[Zawgyi]

Starbucks ရဲ႕ ပဲ့ကုိင္ရွင္ႀကီး Howard Schultz ဟာ Executive Chairman ရာထူးက ႏႈတ္ထြက္သြားၿပီ

Starbucks Corporation ရဲ႕ Executive Chairman တာဝန္ကုိ ထမ္းေဆာင္ေနတဲ့ Howard Schultz ဟာ ရာထူးက ႏႈတ္ထြက္ၿပီလုိ႔ ဇြန္လ (၄) ရက္ေန႔မွာ တရားဝင္ေၾကညာခဲ့ပါတယ္။ သူဟာ Executive Chairman ရာထူးေရာ ဘုတ္အဖြဲ႕ဝင္အျဖစ္ပါ ႏႈတ္ထြက္ေၾကာင္း ေၾကညာခဲ့တာျဖစ္ၿပီး သူ႕ရဲ႕တာဝန္ေတြကုိ ဇြန္လ (၂၆) ရက္ေန႔မွာ အဆုံးသတ္ေတာ့မွာျဖစ္ပါတယ္။ သူဟာ ေကာ္ဖီေစ့ေရာင္းတဲ့ Starbucks ဆုိင္ကုိ ကမၻာေက်ာ္ေကာ္ဖီဆုိင္ႀကီးျဖစ္သြားေအာင္ လမ္းညႊန္ခဲ့တဲ့ ပဲ့ကုိင္ရွင္ႀကီးဆုိလည္း မမွားပါဘူး။ သူ႕အေၾကာင္းကုိ အၾကမ္းဖ်ဥ္း ျပန္ေျပာၾကည့္ရေအာင္။

Starbucks Executive Chairman Howard Schultz

Starbucks Executive Chairman Howard Schultz

Howard Schultz ကုိ အေမရိကန္ႏုိင္ငံ နယူးေယာက္ၿမိဳ႕မွာ ၁၉၅၃ခုႏွစ္ ဇူလုိင္လ (၁၉) ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ ၁၉၇၅ခုႏွစ္မွာ Northern Michigan University က ဘြဲ႕ရခဲ့ၿပီး Xerox Corporation မွာ အေရာင္းကုိယ္စားလွယ္အျဖစ္ လုပ္ကုိင္ခဲ့ပါတယ္။ လူသုံးကုန္ပစၥည္းထုတ္လုပ္တဲ့ ဆြီဒင္ကုမၸဏီ Hammarplast မွာ General Manager တာဝန္ယူခဲ့ၿပီး  ၁၉၈၂ခုႏွစ္မွာ Starbucks ရဲ႕ Director of Marketing ျဖစ္လာခဲ့ပါတယ္။ ဒီေနရာမွာ Hammarplast လုိ ကုမၸဏီႀကီးတစ္ခုကေန Starbucks လုိ ကုမၸဏီငယ္ကုိ ေျပာင္းေရႊ႕ရဲတဲ့သတၱိက နည္းနည္းေနာေနာေတာ့ မဟုတ္ပါဘူး။ အီတလီႏုိင္ငံကုိ အလုပ္ကိစၥနဲ႔ ေရာက္သြားေတာ့ လမ္းတုိင္းမွာ ေကာ္ဖီဘားေတြကုိ ေတြ႕ခဲ့ရတယ္။ ေကာ္ဖီေစ့ေရာင္းမယ့္အစား ေကာ္ဖီေရာင္းမယ္ဆုိရင္ လူႀကိဳက္ပုိမ်ားႏုိင္တယ္လုိ႔ ကုမၸဏီပုိင္ရွင္နဲ႔ ရင္းႏွီးျမွဳပ္ႏွံသူေတြကုိ တင္ျပေပမယ့္ ဘယ္သူမွ လက္မခံခဲ့ပါဘူး။ စိတ္ပ်က္သြားေပမယ့္ ျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္ကုိေတာ့ အေပ်ာက္မခံပါဘူး။

Howard Schultz

Howard Schultz

၁၉၈၅ခုႏွစ္မွာ Starbucks ကုမၸဏီမွ ထြက္ခြာသြားခဲ့တယ္။ သူဟာ ကုိယ္ပုိင္စတုိးဆုိင္တစ္ခု ေထာင္ခ်င္တယ္။ အရင္းႏွီးက ေဒၚလာ၄သိန္းနီးပါး ကုန္မွာဆုိေတာ့ မတက္ႏုိင္ခဲ့ဘူး။ အဲဒီအခ်ိန္မွာ သူ႕မိန္းမကလည္း ကုိယ္ဝန္ႀကီးနဲ႔ပါ။ လုပ္ေဖာ္ကုိင္ဖက္ေဟာင္းေတြျဖစ္တဲ့ Starbucks တည္ေထာင္သူ Jerry Baldwin နဲ႔ Gordon Bowker တုိ႔က ပုိက္ဆံေခ်းေပးလုိက္တယ္။ “Il Giornale” ဆုိတဲ့ စတုိးဆုိင္ေလးမွာ ေရခဲမုန္႔နဲ႔ ေကာ္ဖီအျပင္ ေနာက္ခံတီးလုံးေလးနဲ႔ အီတလီအေငြ႕အသက္ပါေအာင္ ျပင္ဆင္ထားလုိက္ပါတယ္။ “Il Giornale” ဆုိတဲ့ ဆုိင္နာမည္ကလည္း အီတလီသတင္းစာရဲ႕နာမည္ကုိ ယူထားလုိက္တာပါ။ အီတလီပုံစံဖမ္းထားတဲ့ ေကာ္ဖီဆုိင္ေလးဟာ အေမရိကန္ႏုိင္ငံမွာ ေန႔ခ်င္းညခ်င္း ေအာင္ျမင္ခဲ့ပါတယ္။ ၁၉၈၇ခုႏွစ္မွာ မူလ Starbucks ကုမၸဏီကုိ အေမရိကန္ေဒၚလာ ၃.၈သန္း ေပးၿပီး ဝယ္လုိက္တယ္။ သူ႕အၾကံေအာင္ပါၿပီ။ ေကာ္ဖီေစ့ပဲ ေရာင္းတဲ့ Starbucks ကုမၸဏီကုိ ေကာ္ဖီပါ ေရာင္းခ်ႏုိင္ေအာင္ စီစဥ္ႏုိင္ခဲ့တယ္။

Starbucks Coffee Shop

Starbucks Coffee Shop

ဆယ္စုႏွစ္တစ္ခုအတြင္းမွာ Starbucks ေကာ္ဖီဆုိင္ဟာလည္း ကမၻာ့ထိပ္တန္းျဖစ္လာခဲ့ပါတယ္။ ၂ဝဝ၈ခုႏွစ္ ဇန္နဝါရီလ (၈) ရက္ေန႔မွာ Starbucks ကုမၸဏီရဲ႕ CEO အျဖစ္ တာဝန္ယူခဲ့တယ္။ ၂ဝ၁၇ခုႏွစ္ ဧၿပီလ ၃ရက္ေန႔မွာ CEO ရာထူးမွ ႏႈတ္ထြက္ၿပီး Executive Chairman အျဖစ္ တာဝန္ယူပါတယ္။ မထင္မရွားေကာ္ဖီေစ့ဆုိင္ကေန အခုဆုိရင္ ကမၻာတစ္လႊား (၇၇) ႏုိင္ငံမွာ Starbucks ေကာ္ဖီဆုိင္ေပါင္း (၂၈,ဝဝဝ) ေက်ာ္ရွိလာပါၿပီ။ Starbucks ရဲ႕ အဓိကေအာင္ျမင္ခ်က္ဟာ ဝန္ထမ္းေတြရဲ႕တုိးတက္လမ္းကုိ ရင္းႏွီးျမွဳပ္ႏွံေပးတာျဖစ္ပါတယ္။ ၂ဝ၁၆ခုႏွစ္တုန္းက အေမရိကန္ႏုိင္ငံမွာရွိတဲ့ ဝန္ထမ္းေတြအားလုံးကုိ လစာ ၅ ရာခုိင္ႏႈန္းမွ ၁၅ ရာခုိင္ႏႈန္းအထိ တုိးျမွင့္ေပးခဲ့သလုိ College Achievement Plan ေတြကုိ သတ္မွတ္ၿပီး ဝန္ထမ္းေတြရဲ႕ပညာေရးကုိ ၾကည့္ရႈခဲ့သူပါ။

Starbucks Coffee Employee

Starbucks Coffee Employee

Howard Schultz ရဲ႕ ဂုဏ္သတင္းေတြေၾကာင့္ ၂ဝ၁၁ခုႏွစ္မွာ Fortune မဂၢဇင္းက ‘Businessperson of the Year’ အျဖစ္ ေရြးခ်ယ္ခဲ့ပါတယ္။ သူ႕ရဲ႕အသားတင္ၾကြယ္ဝမႈဟာ ၂.၈ ဘီလီယံ (၂,၈ဝဝ သန္း) ရွိတယ္လုိ႔ Forbes မဂၢဇင္းရဲ႕အဆုိအရ သိရပါတယ္။ Starbucks Corporation ရဲ႕ ကိစၥအဝဝကုိ ပါဝင္ေတာ့မွာ မဟုတ္ေပမယ့္ သူ႕ရဲ႕စြမ္းစြမ္းတမံလုပ္ေဆာင္ခ်က္ေတြေၾကာင့္ ဘုတ္အဖြဲ႕ဟာ ဂုဏ္ထူးေဆာင္နာယကအျဖစ္ ဆက္လက္ဂုဏ္ျပဳဦးမွာပါ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Starbucks ရဲ့ ပဲ့ကိုင်ရှင်ကြီး Howard Schultz ဟာ Executive Chairman ရာထူးက နှုတ်ထွက်သွားပြီ

Starbucks Corporation ရဲ့ Executive Chairman တာဝန်ကို ထမ်းဆောင်နေတဲ့ Howard Schultz ဟာ ရာထူးက နှုတ်ထွက်ပြီလို့ ဇွန်လ (၄) ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။ သူဟာ Executive Chairman ရာထူးရော ဘုတ်အဖွဲ့ဝင်အဖြစ်ပါ နှုတ်ထွက်ကြောင်း ကြေညာခဲ့တာဖြစ်ပြီး သူ့ရဲ့တာဝန်တွေကို ဇွန်လ (၂၆) ရက်နေ့မှာ အဆုံးသတ်တော့မှာဖြစ်ပါတယ်။ သူဟာ ကော်ဖီစေ့ရောင်းတဲ့ Starbucks ဆိုင်ကို ကမ္ဘာကျော်ကော်ဖီဆိုင်ကြီးဖြစ်သွားအောင် လမ်းညွှန်ခဲ့တဲ့ ပဲ့ကိုင်ရှင်ကြီးဆိုလည်း မမှားပါဘူး။ သူ့အကြောင်းကို အကြမ်းဖျဉ်း ပြန်ပြောကြည့်ရအောင်။

Starbucks Executive Chairman Howard Schultz

Starbucks Executive Chairman Howard Schultz

Howard Schultz ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ၁၉၅၃ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၇၅ခုနှစ်မှာ Northern Michigan University က ဘွဲ့ရခဲ့ပြီး Xerox Corporation မှာ အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ လူသုံးကုန်ပစ္စည်းထုတ်လုပ်တဲ့ ဆွီဒင်ကုမ္ပဏီ Hammarplast မှာ General Manager တာဝန်ယူခဲ့ပြီး  ၁၉၈၂ခုနှစ်မှာ Starbucks ရဲ့ Director of Marketing ဖြစ်လာခဲ့ပါတယ်။ ဒီနေရာမှာ Hammarplast လို ကုမ္ပဏီကြီးတစ်ခုကနေ Starbucks လို ကုမ္ပဏီငယ်ကို ပြောင်းရွှေ့ရဲတဲ့သတ္တိက နည်းနည်းနောနောတော့ မဟုတ်ပါဘူး။ အီတလီနိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်သွားတော့ လမ်းတိုင်းမှာ ကော်ဖီဘားတွေကို တွေ့ခဲ့ရတယ်။ ကော်ဖီစေ့ရောင်းမယ့်အစား ကော်ဖီရောင်းမယ်ဆိုရင် လူကြိုက်ပိုများနိုင်တယ်လို့ ကုမ္ပဏီပိုင်ရှင်နဲ့ ရင်းနှီးမြှုပ်နှံသူတွေကို တင်ပြပေမယ့် ဘယ်သူမှ လက်မခံခဲ့ပါဘူး။ စိတ်ပျက်သွားပေမယ့် ဖြစ်ချင်တဲ့ ရည်မှန်းချက်ကိုတော့ အပျောက်မခံပါဘူး။

Howard Schultz

Howard Schultz

၁၉၈၅ခုနှစ်မှာ Starbucks ကုမ္ပဏီမှ ထွက်ခွာသွားခဲ့တယ်။ သူဟာ ကိုယ်ပိုင်စတိုးဆိုင်တစ်ခု ထောင်ချင်တယ်။ အရင်းနှီးက ဒေါ်လာ၄သိန်းနီးပါး ကုန်မှာဆိုတော့ မတက်နိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ သူ့မိန်းမကလည်း ကိုယ်ဝန်ကြီးနဲ့ပါ။ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်တဲ့ Starbucks တည်ထောင်သူ Jerry Baldwin နဲ့ Gordon Bowker တို့က ပိုက်ဆံချေးပေးလိုက်တယ်။ “Il Giornale” ဆိုတဲ့ စတိုးဆိုင်လေးမှာ ရေခဲမုန့်နဲ့ ကော်ဖီအပြင် နောက်ခံတီးလုံးလေးနဲ့ အီတလီအငွေ့အသက်ပါအောင် ပြင်ဆင်ထားလိုက်ပါတယ်။ “Il Giornale” ဆိုတဲ့ ဆိုင်နာမည်ကလည်း အီတလီသတင်းစာရဲ့နာမည်ကို ယူထားလိုက်တာပါ။ အီတလီပုံစံဖမ်းထားတဲ့ ကော်ဖီဆိုင်လေးဟာ အမေရိကန်နိုင်ငံမှာ နေ့ချင်းညချင်း အောင်မြင်ခဲ့ပါတယ်။ ၁၉၈၇ခုနှစ်မှာ မူလ Starbucks ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၃.၈သန်း ပေးပြီး ဝယ်လိုက်တယ်။ သူ့အကြံအောင်ပါပြီ။ ကော်ဖီစေ့ပဲ ရောင်းတဲ့ Starbucks ကုမ္ပဏီကို ကော်ဖီပါ ရောင်းချနိုင်အောင် စီစဉ်နိုင်ခဲ့တယ်။

Starbucks Coffee Shop

Starbucks Coffee Shop

ဆယ်စုနှစ်တစ်ခုအတွင်းမှာ Starbucks ကော်ဖီဆိုင်ဟာလည်း ကမ္ဘာ့ထိပ်တန်းဖြစ်လာခဲ့ပါတယ်။ ၂ဝဝ၈ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့မှာ Starbucks ကုမ္ပဏီရဲ့ CEO အဖြစ် တာဝန်ယူခဲ့တယ်။ ၂ဝ၁၇ခုနှစ် ဧပြီလ ၃ရက်နေ့မှာ CEO ရာထူးမှ နှုတ်ထွက်ပြီး Executive Chairman အဖြစ် တာဝန်ယူပါတယ်။ မထင်မရှားကော်ဖီစေ့ဆိုင်ကနေ အခုဆိုရင် ကမ္ဘာတစ်လွှား (၇၇) နိုင်ငံမှာ Starbucks ကော်ဖီဆိုင်ပေါင်း (၂၈,ဝဝဝ) ကျော်ရှိလာပါပြီ။ Starbucks ရဲ့ အဓိကအောင်မြင်ချက်ဟာ ဝန်ထမ်းတွေရဲ့တိုးတက်လမ်းကို ရင်းနှီးမြှုပ်နှံပေးတာဖြစ်ပါတယ်။ ၂ဝ၁၆ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာရှိတဲ့ ဝန်ထမ်းတွေအားလုံးကို လစာ ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးခဲ့သလို College Achievement Plan တွေကို သတ်မှတ်ပြီး ဝန်ထမ်းတွေရဲ့ပညာရေးကို ကြည့်ရှုခဲ့သူပါ။

Starbucks Coffee Employee

Starbucks Coffee Employee

Howard Schultz ရဲ့ ဂုဏ်သတင်းတွေကြောင့် ၂ဝ၁၁ခုနှစ်မှာ Fortune မဂ္ဂဇင်းက ‘Businessperson of the Year’ အဖြစ် ရွေးချယ်ခဲ့ပါတယ်။ သူ့ရဲ့အသားတင်ကြွယ်ဝမှုဟာ ၂.၈ ဘီလီယံ (၂,၈ဝဝ သန်း) ရှိတယ်လို့ Forbes မဂ္ဂဇင်းရဲ့အဆိုအရ သိရပါတယ်။ Starbucks Corporation ရဲ့ ကိစ္စအဝဝကို ပါဝင်တော့မှာ မဟုတ်ပေမယ့် သူ့ရဲ့စွမ်းစွမ်းတမံလုပ်ဆောင်ချက်တွေကြောင့် ဘုတ်အဖွဲ့ဟာ ဂုဏ်ထူးဆောင်နာယကအဖြစ် ဆက်လက်ဂုဏ်ပြုဦးမှာပါ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com