[Zawgyi]

စတာလင္ရဲ႕ Surprise

ခ်စ္ရသူေတြၾကား၊ မိတ္ေဆြသူငယ္ခ်င္းေတြၾကား Surprise ဆိုတဲ့စကားလံုးေလးဟာ ေပ်ာ္ရႊင္ဖြယ္ရာကုိ ကုိယ္စားျပဳထားပါတယ္။ မန္စီးတီးအသင္းေတာင္ပံကစားသမား စတာလင္ Sterling က ၿပီးခဲ့တဲ့ရက္ပိုင္းမွာအစ္မျဖစ္သူ ကီမာလီ Kima-lee ကိုSurprise လုပ္လုိက္ပါတယ္။

သူ႕အစ္မရဲ႕ (၂၇)ႏွစ္ျပည့္ေမြးေန႔က အျဖစ္အပ်က္ေတြကို စတာလင္က Instagram မွာဗီဒီယိုဖုိင္တင္ခဲ့ပါတယ္။ ဗီဒီယိုဖုိင္ထဲမွာ စတာလင္က  ကၽြန္ေတာ့္အစ္မကို လက္ေဆာင္ေသးေသးေလးေပးစရာရွိတယ္လို႔ေျပာခဲ့ပါတယ္။ ၿပီးေတာ့သူ႕အစ္မရဲ႕ မ်က္လုံုးကို အ၀တ္နက္စည္းထားၿပီး အိမ္တစ္အိမ္အနား လက္ဆြဲေခၚလာပါတယ္။ အိမ္တံခါး၀အနားမွာ ဖုန္းမီးေရာင္တခ်ဳိ႕ရွိေနၿပီး စတာလင္က သူ႕အစ္မကို Surprise ဆိုၿပီး၀မ္းသာအားရေျပာလုိက္ပါတယ္။ အဲဒီအခ်ိန္မွာ စတာလင္ရဲ႕အစ္မက မ်က္လံုးေပၚကအ၀တ္နက္ကို ဖယ္ရွားၿပီး ၾကည့္ုလုိက္တဲ့အခါ အိမ္တစ္အိမ္၊ ၿပိီးေတာ့ မိသားစု၀င္ေတြကို ေပ်ာ္စရာမ်က္ႏွာထားေတြနဲ႔ ျမင္ခဲ့ရတယ္။ အိမ္ထဲမွာ ေရႊေရာင္ေဘာလံုးေတြ ခ်ိတ္ဆြဲထားၿပီး စတာလင္က “ ဒါအစ္မအတြက္ေလ” လို႔ ေျပာလုိက္ပါတယ္။ ကီမာလီရဲ႕ အံ့အားသင့္အေပ်ာ္ေတြဟာ ႏွလံုးသားထဲက လွ်ံထြက္လာၿပီးေမာင္ျဖစ္သူ စတာလင္ကို ဖက္လုိက္ပါတယ္။

စတာလင္က သူ႕အစ္မကီမဟာဟာ သူ႕ဘ၀မွာစိတ္ပိုင္းဆိုင္ရာခံယူခ်က္နဲ႔ တစ္ကိုယ္ရည္တိုးတက္ေရးအတြက္ အမ်ားႀကီးကူညီေပးခဲ့သူလို႔ ဆိုခဲ့ပါတယ္။ တစ္ဦးကိုတစ္ဦးစကားလံုးေတြနဲ႔ ခ်ည္ေႏွာင္ထားတာမ်ဳိးမဟုတ္ဘဲ ရင္ထဲကေမတၱာနဲ႔ သူတုိ႔ႏွစ္ဦးၾကားဆက္ဆံေရးတည္ေဆာက္ထားတယ္လို႔ စတာလင္က ဆိုပါတယ္။ ၂၀၁၆ ခုႏွစ္၊ ဇြန္လအတြင္းမွာလည္း စတာလင္ဟာ မိခင္ျဖစ္သူကို ဇိမ္ခံအိမ္ႀကီးတစ္လံုးလက္ေဆာင္၀ယ္ေပးခဲ့ဖူပါတယ္။ စတာလင္တို႔မိသားစုဟာ သာမန္အေျခခံလူတန္းစား ဘ၀မ်ဳိးျဖစ္ၿပီး စတာလင္ငါးႏွစ္သားအရြယ္မွာပဲ သူ႕အေဖျဖစ္သူက ဂ်ေမကာမွာအသတ္ခံခဲ့ရပါတယ္။ ဆယ္ေက်ာ္သက္အရြယ္မွာ အဂၤလန္ကိုစတာလင္ေရာက္လာခဲ့ပါတယ္။ အသက္ (၁၅)ႏွစ္မွာ လီဗာပူးလ္အကယ္ဒမီကို ေပါင္(၆)သိန္းနဲ႔ ေျပာင္းေရႊ႕ခဲ့တယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ စတာလင္ဟာေပါင္ (၄၉)သန္းနဲ႔ မန္စီးတီးကိုေျပာင္းေရႊ႕ခဲ့တာပါပဲ။

လက္ရွိအခ်ိ္န္မွာ စတာလင္ရဲ႕ကစားသမားဘ၀ဟာ မန္စီးတီးနည္းျပ ဂြါဒီယိုလာ Guardiola လက္ထဲအရင္ကထက္ အံ့အားသင့္ဖြယ္တိုးတက္ေနပါတယ္။ Dribbling၊ Finishing Skill ေတြေသသပ္ေကာင္းမြန္လာၿပီး ေဘာလံုးပရိသတ္ေတြအတြက္ Surprise Player ျဖစ္ေနပါၿပီ။ မန္စီးတီးက Surprise Player စတာလင္ရဲ႕ အစ္မျဖစ္သူ ကီမာလီအတြက္Surprise Present လို႔တင္စားရပါမယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

စတာလင်ရဲ့ Surprise

ချစ်ရသူတွေကြား၊ မိတ်ဆွေသူငယ်ချင်းတွေကြား Surprise ဆိုတဲ့စကားလုံးလေးဟာ ပျော်ရွှင်ဖွယ်ရာကို ကိုယ်စားပြုထားပါတယ်။ မန်စီးတီးအသင်းတောင်ပံကစားသမား စတာလင် Sterling က ပြီးခဲ့တဲ့ရက်ပိုင်းမှာအစ်မဖြစ်သူ ကီမာလီ Kima-lee ကိုSurprise လုပ်လိုက်ပါတယ်။

သူ့အစ်မရဲ့ (၂၇)နှစ်ပြည့်မွေးနေ့က အဖြစ်အပျက်တွေကို စတာလင်က Instagram မှာဗီဒီယိုဖိုင်တင်ခဲ့ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ စတာလင်က  ကျွန်တော့်အစ်မကို လက်ဆောင်သေးသေးလေးပေးစရာရှိတယ်လို့ပြောခဲ့ပါတယ်။ ပြီးတော့သူ့အစ်မရဲ့ မျက်လုံးကို အဝတ်နက်စည်းထားပြီး အိမ်တစ်အိမ်အနား လက်ဆွဲခေါ်လာပါတယ်။ အိမ်တံခါးဝအနားမှာ ဖုန်းမီးရောင်တချို့ရှိနေပြီး စတာလင်က သူ့အစ်မကို Surprise ဆိုပြီးဝမ်းသာအားရပြောလိုက်ပါတယ်။ အဲဒီအချိန်မှာ စတာလင်ရဲ့အစ်မက မျက်လုံးပေါ်ကအဝတ်နက်ကို ဖယ်ရှားပြီး ကြည့်ုလိုက်တဲ့အခါ အိမ်တစ်အိမ်၊ ပြီးတော့ မိသားစုဝင်တွေကို ပျော်စရာမျက်နှာထားတွေနဲ့ မြင်ခဲ့ရတယ်။ အိမ်ထဲမှာ ရွှေရောင်ဘောလုံးတွေ ချိတ်ဆွဲထားပြီး စတာလင်က “ ဒါအစ်မအတွက်လေ” လို့ ပြောလိုက်ပါတယ်။ ကီမာလီရဲ့ အံ့အားသင့်အပျော်တွေဟာ နှလုံးသားထဲက လျှံထွက်လာပြီးမောင်ဖြစ်သူ စတာလင်ကို ဖက်လိုက်ပါတယ်။

စတာလင်က သူ့အစ်မကီမဟာဟာ သူ့ဘဝမှာစိတ်ပိုင်းဆိုင်ရာခံယူချက်နဲ့ တစ်ကိုယ်ရည်တိုးတက်ရေးအတွက် အများကြီးကူညီပေးခဲ့သူလို့ ဆိုခဲ့ပါတယ်။ တစ်ဦးကိုတစ်ဦးစကားလုံးတွေနဲ့ ချည်နှောင်ထားတာမျိုးမဟုတ်ဘဲ ရင်ထဲကမေတ္တာနဲ့ သူတို့နှစ်ဦးကြားဆက်ဆံရေးတည်ဆောက်ထားတယ်လို့ စတာလင်က ဆိုပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်းမှာလည်း စတာလင်ဟာ မိခင်ဖြစ်သူကို ဇိမ်ခံအိမ်ကြီးတစ်လုံးလက်ဆောင်ဝယ်ပေးခဲ့ဖူပါတယ်။ စတာလင်တို့မိသားစုဟာ သာမန်အခြေခံလူတန်းစား ဘဝမျိုးဖြစ်ပြီး စတာလင်ငါးနှစ်သားအရွယ်မှာပဲ သူ့အဖေဖြစ်သူက ဂျမေကာမှာအသတ်ခံခဲ့ရပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အင်္ဂလန်ကိုစတာလင်ရောက်လာခဲ့ပါတယ်။ အသက် (၁၅)နှစ်မှာ လီဗာပူးလ်အကယ်ဒမီကို ပေါင်(၆)သိန်းနဲ့ ပြောင်းရွှေ့ခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာတော့ စတာလင်ဟာပေါင် (၄၉)သန်းနဲ့ မန်စီးတီးကိုပြောင်းရွှေ့ခဲ့တာပါပဲ။

လက်ရှိအချိန်မှာ စတာလင်ရဲ့ကစားသမားဘဝဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာ Guardiola လက်ထဲအရင်ကထက် အံ့အားသင့်ဖွယ်တိုးတက်နေပါတယ်။ Dribbling၊ Finishing Skill တွေသေသပ်ကောင်းမွန်လာပြီး ဘောလုံးပရိသတ်တွေအတွက် Surprise Player ဖြစ်နေပါပြီ။ မန်စီးတီးက Surprise Player စတာလင်ရဲ့ အစ်မဖြစ်သူ ကီမာလီအတွက်Surprise Present လို့တင်စားရပါမယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။