[Zawgyi]

မန္ယူအသင္းရဲ႕ နံပါတ္(၇)က်ိန္စာဆုိးက ဘယ္ေတာ့မွ ပ်က္ျပယ္ႏုိင္မွာလဲ

အသင္းတိုင္းမွာ ဂႏၳ၀င္လုိ႔ သတ္မွတ္ထားတဲ့ ေက်ာနံပါတ္ေတြက ရွိၿပီးသားပါ။ ဥပမာ ာစီလုိနာမွာဆုိရင္ ယုိဟန္ခရုိက္ဖ္ Johan Cruyff ၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ (၁၄)၊ နာပုိလီမွာဆုိရင္ အာဂ်င္တီးနားဂႏၳ၀င္ မာရာဒုိနာ Maradona ရဲ႕ ေက်ာနံပါတ္(၁၀)၊ ေအစီမီလန္မွာ ေက်ာနံပါတ္ (၃) စသျဖင့္ေပ့ါ။ ဒီလုိပဲ ပရီးမီးယားလိဂ္ ထိပ္သီး မန္ယူအသင္းမွာ ဂႏၳ၀င္နံပါတ္လုိ႔ သတ္မွတ္ရမွာက နံပါတ္ (၇)၊ (၁၀) ေက်ာနံပါတ္ေတြပါပဲ။ ဒီနံပါတ္ေတြကုိ ၀တ္ဆင္ကစားခြင့္ရဖုိ႔ဆုိတာက ေတာ္႐ုံအရည္အခ်င္းမ်ိဳးနဲ႔ မရပါဘူး။ အထူးသျဖင့္ ေက်ာနံပါတ္ (၇)ဂ်ာစီက မန္ယူအသင္းသာမက ပရိသတ္ေတြပါ အျမတ္တႏုိး တန္ဖုိးထားၿပီး အဲဒီနံပါတ္ပုိင္ရွင္ကလည္း အသင္းအတြက္ ေအာင္ျမင္မႈရေအာင္ ေျခစြမ္းျပႏုိင္ဖုိ႔ လုိတယ္။

Georg-best

Georg-best

မန္ယူအသင္းနဲ႔အတူ ထင္ရွားတဲ့ ေအာင္ျမင္မႈေတြ ရယူခဲ့သူ ေက်ာနံပါတ္(၇)ပုိင္ရွင္ ကစားသမားေတြ အမ်ားႀကီးပါ။ ပရိသတ္ေတြ သိၿပီးသားပါပဲ။ ေဂ်ာ႔ခ်္ဘတ္စ္ George Best ၊ ဘ႐ုိင္ယန္ေရာ႔ဘ္ဆင္ Bryan Robson ၊ ကန္တိုနာ Eric Cantona ၊ ေဒးဗစ္ဘက္ခမ္ David Beckham ၊ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo တို႔ဆုိတာ အထူးေျပာစရာ မလုိပါဘူး။

David-Beckham

David-Beckham

ဒီလုိပဲ၊ နံပါတ္(၇)၀တ္ၿပီး ေအာင္ျမင္မႈ မရခဲ့ကစားသမားေတြလည္း တစ္ပုံတစ္ပင္ပါပဲ။ လီရွပ္ Lee Sharpe ၊ အုိ၀င္ Michael Owen ၊ ဗလင္စီယာ Antonio Valencia ၊ ဒီမာရီယာ Ángel Di María ၊ ဒီပုိင္း Memphis Depay တို႔ကအစ အခုေနာက္ဆုံး အလက္ဆစ္ဆန္းခ်က္ဇ္ အထိျဖစ္ပါတယ္။ မန္ယူအသင္းမွာ နံပါတ္(၇)ဆုိတာကလည္း နတ္ႀကီးတယ္လုိ႔ပဲ ဆုိရမလား။

Di-Maria

Di-Maria

ဒီနံပါတ္ပုိင္ရွင္ဟာ ႀကီးမားတဲ့ ဖိအား၊ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ရင္ဆုိင္ရမွာျဖစ္သလုိ အဲဒါေတြကုိ ေက်ာ္လႊားၿပီး အသင္းအတြက္ ေအာင္ျမင္မႈ ရေအာင္ ယူေဆာင္ေပးႏုိင္ဖုိ႔လည္း လုိပါတယ္။ စီေရာ္နယ္လ္ဒုိ ေနာက္ပုိင္း နံပါတ္(၇)ကုိ ၀တ္ဆင္ခဲ့သူေတြထဲမွာ အရင့္အရင္ ေနာင္ေတာ္ႀကီးေတြလုိ ေအာင္ျမင္မႈ ရယူႏုိင္ခဲ့သူ သိပ္မရွိပါဘူး။ ၂၀၁၂-၁၃၊ ၂၀၁၃-၁၄ ရာသီတုန္းက ဗလင္စီယာ အဲဒီနံပါတ္ ၀တ္ဆင္ခ့ဲေပမယ့္ ဖိအား ဒဏ္ေတြ မခံႏုိင္လုိ႔ ေနာက္ဆုံး အရင္ ေက်ာနံပါတ္(၂၅)ကုိပဲ ျပန္၀တ္ခဲ့ရဖူးတယ္။

Sanchez

Sanchez

အခုလည္း မန္ယူအသင္းရဲ႕ ေက်ာနံပါတ္ (၇)ပုိင္ရွင္ အလက္ဆစ္ဆန္းခ်က္ဇ္ Alexis Sanchez တစ္ေယာက္ ေျခစြမ္းျပႏုိင္ဖုိ႔ ႐ုန္းကန္ေနရဆဲပဲ။ အသင္းကေန ထြက္မလုိေတာင္ သတင္းေတြ ထြက္ေနၿပီ။ မန္ယူကုိ စစေရာက္လာတုန္းက ပရိသတ္ေတြ ေမွ်ာ္လင့္ခ်က္ ႀကီးႀကီးမားမားထားခဲ့တဲ့ အလက္ဆစ္ဆန္းခ်က္ဇ္ အခုအခ်ိန္အထိ ေမွ်ာ္လင့္သေလာက္ ျဖစ္မလာေသးဘူး။ စီေရာ္နယ္လ္ဒုိ မရွိေတာ့တဲ့ ၂၀၀၉ ခုႏွစ္က စၿပီး ေက်ာနံပါတ္(၇)က်ိန္စာဆုိးကုိ မေက်ာ္ျဖတ္ႏုိင္ေသးတာက ဆယ္စုႏွစ္တစ္ခု နီးပါးရွိလာၿပီ။ မန္ယူအသင္းရဲ႕ ေက်ာနံပါတ္(၇)က်ိန္စာက ဘယ္အခ်ိန္မွ ပ်က္ျပယ္ႏုိင္မွာလဲ . . . . .

beckham-sanchez-C-Ronaldo

beckham-sanchez-C-Ronaldo

မန္ယူအသင္း သမုိင္းတစ္ေလွ်ာက္ နံပါတ္(၇)၀တ္ဆင္ခဲ့သူမ်ား
Alexis Sanchez (17-18 Currnet), Memphis Depay (15/16 – 16/17), Ángel Di María (14/15), Antonio Valencia (12/13 – 13/14), Michael Owen (09/10 – 11/12), Cristiano Ronaldo (03/04 – 08/09), David Beckham (95/96 – 02/03), Eric Cantona (92/93 – 96/97), Andrey Kanchelskis (91/92 – 94/95), Bryan Robson (81/82 – 93/94), Danny Wallace (92/93), Neil Webb (90/91), Lee Sharpe (90/91), Clayton Blackmore (85/86 – 90/91), Mike Duxbury (87/88 – 89/90), Russell Beardsmore (89/90), Gordon Strachan (86/87), John Sivebaek (85/86), Paul McGrath (84/85 – 85/86), Steve Coppell (76/77 – 81/82), Chris McGrath (77/78), Willie Morgan (73/74), George Best (65/66 – 67/68), William Anderson (65/66), John Connelly (64/65 – 65/66), Jimmy Ryan (65/66),

Photo:Evening Standard,squad numbers blog,f soccer,Getty Images,goal
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းရဲ့ နံပါတ်(၇)ကျိန်စာဆိုးက ဘယ်တော့မှ ပျက်ပြယ်နိုင်မှာလဲ

အသင်းတိုင်းမှာ ဂန္ထဝင်လို့ သတ်မှတ်ထားတဲ့ ကျောနံပါတ်တွေက ရှိပြီးသားပါ။ ဥပမာ ာစီလိုနာမှာဆိုရင် ယိုဟန်ခရိုက်ဖ် Johan Cruyff ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၁၄)၊ နာပိုလီမှာဆိုရင် အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ Maradona ရဲ့ ကျောနံပါတ်(၁၀)၊ အေစီမီလန်မှာ ကျောနံပါတ် (၃) စသဖြင့်ပေ့ါ။ ဒီလိုပဲ ပရီးမီးယားလိဂ် ထိပ်သီး မန်ယူအသင်းမှာ ဂန္ထဝင်နံပါတ်လို့ သတ်မှတ်ရမှာက နံပါတ် (၇)၊ (၁၀) ကျောနံပါတ်တွေပါပဲ။ ဒီနံပါတ်တွေကို ဝတ်ဆင်ကစားခွင့်ရဖို့ဆိုတာက တော်ရုံအရည်အချင်းမျိုးနဲ့ မရပါဘူး။ အထူးသဖြင့် ကျောနံပါတ် (၇)ဂျာစီက မန်ယူအသင်းသာမက ပရိသတ်တွေပါ အမြတ်တနိုး တန်ဖိုးထားပြီး အဲဒီနံပါတ်ပိုင်ရှင်ကလည်း အသင်းအတွက် အောင်မြင်မှုရအောင် ခြေစွမ်းပြနိုင်ဖို့ လိုတယ်။

Georg-best

Georg-best

မန်ယူအသင်းနဲ့အတူ ထင်ရှားတဲ့ အောင်မြင်မှုတွေ ရယူခဲ့သူ ကျောနံပါတ်(၇)ပိုင်ရှင် ကစားသမားတွေ အများကြီးပါ။ ပရိသတ်တွေ သိပြီးသားပါပဲ။ ဂျော့ချ်ဘတ်စ် George Best ၊ ဘရိုင်ယန်ရော့ဘ်ဆင် Bryan Robson ၊ ကန်တိုနာ Eric Cantona ၊ ဒေးဗစ်ဘက်ခမ် David Beckham ၊ စီရော်နယ်လ်ဒို Cristiano Ronaldo တို့ဆိုတာ အထူးပြောစရာ မလိုပါဘူး။

David-Beckham

David-Beckham

ဒီလိုပဲ၊ နံပါတ်(၇)ဝတ်ပြီး အောင်မြင်မှု မရခဲ့ကစားသမားတွေလည်း တစ်ပုံတစ်ပင်ပါပဲ။ လီရှပ် Lee Sharpe ၊ အိုဝင် Michael Owen ၊ ဗလင်စီယာ Antonio Valencia ၊ ဒီမာရီယာ Ángel Di María ၊ ဒီပိုင်း Memphis Depay တို့ကအစ အခုနောက်ဆုံး အလက်ဆစ်ဆန်းချက်ဇ် အထိဖြစ်ပါတယ်။ မန်ယူအသင်းမှာ နံပါတ်(၇)ဆိုတာကလည်း နတ်ကြီးတယ်လို့ပဲ ဆိုရမလား။

Di-Maria

Di-Maria

ဒီနံပါတ်ပိုင်ရှင်ဟာ ကြီးမားတဲ့ ဖိအား၊ မျှော်လင့်ချက်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်သလို အဲဒါတွေကို ကျော်လွှားပြီး အသင်းအတွက် အောင်မြင်မှု ရအောင် ယူဆောင်ပေးနိုင်ဖို့လည်း လိုပါတယ်။ စီရော်နယ်လ်ဒို နောက်ပိုင်း နံပါတ်(၇)ကို ဝတ်ဆင်ခဲ့သူတွေထဲမှာ အရင့်အရင် နောင်တော်ကြီးတွေလို အောင်မြင်မှု ရယူနိုင်ခဲ့သူ သိပ်မရှိပါဘူး။ ၂၀၁၂-၁၃၊ ၂၀၁၃-၁၄ ရာသီတုန်းက ဗလင်စီယာ အဲဒီနံပါတ် ဝတ်ဆင်ခဲ့ပေမယ့် ဖိအား ဒဏ်တွေ မခံနိုင်လို့ နောက်ဆုံး အရင် ကျောနံပါတ်(၂၅)ကိုပဲ ပြန်ဝတ်ခဲ့ရဖူးတယ်။

Sanchez

Sanchez

အခုလည်း မန်ယူအသင်းရဲ့ ကျောနံပါတ် (၇)ပိုင်ရှင် အလက်ဆစ်ဆန်းချက်ဇ် Alexis Sanchez တစ်ယောက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရဆဲပဲ။ အသင်းကနေ ထွက်မလိုတောင် သတင်းတွေ ထွက်နေပြီ။ မန်ယူကို စစရောက်လာတုန်းက ပရိသတ်တွေ မျှော်လင့်ချက် ကြီးကြီးမားမားထားခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ် အခုအချိန်အထိ မျှော်လင့်သလောက် ဖြစ်မလာသေးဘူး။ စီရော်နယ်လ်ဒို မရှိတော့တဲ့ ၂၀၀၉ ခုနှစ်က စပြီး ကျောနံပါတ်(၇)ကျိန်စာဆိုးကို မကျော်ဖြတ်နိုင်သေးတာက ဆယ်စုနှစ်တစ်ခု နီးပါးရှိလာပြီ။ မန်ယူအသင်းရဲ့ ကျောနံပါတ်(၇)ကျိန်စာက ဘယ်အချိန်မှ ပျက်ပြယ်နိုင်မှာလဲ . . . . .

beckham-sanchez-C-Ronaldo

beckham-sanchez-C-Ronaldo

မန်ယူအသင်း သမိုင်းတစ်လျှောက် နံပါတ်(၇)ဝတ်ဆင်ခဲ့သူများ
Alexis Sanchez (17-18 Currnet), Memphis Depay (15/16 – 16/17), Ángel Di María (14/15), Antonio Valencia (12/13 – 13/14), Michael Owen (09/10 – 11/12), Cristiano Ronaldo (03/04 – 08/09), David Beckham (95/96 – 02/03), Eric Cantona (92/93 – 96/97), Andrey Kanchelskis (91/92 – 94/95), Bryan Robson (81/82 – 93/94), Danny Wallace (92/93), Neil Webb (90/91), Lee Sharpe (90/91), Clayton Blackmore (85/86 – 90/91), Mike Duxbury (87/88 – 89/90), Russell Beardsmore (89/90), Gordon Strachan (86/87), John Sivebaek (85/86), Paul McGrath (84/85 – 85/86), Steve Coppell (76/77 – 81/82), Chris McGrath (77/78), Willie Morgan (73/74), George Best (65/66 – 67/68), William Anderson (65/66), John Connelly (64/65 – 65/66), Jimmy Ryan (65/66),

Photo:Evening Standard,squad numbers blog,f soccer,Getty Images,goal
Naing Linn(Akhayar)
www.akhayar.com