[Zawgyi] 

Valve ရဲ႕လက္ေအာက္မွာ ေအာင္ျမင္ေနတဲ့ Steam Gaming Platform ႀကီးက ျပည္တြင္းမွာပါ နာမည္ႀကီးပါတယ္။ အသံုးျပဳသူေတြမ်ားျပားတာေၾကာင့္ Steam အေနနဲ႔ ွSony ရဲ႕ Remote Play နဲ႔ယွဥ္ၿပိဳင္ဖို႔ Steam Link ဝန္ေဆာင္မႈကို စတင္တာျဖစ္ႏိုင္ပါတယ္။ 

Steam Controller

Steam Link App ကို Android နဲ႔ iOS အတြက္ထုတ္ေပးမွာျဖစ္ပါတယ္။ App ကိုထုတ္ေပးမယ့္အခ်ိန္ကိုေတာ့ ေမလ ၂၁ ရက္ေန႔လို႔ Steam ေျပာထားပါတယ္။ Steam Link App ကိုလက္ရွိအခ်ိန္မွာေတာ့ Android မွာ Beta Version ထုတ္ေပးထားၿပီးၿပီလို႔လည္း သိရပါတယ္။ 

Steam Link ကိုအသံုးျပဳဖို႔အတြက္ Steam သံုးေနတဲ့ သင့္ကြန္ပ်ဴတာကိုေတာ့ အင္တာနက္ခ်ိတ္ၿပီးဖြင့္ထားဖို႔လိုဦးမွာပါ။ ကြန္ပ်ဴတာေပၚက Game ေတြကိုဖြင့္ေဆာ့တဲ့အခ်ိန္ ဖုန္းမွာ Streaming လုပ္ၿပီးေဆာ့တဲ့နည္းကို သံုးထာပါ။ ဖုန္းကိုေတာ့ Steam Controller ဒါမွမဟုတ္ အျခား Controller တစ္ခုခုနဲ႔တြဲၿပီး Game ေတြကို ေကာင္းေကာင္းေဆာ့လို႔ရပါတယ္။ Android ဆိုရင္ Phone ၊ Tablet နဲ႔ Android TV ေတြမွာ ေဆာ့လို႔ရမွာျဖစ္ၿပီး Apple ဆိုရင္ iPhone ၊ iPad နဲ႔ Apple TV ေတြမွာ ေဆာ့လို႔ရႏိုင္မယ္လို႔ တရားဝင္ေၾကျငာထားပါတယ္။ 

Steam ရဲ႕ေနာက္ထပ္ဝန္ေဆာင္မႈတစ္ခုျဖစ္တဲ့ Steam Video App ကိုလည္း Android နဲ႔ iOS အတြက္ထုတ္ေပးသြားဦးမယ္လို႔ ေၾကျငာထားပါတယ္။ Steam Video App ကေတာ့ Steam Library ထဲမွာ သင္ဝယ္ယူထားတဲ့ ႐ုပ္ရွင္ေတြကို ဖုန္းေပၚမွာ ၾကည့္ရႈႏို္င္ေစဖို႔ပဲျဖစ္ပါတယ္။ WiFi ဒါမွမဟုတ္ Cellular Data အသံုးျပဳၿပီး ၾကည့္႐ႈႏိုင္မယ္လို႔သိရပါတယ္။ ႐ုပ္ရွင္ဇာတ္ကားေတြကို Download ရယူၿပီး Offline ၾကည့္ႏုိင္မွာျဖစ္ပါတယ္။ 

Ref: Valve

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Valve ရဲ့လက်အောက်မှာ အောင်မြင်နေတဲ့ Steam Gaming Platform ကြီးက ပြည်တွင်းမှာပါ နာမည်ကြီးပါတယ်။ အသုံးပြုသူတွေများပြားတာကြောင့် Steam အနေနဲ့ ှSony ရဲ့ Remote Play နဲ့ယှဉ်ပြိုင်ဖို့ Steam Link ဝန်ဆောင်မှုကို စတင်တာဖြစ်နိုင်ပါတယ်။ 

Steam Controller

Steam Link App ကို Android နဲ့ iOS အတွက်ထုတ်ပေးမှာဖြစ်ပါတယ်။ App ကိုထုတ်ပေးမယ့်အချိန်ကိုတော့ မေလ ၂၁ ရက်နေ့လို့ Steam ပြောထားပါတယ်။ Steam Link App ကိုလက်ရှိအချိန်မှာတော့ Android မှာ Beta Version ထုတ်ပေးထားပြီးပြီလို့လည်း သိရပါတယ်။ 

Steam Link ကိုအသုံးပြုဖို့အတွက် Steam သုံးနေတဲ့ သင့်ကွန်ပျူတာကိုတော့ အင်တာနက်ချိတ်ပြီးဖွင့်ထားဖို့လိုဦးမှာပါ။ ကွန်ပျူတာပေါ်က Game တွေကိုဖွင့်ဆော့တဲ့အချိန် ဖုန်းမှာ Streaming လုပ်ပြီးဆော့တဲ့နည်းကို သုံးထာပါ။ ဖုန်းကိုတော့ Steam Controller ဒါမှမဟုတ် အခြား Controller တစ်ခုခုနဲ့တွဲပြီး Game တွေကို ကောင်းကောင်းဆော့လို့ရပါတယ်။ Android ဆိုရင် Phone ၊ Tablet နဲ့ Android TV တွေမှာ ဆော့လို့ရမှာဖြစ်ပြီး Apple ဆိုရင် iPhone ၊ iPad နဲ့ Apple TV တွေမှာ ဆော့လို့ရနိုင်မယ်လို့ တရားဝင်ကြေငြာထားပါတယ်။ 

Steam ရဲ့နောက်ထပ်ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Steam Video App ကိုလည်း Android နဲ့ iOS အတွက်ထုတ်ပေးသွားဦးမယ်လို့ ကြေငြာထားပါတယ်။ Steam Video App ကတော့ Steam Library ထဲမှာ သင်ဝယ်ယူထားတဲ့ ရုပ်ရှင်တွေကို ဖုန်းပေါ်မှာ ကြည့်ရှုနိုင်စေဖို့ပဲဖြစ်ပါတယ်။ WiFi ဒါမှမဟုတ် Cellular Data အသုံးပြုပြီး ကြည့်ရှုနိုင်မယ်လို့သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေကို Download ရယူပြီး Offline ကြည့်နိုင်မှာဖြစ်ပါတယ်။ 

Ref: Valve

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။