[Zawgyi]

မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ႔တဲ႔ စတာလင္ Sterling

မန္စီးတီး ေတာင္ပံတိုက္စစ္ကစားသမား စတာလင္ Sterling ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ႔ပါတယ္။ စတာလင္ ဟာ (၃)ႏွစ္ စာခ်ဳပ္သက္တမ္းတိုးခဲ႔တာျဖစ္ျပီး စာခ်ဳပ္သစ္အရ မန္စီးတီးအသင္းမွာ ၂၀၂၃ ခုႏွစ္အထိ ဆက္ရိွသြားမွာျဖစ္သလို တစ္ပတ္လုပ္ခေပါင္(၃၀၀၀၀၀)အထိ ရရိွသြားမွာျဖစ္ပါတယ္။

Sterling-alongside-Manchester-City-director-of-football-Txiki-Begiristain-after-signing-his-new-deal

Sterling-alongside-Manchester-City-director-of-football-Txiki-Begiristain-after-signing-his-new-deal

စတာလင္ က ” စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ႔တဲ႔အတြက္ ေက်နပ္၀မ္းသာမိပါတယ္။ ဒီအသင္းမွာ က်ြန္ေတာ္႔ရဲ႕ တိုးတက္မႈက မယံုႏိုင္စရာပါပဲ။ က်ြန္ေတာ္ ဒီအသင္းမွာ ရိွေနတာဟာ က်ြန္ေတာ္႔အတြက္ မွန္ကန္တဲ႔ေရြးခ်ယ္မႈပါ။ ဒါဟာ အက်ိဳးရလာဒ္လည္းျဖစ္ပါတယ္။  ျပီးေတာ႔ က်ြန္ေတာ္႔တကယ္႔ကို ေက်းဇူးတင္ပါတယ္ ” လို႔ေျပာၾကားခဲ႔ပါတယ္။ စတာလင္ ဟာ မန္စီးတီးအသင္းကို ၂၀၁၅ ခုႏွစ္က လီဗာပူးလ္အသင္းကေန ေပါင္(၄၉)သန္းနဲ႔ေျပာင္းေရႊ႕လာခဲ႔သူျဖစ္ျပီး အသင္းမွာ ေျခစြမ္းျပကစားႏိုင္ခဲ႔သူပဲျဖစ္ပါတယ္။ အသက္(၂၃)ႏွစ္အရြယ္ရိွျပီျဖစ္သူ စတာလင္ ဟာ လက္ရိွအခ်ိန္ထိ မန္စီးတီးအသင္းအတြက္ ပြဲေပါင္း(၁၅၄)ပြဲကစားထားျပီး (၅၁)ဂိုးသြင္းယူထားပါတယ္။

Sterling

Sterling

မန္စီးတီးအသင္းနဲ႔ စတာလင္ တို႔ရဲ႕ စာခ်ဳပ္ကိစၥဟာ အခုခ်ိန္မွာေတာ႔ အေကာင္းဆံုးအေျခအေနနဲ႔ ျပီးဆံုးခဲ႔ပါျပီ။ ဒီအေနအထားေၾကာင္႔ စတာလင္ ကို ေခၚယူလိုေနတဲ႔ ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ ေမွ်ာ္လင္႔ခ်က္ေတြဟာလည္း ေမွးမိွန္ခဲ႔ရပါတယ္။

စတာလင္ ရဲ႕ မန္စီးတီးကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Premier League: 2017–18
Football League Cup: 2015–16

Ref: BBC Sports
Photo:  Man City Twitter , BBC Sports , TheWorldNews
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ စတာလင် Sterling

မန်စီးတီး တောင်ပံတိုက်စစ်ကစားသမား စတာလင် Sterling ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ စတာလင် ဟာ (၃)နှစ် စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး စာချုပ်သစ်အရ မန်စီးတီးအသင်းမှာ ၂၀၂၃ ခုနှစ်အထိ ဆက်ရှိသွားမှာဖြစ်သလို တစ်ပတ်လုပ်ခပေါင်(၃၀၀၀၀၀)အထိ ရရှိသွားမှာဖြစ်ပါတယ်။

Sterling-alongside-Manchester-City-director-of-football-Txiki-Begiristain-after-signing-his-new-deal

Sterling-alongside-Manchester-City-director-of-football-Txiki-Begiristain-after-signing-his-new-deal

စတာလင် က ” စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျေနပ်ဝမ်းသာမိပါတယ်။ ဒီအသင်းမှာ ကျွန်တော့်ရဲ့ တိုးတက်မှုက မယုံနိုင်စရာပါပဲ။ ကျွန်တော် ဒီအသင်းမှာ ရှိနေတာဟာ ကျွန်တော့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုပါ။ ဒါဟာ အကျိုးရလာဒ်လည်းဖြစ်ပါတယ်။  ပြီးတော့ ကျွန်တော့်တကယ့်ကို ကျေးဇူးတင်ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။ စတာလင် ဟာ မန်စီးတီးအသင်းကို ၂၀၁၅ ခုနှစ်က လီဗာပူးလ်အသင်းကနေ ပေါင်(၄၉)သန်းနဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့သူပဲဖြစ်ပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ စတာလင် ဟာ လက်ရှိအချိန်ထိ မန်စီးတီးအသင်းအတွက် ပွဲပေါင်း(၁၅၄)ပွဲကစားထားပြီး (၅၁)ဂိုးသွင်းယူထားပါတယ်။

Sterling

Sterling

မန်စီးတီးအသင်းနဲ့ စတာလင် တို့ရဲ့ စာချုပ်ကိစ္စဟာ အခုချိန်မှာတော့ အကောင်းဆုံးအခြေအနေနဲ့ ပြီးဆုံးခဲ့ပါပြီ။ ဒီအနေအထားကြောင့် စတာလင် ကို ခေါ်ယူလိုနေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ မျှော်လင့်ချက်တွေဟာလည်း မှေးမှိန်ခဲ့ရပါတယ်။

စတာလင် ရဲ့ မန်စီးတီးကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 2017–18
Football League Cup: 2015–16

Ref: BBC Sports
Photo:  Man City Twitter , BBC Sports , TheWorldNews
Ko Kyue(Akhayar)
www.akhayar.com