စာေရးဆရာၾကီး Stephen King ရဲ့ နာမည္ေက်ာ္ ေျခာက္ျခားဖြယ္ရာဝတၳဳ  IT ဟာ ရုပ္ရွင္အျဖစ္နဲ႔ ၂၀၁၇မွာ ထြက္ရွိလာပါေတာ့မယ္ ခင္ဗ်ာ။ IT ဟာ Stephen King ရဲ့ ၁၉၈၆ ခုႏွစ္ထုတ္ ဝတၳဳျဖစ္ျပီး ရုပ္ရွင္ကိုလည္း ဒီနာမည္နဲ႔ပဲ ျပန္ရိုက္မွာ ျဖစ္ပါတယ္။

ဒီရုပ္ရွင္မွာေတာ့ ျမိဳ႕ငယ္ေလး တစ္ခုက ကေလး ၇ ေယာက္ဟာ ရွုပ္ေထြးေျခာက္ခ်ားဖြယ္ေကာင္းတဲ့ Clown လို ပံုရိပ္တစ္ခုရဲ့ ေျခာက္လွန္႔မွုနဲ႔ ရင္ဆိုင္ၾကံဳေတြ႔ရပံုကို ရႈစားရမွာပါ။ Stephen King ရဲ့ အစဥ္အလာအတုိင္း ကေလးဘဝရဲ့ စိတ္ဒဏ္ရာေတြ၊ ျမိဳ႕ငယ္ေလးေတြရဲ့ ရုိးရာဆန္မႈေတြနဲ႔ ေရာသမေမႊထားမွာပါ။

ဒီရုပ္ရွင္ကားရဲ့ ဒါရုိက္တာကေတာ့ Andres Muschietti ျဖစ္ျပီး Bill Skarsgard က Clown Pennywise ေနရာက သရုပ္ေဆာင္မွာ ျဖစ္ျပီး တျခားကေလးသရုပ္ေဆာင္မ်ားလည္း ပါဝင္မွာ ျဖစ္ပါတယ္။ Warner Bros ကေန ျဖန္႔ခ်ိဖို႔ စီစဥ္ထားျပီး အေရးၾကီးဆံုးျဖစ္မယ့္ ျဖန္႔ခ်ိမယ့္ ေန႔ရက္ကေတာ့ စက္တင္ဘာ ၈ ရက္ ၂၀၁၇ ခုႏွစ္လို႔ သိထားရပါတယ္ခင္ဗ်ာ။

ဒီလင့္မွာေတာ့ IT ရဲ့ Trailer ကို အျမည္းအေနနဲ႔ ၾကည့္ရႈႏုိင္ပါတယ္။

Unicode Version

စာရေးဆရာကြီး Stephen King ရဲ့ နာမည်ကျော် ခြောက်ခြားဖွယ်ရာဝတ္ထု IT ဟာ ရုပ်ရှင်အဖြစ်နဲ့ ၂၀၁၇မှာ ထွက်ရှိလာပါတော့မယ် ခင်ဗျာ။ IT ဟာ Stephen King ရဲ့ ၁၉၈၆ ခုနှစ်ထုတ် ဝတ္ထုဖြစ်ပြီး ရုပ်ရှင်ကိုလည်း ဒီနာမည်နဲ့ပဲ ပြန်ရိုက်မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာတော့ မြို့ငယ်လေး တစ်ခုက ကလေး ၇ ယောက်ဟာ ရှုပ်ထွေးခြောက်ချားဖွယ်ကောင်းတဲ့ Clown လို ပုံရိပ်တစ်ခုရဲ့ ခြောက်လှန့်မှုနဲ့ ရင်ဆိုင်ကြုံတွေ့ရပုံကို ရှုစားရမှာပါ။ Stephen King ရဲ့ အစဉ်အလာအတိုင်း ကလေးဘဝရဲ့ စိတ်ဒဏ်ရာတွေ၊ မြို့ငယ်လေးတွေရဲ့ ရိုးရာဆန်မှုတွေနဲ့ ရောသမမွှေထားမှာပါ။

ဒီရုပ်ရှင်ကားရဲ့ ဒါရိုက်တာကတော့ Andres Muschietti ဖြစ်ပြီး Bill Skarsgard က Clown Pennywise နေရာက သရုပ်ဆောင်မှာ ဖြစ်ပြီး တခြားကလေးသရုပ်ဆောင်များလည်း ပါဝင်မှာ ဖြစ်ပါတယ်။ Warner Bros ကနေ ဖြန့်ချိဖို့ စီစဉ်ထားပြီး အရေးကြီးဆုံးဖြစ်မယ့် ဖြန့်ချိမယ့် နေ့ရက်ကတော့ စက်တင်ဘာ ၈ ရက် ၂၀၁၇ ခုနှစ်လို့ သိထားရပါတယ်ခင်ဗျာ။

ဒီလင့်မှာတော့ IT ရဲ့ Trailer ကို အမြည်းအနေနဲ့ ကြည့်ရှုနိုင်ပါတယ်။
Yoe Lu (Akhayar)

www.akhayar.com