[Zawgyi]

မိတ္ကပ္သာမပါရင္ သူတို႔ကို တကယ္မွတ္မိၾကမွာလား

အရင္ကေတာ့ Social Media မွာ မိိတ္ကပ္အျပည့္နဲ႔ အလွဆံုးပံုေတြ တင္ျပီးေတာ့သာ ၾကြယ္ၾကတာပါ။ အခုေတာ့ ေခတ္ကေျပာင္းသြားျပီး မိတ္ကပ္မပါ ဒါမွမဟုတ္ အိပ္ရာထစပံုေတြကို #NoMakeup နဲ႔ #wokeuplikethis ဆိုတဲ့ Hashtag ေတြနဲ႔ အျပိဳင္အဆုိင္တင္လာၾကပါျပီ။

ဒီလိုတင္ေပမယ့္လည္း လူတိုင္းသဘာဝအတုိင္းစင္းလံုးေခ်ာလွၾကတာမဟုတ္လို႔ တခ်ိဳ႕က မိတ္ကပ္မပါရင္ မထင္ရေလာက္ေအာင္ကို ရုပ္ေျပာင္းသြားၾကပါတယ္။ အခု ေဖာ္ျပမယ့္ ဆယ္လီေတြကေတာ့ မိတ္ကပ္မပါတဲ့ ပံုေတြကို အမွတ္မထင္ရိုက္မိတဲ့အခါ သူတိုကို လူေတြ မမွတ္မိေလာက္ေအာင္ ျဖစ္ရပံုတခ်ိဳ႕ ကို ျမင္ရမွာပါ။

Demi Lovato

အဆိုေတာ္ Demi Lovato ကေတာ့ မၾကာခဏ မိတ္ကပ္မပါတဲ့ ပံုေတြ တင္ေနၾကပါပဲ။ သူ႔ရဲ့ မိတ္ကပ္မပါ၊ Retouch လည္း မလုပ္ထားတဲ့ ပံုေတြကို Vanity Fair နဲ႔ တြဲျပီးလည္း အမ်ိဳးသမီးေတြရဲ့ ခႏၶာကိုယ္ကို အျပဳသေဘာေဆာင္အျမင္ရွိဖို႔အတြက္ ရိုက္ကူးခဲ့ဖူးပါတယ္။ ဒီပံုမွာေတာ့ သူ႔ကို ျမင္ေနက် အနက္ေရာင္ဆံပင္နဲ႔ မဟုတ္လို႔ပဲလား၊ မ်က္မွန္ေၾကာင့္လား မသိေပမယ့္ မွတ္မိဖို႔ မလြယ္တာေတာ့ ေသခ်ာပါတယ္။

Nicki Minaj

Super Bass ၾကီး Nicki Manaj ကေတာ့ အျမဲတမ္းမိတ္ကပ္အျပည့္နဲ႔ လင္းလက္ေတာက္ပစြာ ေတြ႔ရတတ္သူူပါ။ ဒါေၾကာင့္ပဲ အခုလို ေရခ်ိဳးခန္းထဲမွာ ရုိက္ထားတဲ့ Selfie မွာ Eye Shadow နဲ႔ မ်က္ေတာင္ဆက္ထားတာေတြ မပါတဲ့ ပံုကို ေတြ႔ရေတာ့ သူ႔ကို အျမဲေတြ႔ရေလ့ရွိတဲ့ ကလီယုိပက္ထရာလို ဒီဇုိင္းေတာ့ ေပ်ာက္သြားတာ အမွန္ပါပဲ။

Sharon Stone

အသက္ၾကီးေပမယ့္ လွေသြးၾကြယ္ေနတဲ့ Sharon Stone တစ္ေယာက္ဟာလည္း ဒီပုံမွာ မိတ္ကပ္ေရာ၊ Filter ေတာင္မသံုးထားတဲ့အတြက္ Sharon Stone မွ ဟုတ္ရဲ့လားလို႔ ႏွစ္ခါမက ျပန္ၾကည့္ယူရပါတယ္။

Katy Perry

ဒါကေတာ့ Katy Perry ရဲ့ ခင္ပြန္းေဟာင္းျဖစ္တဲ့ Russell Brand က Twitter မွာ ၂၀၁၀ ေလာက္က တင္လိုက္တဲ့ပံုပါ၊ တင္ျပီး မၾကာခင္မွာ ျပန္ဖ်က္ခဲ့ေပမယ့္ ပံုကေတာ့ ျပန္႔သြားခဲ့ပါတယ္။ လူသားထဲက လူတစ္ေယာက္ပဲမို႔ Snapshot မိတဲ့အခ်ိန္မွာ ဒီလို ပံုေတြ ထြက္လာတတ္တာ သိပ္ေတာ့ မဆန္းၾကယ္ဘူးလို႔ ထင္ပါတယ္။

Jessica Alba

ဒီပံုကေတာ့ အားကစားလုပ္ျပီးခ်ိန္မွာ ရိုက္တဲ့ ဓာတ္ပံုမို႔ ေခၽြးေတြရႊဲ၊ အဆီေတြျပန္ေနတတ္တာ သဘာဝပါ။ ျပင္လုိက္ဆင္လိုက္ရင္ေတာ့ တကယ့္နတ္မိမယ္တစ္ပါးလိုဆိုတာ Jessic Alba ပရိသတ္တိုင္းက သိၾကမွာပါ။

Lady Gaga

Lady Gaga ကိုေတာ့ အျမဲတမ္း မိတ္ကပ္အျပည့္နဲ႔၊ ဒါမွမဟုတ္ရင္လည္း ထူးျခားဝတ္စံုေတြနဲ႔ ေတြ႔ရေလ့ရွိပါတယ္။ ဒီပံုထဲမွာေတာ့ “Born This Way” အဆိုေတာ္ဟာ သူ႔ရဲ့ ပင္ကိုယ္ဆံပင္အေရာင္နဲ႔ အိပ္ရာထဲမွာ သက္ေတာင့္သက္သာရွိေနတဲ့ပံုျဖစ္တဲ့အတြက္ လူေတာင္မွားရတယ္လို႔ ဆိုရပါမယ္။

Marilyn Manson

ဒါကေတာ့ Metal နဲ႔ Rock အဆိုေတာ္ၾကီး Marilyn Manson တစ္ေယာက္မိတ္ကပ္မပါတဲ့ပံုပါ၊ တကယ္ေတာ့ ဒီပံုက သူကိုယ္တုိင္တင္ထားတဲ့ ပံုမဟုတ္ဘဲ Marilyn Manson Wiki ဆိုတဲ့ Twitter က ဒီလို သူ႔ရဲ့ မိတ္ကပ္မပါတဲ့ Snapshot ပံုကို တင္ထားခဲ့တာပါ။ သူ႔ရဲ့ တက္ၾကြရဲရင့္တဲ့ ပံုကေန လံုးဝေျပာင္းလဲသြားတာေတာ့ အသိသာၾကီးပါပဲ။

Adele

Adele ရဲ့ Makeup Look ကေတာ့ ပါးရိုးေပၚမွာ ပါးနီမ်ားမ်ားနဲ႔ သြက္လက္တက္ၾကြတဲ့ စတုိင္ပါ။ ဒါေပမယ့္  သူဟာ Instagram မွာလည္း မိ္တ္ကပ္ေရာ ၊ Filter ပါ မပါတဲ့ ပံုမ်ိဳးလည္း တင္ဖို႔ မေၾကာက္ရြံ႔ပါဘူး။ သူ႔ရဲ့ Instagram Account မွာဆုိရင္ ခုလို မိတ္ကပ္မပါတဲ့ ပံုေတြအမ်ားၾကီးေတြ႔ရမွာ ျဖစ္ျပီး ဒါေၾကာင့္ပဲ Adele က “I don’t make music for eyes. I make music for ears.” လို႔ ယံုၾကည္မႈရွိရွိဆိုခဲ့တာပါ။

Taylor Swift

ဒီပံုကေတာ့ Taylor Swift မတ္လ ၂၀၁၅ ခုႏွစ္က တင္ခဲ့တဲ့ပံုျဖစ္ျပီး ျပန္ဖ်က္လိုက္တာလည္း ၾကာပါျပီ။ “I woke up like this” ဆိုတဲ့ ဒီ Post မွာ သူဟာ ဆယ္လီတစ္ေယာက္ဆိုတာထက္ သာမန္ေကာင္မေလးတစ္ေယာက္နဲ႔ ပိုတူေနခဲ့ပါတယ္။

Eva Longoria

မင္းသမီး Eva Longoria ဟာလည္း မိတ္ကပ္မပါတဲ့ သဘာဝရုပ္ရည္ကို အျပင္မွာေရာ၊ Social Media မွာပါ ျပသဖို႔ ဝန္မေလးတဲ့ သူမ်ိဳးပါ။ ဒါေၾကာင့္လည္းသူဟာ ေတာတြင္းခရီးသြားတဲ့ သဘာဝပံုတင္ခဲ့ျပီး မွဲ႔ေျခာက္နဲ႔ အစက္ကေလးေတြကို သဘာဝအတုိင္းေတြ႔ရမွာပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : thelist.com
[Unicode]

မိတ်ကပ်သာမပါရင် သူတို့ကို တကယ်မှတ်မိကြမှာလား

အရင်ကတော့ Social Media မှာ မိတ်ကပ်အပြည့်နဲ့ အလှဆုံးပုံတွေ တင်ပြီးတော့သာ ကြွယ်ကြတာပါ။ အခုတော့ ခေတ်ကပြောင်းသွားပြီး မိတ်ကပ်မပါ ဒါမှမဟုတ် အိပ်ရာထစပုံတွေကို #NoMakeup နဲ့ #wokeuplikethis ဆိုတဲ့ Hashtag တွေနဲ့ အပြိုင်အဆိုင်တင်လာကြပါပြီ။

ဒီလိုတင်ပေမယ့်လည်း လူတိုင်းသဘာဝအတိုင်းစင်းလုံးချောလှကြတာမဟုတ်လို့ တချို့က မိတ်ကပ်မပါရင် မထင်ရလောက်အောင်ကို ရုပ်ပြောင်းသွားကြပါတယ်။ အခု ဖော်ပြမယ့် ဆယ်လီတွေကတော့ မိတ်ကပ်မပါတဲ့ ပုံတွေကို အမှတ်မထင်ရိုက်မိတဲ့အခါ သူတိုကို လူတွေ မမှတ်မိလောက်အောင် ဖြစ်ရပုံတချို့ ကို မြင်ရမှာပါ။

Demi Lovato

အဆိုတော် Demi Lovato ကတော့ မကြာခဏ မိတ်ကပ်မပါတဲ့ ပုံတွေ တင်နေကြပါပဲ။ သူ့ရဲ့ မိတ်ကပ်မပါ၊ Retouch လည်း မလုပ်ထားတဲ့ ပုံတွေကို Vanity Fair နဲ့ တွဲပြီးလည်း အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို အပြုသဘောဆောင်အမြင်ရှိဖို့အတွက် ရိုက်ကူးခဲ့ဖူးပါတယ်။ ဒီပုံမှာတော့ သူ့ကို မြင်နေကျ အနက်ရောင်ဆံပင်နဲ့ မဟုတ်လို့ပဲလား၊ မျက်မှန်ကြောင့်လား မသိပေမယ့် မှတ်မိဖို့ မလွယ်တာတော့ သေချာပါတယ်။

Nicki Minaj

Super Bass ကြီး Nicki Manaj ကတော့ အမြဲတမ်းမိတ်ကပ်အပြည့်နဲ့ လင်းလက်တောက်ပစွာ တွေ့ရတတ်သူူပါ။ ဒါကြောင့်ပဲ အခုလို ရေချိုးခန်းထဲမှာ ရိုက်ထားတဲ့ Selfie မှာ Eye Shadow နဲ့ မျက်တောင်ဆက်ထားတာတွေ မပါတဲ့ ပုံကို တွေ့ရတော့ သူ့ကို အမြဲတွေ့ရလေ့ရှိတဲ့ ကလီယိုပက်ထရာလို ဒီဇိုင်းတော့ ပျောက်သွားတာ အမှန်ပါပဲ။

Sharon Stone

အသက်ကြီးပေမယ့် လှသွေးကြွယ်နေတဲ့ Sharon Stone တစ်ယောက်ဟာလည်း ဒီပုံမှာ မိတ်ကပ်ရော၊ Filter တောင်မသုံးထားတဲ့အတွက် Sharon Stone မှ ဟုတ်ရဲ့လားလို့ နှစ်ခါမက ပြန်ကြည့်ယူရပါတယ်။

Katy Perry

ဒါကတော့ Katy Perry ရဲ့ ခင်ပွန်းဟောင်းဖြစ်တဲ့ Russell Brand က Twitter မှာ ၂၀၁၀ လောက်က တင်လိုက်တဲ့ပုံပါ၊ တင်ပြီး မကြာခင်မှာ ပြန်ဖျက်ခဲ့ပေမယ့် ပုံကတော့ ပြန့်သွားခဲ့ပါတယ်။ လူသားထဲက လူတစ်ယောက်ပဲမို့ Snapshot မိတဲ့အချိန်မှာ ဒီလို ပုံတွေ ထွက်လာတတ်တာ သိပ်တော့ မဆန်းကြယ်ဘူးလို့ ထင်ပါတယ်။

Jessica Alba

ဒီပုံကတော့ အားကစားလုပ်ပြီးချိန်မှာ ရိုက်တဲ့ ဓာတ်ပုံမို့ ချွေးတွေရွှဲ၊ အဆီတွေပြန်နေတတ်တာ သဘာဝပါ။ ပြင်လိုက်ဆင်လိုက်ရင်တော့ တကယ့်နတ်မိမယ်တစ်ပါးလိုဆိုတာ Jessic Alba ပရိသတ်တိုင်းက သိကြမှာပါ။

Lady Gaga

Lady Gaga ကိုတော့ အမြဲတမ်း မိတ်ကပ်အပြည့်နဲ့၊ ဒါမှမဟုတ်ရင်လည်း ထူးခြားဝတ်စုံတွေနဲ့ တွေ့ရလေ့ရှိပါတယ်။ ဒီပုံထဲမှာတော့ “Born This Way” အဆိုတော်ဟာ သူ့ရဲ့ ပင်ကိုယ်ဆံပင်အရောင်နဲ့ အိပ်ရာထဲမှာ သက်တောင့်သက်သာရှိနေတဲ့ပုံဖြစ်တဲ့အတွက် လူတောင်မှားရတယ်လို့ ဆိုရပါမယ်။

Marilyn Manson

ဒါကတော့ Metal နဲ့ Rock အဆိုတော်ကြီး Marilyn Manson တစ်ယောက်မိတ်ကပ်မပါတဲ့ပုံပါ၊ တကယ်တော့ ဒီပုံက သူကိုယ်တိုင်တင်ထားတဲ့ ပုံမဟုတ်ဘဲ Marilyn Manson Wiki ဆိုတဲ့ Twitter က ဒီလို သူ့ရဲ့ မိတ်ကပ်မပါတဲ့ Snapshot ပုံကို တင်ထားခဲ့တာပါ။ သူ့ရဲ့ တက်ကြွရဲရင့်တဲ့ ပုံကနေ လုံးဝပြောင်းလဲသွားတာတော့ အသိသာကြီးပါပဲ။

Adele

Adele ရဲ့ Makeup Look ကတော့ ပါးရိုးပေါ်မှာ ပါးနီများများနဲ့ သွက်လက်တက်ကြွတဲ့ စတိုင်ပါ။ ဒါပေမယ့်  သူဟာ Instagram မှာလည်း မိတ်ကပ်ရော ၊ Filter ပါ မပါတဲ့ ပုံမျိုးလည်း တင်ဖို့ မကြောက်ရွံ့ပါဘူး။ သူ့ရဲ့ Instagram Account မှာဆိုရင် ခုလို မိတ်ကပ်မပါတဲ့ ပုံတွေအများကြီးတွေ့ရမှာ ဖြစ်ပြီး ဒါကြောင့်ပဲ Adele က “I don’t make music for eyes. I make music for ears.” လို့ ယုံကြည်မှုရှိရှိဆိုခဲ့တာပါ။

Taylor Swift

ဒီပုံကတော့ Taylor Swift မတ်လ ၂၀၁၅ ခုနှစ်က တင်ခဲ့တဲ့ပုံဖြစ်ပြီး ပြန်ဖျက်လိုက်တာလည်း ကြာပါပြီ။ “I woke up like this” ဆိုတဲ့ ဒီ Post မှာ သူဟာ ဆယ်လီတစ်ယောက်ဆိုတာထက် သာမန်ကောင်မလေးတစ်ယောက်နဲ့ ပိုတူနေခဲ့ပါတယ်။

Eva Longoria

မင်းသမီး Eva Longoria ဟာလည်း မိတ်ကပ်မပါတဲ့ သဘာဝရုပ်ရည်ကို အပြင်မှာရော၊ Social Media မှာပါ ပြသဖို့ ဝန်မလေးတဲ့ သူမျိုးပါ။ ဒါကြောင့်လည်းသူဟာ တောတွင်းခရီးသွားတဲ့ သဘာဝပုံတင်ခဲ့ပြီး မှဲ့ခြောက်နဲ့ အစက်ကလေးတွေကို သဘာဝအတိုင်းတွေ့ရမှာပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : thelist.com