[Zawgyi]

အာဆင္နယ္ေနာက္ခံလူသစ္ လစ္ခ်္စတိုင္နာနဲ႔ ခဏတာ ေတြ႔ဆံုျခင္း

ဂ်ဴဗင္တပ္စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးခဲ့တဲ့ ဝါရင့္ေနာက္ခံလူ လစ္ခ်္စတိုင္နာ Lichtsteiner ကို ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့ပါတယ္။ အသက္ (၃၄)ႏွစ္ အရြယ္ရွိၿပီျဖစ္တဲ့ လစ္ခ်္စတိုင္နာ Lichtsteiner ဟာ ညာေနာက္ခံလူအျဖစ္ ကစားႏိုင္သလို၊ ဆြစ္ဇာလန္လက္ေရြးစင္အသင္းရဲ႕ အသင္းေခါင္းေဆာင္လည္း ျဖစ္ပါတယ္။ အာဆင္နယ္အသင္းနဲ႔ တရားဝင္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္ လစ္ခ်္စတိုင္နာ Lichtsteiner ရဲ႕ အင္တာဗ်ဴးတခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

Lichtsteiner

Lichtsteiner

ေမး – အာဆင္နယ္ကေန ႀကိဳဆိုပါတယ္ လစ္ခ်္စတိုင္နာ Lichtsteiner ေရ။ ဒီအသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့အေပၚ ဘယ္လိုခံစားရလဲ။
ေျဖ – ႀကီးက်ယ္ခမ္းနားတဲ့ ကာလတစ္ခုပါပဲ။ ဒီအသင္းနဲ႔ ႀကီးမားတဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔ ဂ်ဴဗင္တပ္စ္ကေန အာဆင္နယ္ကို ေျပာင္းေရႊ႕ခဲ့တာပါ။

ေမး – အာဆင္နယ္အသင္းရဲ႕ ဘယ္လိုအေၾကာင္းအရာေတြက အသင္းေျပာင္းေရႊ႕ဖို႔ ဆြဲေဆာင္ႏုိင္ခဲ့လဲ။
ေျဖ – ဒါက စီမံကိန္းတစ္ခုပါပဲ။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို တစ္ေက်ာ႔ျပန္ ဝင္ခြင့္ရဖို႔က စီမံကိန္းတစ္ခုပါပဲ။ အာဆင္နယ္အသင္း ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ ပါဝင္ခြင့္မရတာက အသင္းအတြက္ ခက္ခဲမႈ တစ္ခုလို႔ ထင္တယ္။ အသင္း၊ ကစားသမားေတြနဲ႔ အီမရိတ္ကြင္းႀကီးက စီမံကိန္း တစ္ခုပါပဲ။ အျမင့္ဆံုး အဆင့္ကို ျပန္သြားဖို႔ ႀကိဳးပမ္းေနတာေတြက ဆြဲေဆာင္မႈျဖစ္ခဲ့ပါတယ္။

ေမး – ၿပီးခဲ့တဲ့ ႏွစ္အပိုင္းအျခားမွာ အာဆင္နယ္အသင္းနဲ႔ ဘယ္လို အမွတ္တရေတြ ရွိဖူးလဲ။
ေျဖ – အာစင္ဝင္းဂါး အသင္းကို ကိုင္တြယ္ခဲ့တဲ့ ကာလမွာ ကၽြန္ေတာ္ အာဆင္နယ္အသင္းနဲ႔ ထိပ္တိုက္ ရင္မဆိုင္ဖူးပါဘူး။ သူဟာ အာဆင္နယ္အသင္းနဲ႔ ဆုဖလားေအာင္ျမင္မႈ တခ်ိဳ႔ကို ရယူႏိုင္ခဲ့ၿပီး အသင္ႀကီး အဆင့္တစ္ဆင့္ကို ေရာက္ရွိေအာင္ စြမ္္းေဆာင္ႏိုင္ခဲ့တဲ့ နည္းျပ တစ္ေယာက္ပါ။ အခုအခ်ိန္မွာေတာ့ သူလည္း အသင္းက ထြက္သြားပါၿပီ။ စိန္ေခၚမႈအသစ္ေတြနဲ႔ အရာအားလံုးက အသစ္ေတြျဖစ္ေနပါၿပီ။

Arsenal-New-Player-Lichtsteiner

Arsenal-New-Player-Lichtsteiner

ေမး – နည္းျပသစ္ အူႏိုင္းအမ္မရီ Unai Emery နဲ႔ ပတ္သက္ၿပီး သူ႔အေၾကာင္း ဘယ္ေလာက္ထိ သိထားလဲ။
ေျဖ – သူက အေကာင္းဆံုး နည္းျပေတြထဲက တစ္ေယာက္ပါ။ ဆုဖလားတခ်ိဳ႕ကို ရယူႏိုင္ခဲ့တယ္ေလ။ ယူရိုပါလိဂ္မွာ ဘယ္လိုစြမ္းေဆာင္ခဲ့လဲဆိုတာ သက္ေသပါပဲ။ ကစားသမားေတြ တိုးတက္လာေအာင္ ဘယ္လိုစြမ္းေဆာင္ရမလဲဆိုတာ ေကာင္းေကာင္းသိတဲ့ နည္းျပတစ္ေယာက္ပါ။ ေလ့လာမႈေတြ မပ်က္တန္း လုပ္ေနဖို႔ကေတာ့ အေရးႀကီးတာေပါ့။

ေမး – လစ္ခ်္စတိုင္နာ Lichtsteiner ရဲ႕ ကစားပံုက ဘယ္လိုမ်ိဳးျဖစ္မလဲ။
ေျဖ – ကၽြန္ေတာ့္ ကစားပံုလား . . . ကၽြန္ေတာ္က ညာေနာက္ခံလူေနရာကေန တိုက္စစ္ကို လိုက္ပါ ကစားတဲ့ ပံုစံမ်ိဳးပဲ။ ဘယ္အခ်ိန္မွာ တိုက္စစ္ကို လိုက္ပါရမယ္၊ ဘယ္အခ်ိန္မွာ ေနာက္တန္းကို ကာကြယ္ရမလဲဆိုတာ ေကာင္းေကာင္းသိပါတယ္။ တိုက္စစ္နဲ႔ ခံစစ္ၾကားမွာ မွ်တေအာင္ ကစားႏိုင္တဲ့ ပံုစံမ်ိဳးပါပဲ။

REF:Arsenal.com
Photo:Arsenal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အာဆင်နယ်နောက်ခံလူသစ် လစ်ချ်စတိုင်နာနဲ့ ခဏတာ တွေ့ဆုံခြင်း

ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ဝါရင့်နောက်ခံလူ လစ်ချ်စတိုင်နာ Lichtsteiner ကို ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် (၃၄)နှစ် အရွယ်ရှိပြီဖြစ်တဲ့ လစ်ချ်စတိုင်နာ Lichtsteiner ဟာ ညာနောက်ခံလူအဖြစ် ကစားနိုင်သလို၊ ဆွစ်ဇာလန်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ တရားဝင် စာချုပ်ချုပ်ဆိုပြီးနောက် လစ်ချ်စတိုင်နာ Lichtsteiner ရဲ့ အင်တာဗျူးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Lichtsteiner

Lichtsteiner

မေး – အာဆင်နယ်ကနေ ကြိုဆိုပါတယ် လစ်ချ်စတိုင်နာ Lichtsteiner ရေ။ ဒီအသင်းကို ပြောင်းရွှေ့ခဲ့တဲ့အပေါ် ဘယ်လိုခံစားရလဲ။
ဖြေ – ကြီးကျယ်ခမ်းနားတဲ့ ကာလတစ်ခုပါပဲ။ ဒီအသင်းနဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ဂျူဗင်တပ်စ်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာပါ။

မေး – အာဆင်နယ်အသင်းရဲ့ ဘယ်လိုအကြောင်းအရာတွေက အသင်းပြောင်းရွှေ့ဖို့ ဆွဲဆောင်နိုင်ခဲ့လဲ။
ဖြေ – ဒါက စီမံကိန်းတစ်ခုပါပဲ။ ချန်ပီယံလိဂ်ပြိုင်ပွဲကို တစ်ကျော့ပြန် ဝင်ခွင့်ရဖို့က စီမံကိန်းတစ်ခုပါပဲ။ အာဆင်နယ်အသင်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ခွင့်မရတာက အသင်းအတွက် ခက်ခဲမှု တစ်ခုလို့ ထင်တယ်။ အသင်း၊ ကစားသမားတွေနဲ့ အီမရိတ်ကွင်းကြီးက စီမံကိန်း တစ်ခုပါပဲ။ အမြင့်ဆုံး အဆင့်ကို ပြန်သွားဖို့ ကြိုးပမ်းနေတာတွေက ဆွဲဆောင်မှုဖြစ်ခဲ့ပါတယ်။

မေး – ပြီးခဲ့တဲ့ နှစ်အပိုင်းအခြားမှာ အာဆင်နယ်အသင်းနဲ့ ဘယ်လို အမှတ်တရတွေ ရှိဖူးလဲ။
ဖြေ – အာစင်ဝင်းဂါး အသင်းကို ကိုင်တွယ်ခဲ့တဲ့ ကာလမှာ ကျွန်တော် အာဆင်နယ်အသင်းနဲ့ ထိပ်တိုက် ရင်မဆိုင်ဖူးပါဘူး။ သူဟာ အာဆင်နယ်အသင်းနဲ့ ဆုဖလားအောင်မြင်မှု တချို့ကို ရယူနိုင်ခဲ့ပြီး အသင်ကြီး အဆင့်တစ်ဆင့်ကို ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြ တစ်ယောက်ပါ။ အခုအချိန်မှာတော့ သူလည်း အသင်းက ထွက်သွားပါပြီ။ စိန်ခေါ်မှုအသစ်တွေနဲ့ အရာအားလုံးက အသစ်တွေဖြစ်နေပါပြီ။

Arsenal-New-Player-Lichtsteiner

Arsenal-New-Player-Lichtsteiner

မေး – နည်းပြသစ် အူနိုင်းအမ်မရီ Unai Emery နဲ့ ပတ်သက်ပြီး သူ့အကြောင်း ဘယ်လောက်ထိ သိထားလဲ။
ဖြေ – သူက အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ပါ။ ဆုဖလားတချို့ကို ရယူနိုင်ခဲ့တယ်လေ။ ယူရိုပါလိဂ်မှာ ဘယ်လိုစွမ်းဆောင်ခဲ့လဲဆိုတာ သက်သေပါပဲ။ ကစားသမားတွေ တိုးတက်လာအောင် ဘယ်လိုစွမ်းဆောင်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့ နည်းပြတစ်ယောက်ပါ။ လေ့လာမှုတွေ မပျက်တန်း လုပ်နေဖို့ကတော့ အရေးကြီးတာပေါ့။

မေး – လစ်ချ်စတိုင်နာ Lichtsteiner ရဲ့ ကစားပုံက ဘယ်လိုမျိုးဖြစ်မလဲ။
ဖြေ – ကျွန်တော့် ကစားပုံလား . . . ကျွန်တော်က ညာနောက်ခံလူနေရာကနေ တိုက်စစ်ကို လိုက်ပါ ကစားတဲ့ ပုံစံမျိုးပဲ။ ဘယ်အချိန်မှာ တိုက်စစ်ကို လိုက်ပါရမယ်၊ ဘယ်အချိန်မှာ နောက်တန်းကို ကာကွယ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ တိုက်စစ်နဲ့ ခံစစ်ကြားမှာ မျှတအောင် ကစားနိုင်တဲ့ ပုံစံမျိုးပါပဲ။

REF:Arsenal.com
Photo:Arsenal.com
Aung Kyaw Wai (Akhayar)
www.akhayar.com