျေနပ်တာမဆန်းပါဘူး။ နည်းပညာ အကူးအပြောင်းကာလကို အမြဲရှေ့ကသွားတတ်တဲ့ Apple ကတော့ ပရိတ်သတ်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ကောင်းကောင်းခံနိုင်ပါတယ်။ 

iMac with Bondi Blue Shell

အခုလို Apple အပြောင်းအလဲတွေက နည်းပညာလောကထဲမှာ အခြားကုမ္ပဏီတွေအပေါ် လွှမ်းမိုးမှုကြီးပါတယ်။ iMac မှာ CD-ROM ကို Apple က Floopy Drive နေရာကို အစားထိုးခဲ့တာပါ။ အခြားကွန်ပျူတာတွေကနေ သိသိသာသာကွဲထွက်တဲ့ လမ်းကြောင်းပေါ်ကို ခေါ်သွားခဲ့တာ iMac ပါ။ အခြားကွန်ပျူတာတွေလို ထူပြီး ကျစ်ကျစ်လစ်လစ်မရှိတဲ့ Design ကို Apple က iMac ရဲ့ Design နဲ့ယှဉ်ပြခဲ့ပါတယ်။ Speaker တွေကို Display အောက်မှာပဲ လှလှပပလေး ထည့်ပေးထားပြီး Stereo Surround Sound System ပါပါတယ်။ iMac ရဲ့ Design ကို အခြားကွန်ပျူတာတွေနဲ့ယှဉ်ပြောတဲ့အခါ Steve Jobs က “These things are ugly.” လို့ စင်ပေါ်မှာပြောသွားခဲ့ပါတယ်။ 

iMac with Bondi Blue Shell

iMac ကိုစမိတ်ဆက်တဲ့အချိန်က ဈေးကွက်ထဲမှာ အရောင်းရဆုံးနဲ့ လူကြိုက်အများဆုံးကွန်ပျူတာနှစ်လုံးနဲ့ iMac ကို စင်ပေါ်မှာယှဉ်ပြခဲ့ပါတယ်။ Compaq ရဲ့ Desktop ကွန်ပျူတာတွေဖြစ်ပြီး အဲ့ဒီအချိန်က အကောင်းဆုံးဆိုတဲ့ $1200 ကနေ $2000 ကျော်ဈေးရှိတဲ့ Desktop ကွန်ပျူတာ နှစ်လုံးပါ။ Mac OS 8 သုံးထားတဲ့ iMac က အဲ့ဒီ ကွန်ပျူတာနှစ်လုံးထက်ပိုကောင်းတယ်ဆိုတာကို Steve Jobs က စင်ပေါ်မှာပဲ သက်သေပြခဲ့ပါတယ်။ 15 Inch Display နဲ့ စွမ်းဆောင်ရည်မြင့် iMac တစ်လုံးကို $2000 တန် Compaq ထက်သက်သာတဲ့ ဈေး $1299 နဲ့ရောင်းချခဲ့ပါတယ်။ iMac G3 လို့ခေါ်ပြီး Compaq ရဲ့ကွန်ပျူတာတွေနဲ့ ဈေးကွက်မှာ ပြိုင်ဖက်တွေဖြစ်ခဲ့ပါတယ်။ iMac G3 ကတော့ Apple ရဲ့ သမိုင်းမှာ မှတ်တိုင်တစ်ခုအဖြစ်ရှိနေသလို Steve Jobs ရဲ့ ဂန္နဝင်မြောက်ဖန်တီးမှု တစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီအချိန်က စခဲ့တဲ့ဇာတ်လမ်းကြောင့် နောက်ပိုင်းမှာ Windows နဲ့ Mac OS နဲ့ယှဉ်ပြိုင်မှုတွေ များလာခဲ့တာပါ။ စတင်မိတ်ဆက်ခဲ့တဲ့ Video ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။ 

Ref: Slashgear

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။