[Zawgyi]

၂ဝ၂ဝခုႏွစ္မွာ ပလတ္စတစ္ပုိက္ေတြကုိ ဖယ္ရွားေတာ့မယ့္ Starbucks

ကမၻာေက်ာ္ေကာ္ဖီကုမၸဏီႀကီး Starbucks ဟာ ၂ဝ၂ဝခုႏွစ္ကုိေရာက္တဲ့အခါ သူ႕ရဲ႕ ဆုိင္ခြဲေတြအားလုံးမွာ လက္ရွိသုံးေနက် ပလတ္စတစ္ပုိက္ေတြကုိ ဖယ္ရွားေတာ့မယ္လုိ႔ တနလၤာေန႔တုန္းက ကတိျပဳခဲ့ပါတယ္။ ေကာ္ဖီဆုိင္ခြဲေပါင္း (၂၈,ဝဝဝ) ေက်ာ္ရွိတဲ့ Starbucks အေနနဲ႔ ပလတ္စတစ္ပစၥည္းေတြကုိ အသုံးမျပဳေတာ့ဘူးဆုိရင္ တစ္ႏွစ္အတြင္းမွာတင္ ပလတ္စတစ္ပုိက္ေပါင္း ၁ ဘီလီယံ (သန္း ၁,ဝဝဝ) ေက်ာ္ ေခြ်တာႏုိင္မယ္လုိ႔ သုံးသပ္ရပါတယ္။

ပလတ္စတစ္စြန္႔ပစ္ပစၥည္းေတြဟာ ဒီေန႔ေခတ္မွာ လူသားေတြကုိ ၿခိမ္းေျခာက္ေနတဲ့ ျပႆနာႀကီးပါ။ ေျမျပင္မွာ စြန္႔ပစ္လုိက္မယ္ဆုိရင္ေတာင္ ႏွစ္ေပါင္းမ်ားစြာၾကာတဲ့အထိ မေဆြးေျမ့သြားဘဲ ေျမဆီလႊာေတြကုိ ပ်က္စီးေစပါတယ္။ ၂ဝ၁၈ ခုႏွစ္အတြင္းမွာတင္ ကမၻာတစ္လႊားမွာ ပလတ္စတစ္တန္ခ်ိန္ သန္းေပါင္း (၃၈ဝ) အထိ ထုတ္လုပ္ေနတယ္လုိ႔ သိရပါတယ္။

ထုတ္လုပ္ခဲ့တဲ့ ပလတ္စတစ္ပမာဏထဲက (၉) ရာခုိင္ႏႈန္းသာ ျပန္လည္သုံးစြဲႏုိင္ခဲ့ၿပီး (၁၂) ရာခုိင္ႏႈန္းသာ မီးရႈိ႕ ၿပီး လ်ွပ္စစ္စြမ္းအင္အျဖစ္ ေျပာင္းလဲႏုိင္ခဲ့ပါတယ္။ က်န္တဲ့ (၇၉) ရာခုိင္ႏႈန္းနီးပါးက ေျမထု၊ ေရထုထဲကုိ ေရာက္ရွိကုန္ၿပီး သက္ရွိသတၱဝါေတြကုိ ထိခုိက္ေစပါတယ္။ ပလတ္စတစ္ပစၥည္းေတြကုိ စားသုံးမိၿပီး ငွက္အေကာင္ေရ တစ္သန္းနဲ႔ ပင္လယ္ႏုိ႔တုိက္သတၱဝါတစ္သိန္းေက်ာ္ ေသဆုံးေနရတယ္လုိ႔ ၿဗိတိန္အစုိးရက ထုတ္ျပန္ထားပါတယ္။ ဒါ့ေၾကာင့္ ကုမၸဏီႀကီးေတြက စြန္႔ပစ္ပစၥည္းျပႆနာကုိ တာဝန္ရွိတယ္လုိ႔ သုံးသပ္လာၿပီး ပလတ္စတစ္သုံးစြဲမႈကုိ အတက္ႏုိင္ဆုံးနည္းပါးလာေအာင္ ၾကံေဆာင္လာၾကတာျဖစ္ပါတယ္။

Starbucks အေနနဲ႔ ပလတ္စတစ္ပုိက္ေတြကုိ ဖယ္ရွားမယ္ဆုိရင္ ေကာ္ဖီဘူးမွာ ငုံေသာက္လုိ႔ရေအာင္ Sippy Cup ပုံစံ ဒီဇုိင္းဆြဲရမွာျဖစ္ပါတယ္။ ဒီဇုိင္းအသစ္ကုိေတာ့ Adult Sippy Cup လုိ႔ နာမည္ေပးထားၿပီး ၂ဝ၂ဝခုႏွစ္ေရာက္ရင္ လက္ေတြ႕အေကာင္အထည္ေဖာ္ဖြယ္ရွိပါတယ္။

Frappuccino ဟာ လိပ္ခုံးပုံအဖုံးကုိ သုံးထားေပမယ့္ ပုိက္ေတြကုိေတာ့ စကၠဴပုိက္ ဒါမွမဟုတ္ Cookie Straw ကုိပဲ အသုံးျပဳဖြယ္ရွိပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၂ဝခုနှစ်မှာ ပလတ်စတစ်ပိုက်တွေကို ဖယ်ရှားတော့မယ့် Starbucks

ကမ္ဘာကျော်ကော်ဖီကုမ္ပဏီကြီး Starbucks ဟာ ၂ဝ၂ဝခုနှစ်ကိုရောက်တဲ့အခါ သူ့ရဲ့ ဆိုင်ခွဲတွေအားလုံးမှာ လက်ရှိသုံးနေကျ ပလတ်စတစ်ပိုက်တွေကို ဖယ်ရှားတော့မယ်လို့ တနင်္လာနေ့တုန်းက ကတိပြုခဲ့ပါတယ်။ ကော်ဖီဆိုင်ခွဲပေါင်း (၂၈,ဝဝဝ) ကျော်ရှိတဲ့ Starbucks အနေနဲ့ ပလတ်စတစ်ပစ္စည်းတွေကို အသုံးမပြုတော့ဘူးဆိုရင် တစ်နှစ်အတွင်းမှာတင် ပလတ်စတစ်ပိုက်ပေါင်း ၁ ဘီလီယံ (သန်း ၁,ဝဝဝ) ကျော် ချွေတာနိုင်မယ်လို့ သုံးသပ်ရပါတယ်။

ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ ဒီနေ့ခေတ်မှာ လူသားတွေကို ခြိမ်းခြောက်နေတဲ့ ပြဿနာကြီးပါ။ မြေပြင်မှာ စွန့်ပစ်လိုက်မယ်ဆိုရင်တောင် နှစ်ပေါင်းများစွာကြာတဲ့အထိ မဆွေးမြေ့သွားဘဲ မြေဆီလွှာတွေကို ပျက်စီးစေပါတယ်။ ၂ဝ၁၈ ခုနှစ်အတွင်းမှာတင် ကမ္ဘာတစ်လွှားမှာ ပလတ်စတစ်တန်ချိန် သန်းပေါင်း (၃၈ဝ) အထိ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

ထုတ်လုပ်ခဲ့တဲ့ ပလတ်စတစ်ပမာဏထဲက (၉) ရာခိုင်နှုန်းသာ ပြန်လည်သုံးစွဲနိုင်ခဲ့ပြီး (၁၂) ရာခိုင်နှုန်းသာ မီးရှို့ ပြီး လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ကျန်တဲ့ (၇၉) ရာခိုင်နှုန်းနီးပါးက မြေထု၊ ရေထုထဲကို ရောက်ရှိကုန်ပြီး သက်ရှိသတ္တဝါတွေကို ထိခိုက်စေပါတယ်။ ပလတ်စတစ်ပစ္စည်းတွေကို စားသုံးမိပြီး ငှက်အကောင်ရေ တစ်သန်းနဲ့ ပင်လယ်နို့တိုက်သတ္တဝါတစ်သိန်းကျော် သေဆုံးနေရတယ်လို့ ဗြိတိန်အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် ကုမ္ပဏီကြီးတွေက စွန့်ပစ်ပစ္စည်းပြဿနာကို တာဝန်ရှိတယ်လို့ သုံးသပ်လာပြီး ပလတ်စတစ်သုံးစွဲမှုကို အတက်နိုင်ဆုံးနည်းပါးလာအောင် ကြံဆောင်လာကြတာဖြစ်ပါတယ်။

Starbucks အနေနဲ့ ပလတ်စတစ်ပိုက်တွေကို ဖယ်ရှားမယ်ဆိုရင် ကော်ဖီဘူးမှာ ငုံသောက်လို့ရအောင် Sippy Cup ပုံစံ ဒီဇိုင်းဆွဲရမှာဖြစ်ပါတယ်။ ဒီဇိုင်းအသစ်ကိုတော့ Adult Sippy Cup လို့ နာမည်ပေးထားပြီး ၂ဝ၂ဝခုနှစ်ရောက်ရင် လက်တွေ့အကောင်အထည်ဖော်ဖွယ်ရှိပါတယ်။

Frappuccino ဟာ လိပ်ခုံးပုံအဖုံးကို သုံးထားပေမယ့် ပိုက်တွေကိုတော့ စက္ကူပိုက် ဒါမှမဟုတ် Cookie Straw ကိုပဲ အသုံးပြုဖွယ်ရှိပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com