ဒီနှစ်ဒီဇင်ဘာလမှာ ထွက်မယ့် Star Wars Episode Vlll အတွက် Lucusfilm ကနေ Title နဲ့ ပိုစတာသစ်တစ်ခုကို ထုတ်ဖော်လိုက်ပါတယ်။ ဇာတ်ကားနာမည်ကို Star Wars: The Last Jedi  လို့ ပေးထားတာဖြစ်ပါတယ်။

ဒါရိုက်တာ Rian Johnson ရိုက်ကူးမယ့် ဇာတ်ကားသစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်က ထွက်ခဲ့တဲ့ ဒါရိုက်တာ J.J.Abrams ရဲ့ The Force Awakens ပြီးနောက် ဆက်လက်ထွက်ရှိလာမယ့် ဇာတ်ကားပဲ ဖြစပါတယ်။ Daisy Ridley ရဲ့ Rey ဟာ ဇာတ်ကားမှာ Lightsaber ဟောင်းကြီးကို လုခ်စကိုင်းဝေါ့ကာထံ ပြန်လည်အပ်နှံပြီးနာက် ဇာတ်လမ်းကို ပြန်လည်ဆက်မှာပါ။

Mark Hamill ရဲ့ သြဇာကြီးမားတဲ့ ရုပ်ရှင်ဇာတ်ကောင်ဟာ ၃၅နှစ်နီးပါး ပျောက်ကွယ်နေရာကနေ ဒီဇာတ်ကားမှာ အဓိကအနေနဲ့ ပြန်လည်ပါဝင်မှာဖြစ်တာကြောင့် ဖန်တွေအားလုံးကလည်း စိတ်ဝင်စားနေကြပါတယ်။

ဇာတ်လမ်းကို ပြန်ပြောရရင် Star Wars: The Farce of Awakens ဟာ Luke အနေနဲ့ The Empire ကို Rebel တွေ အနိုင်ရပြီးနောက်ပိုင်းမှာ Jedi တွေကို Train လုပ်ပြီးနေခဲ့ပါတယ်။ အဲ့ဒီအထဲက Han Solo နဲ့ Leia Organa တို့ရဲ့ သားဖြစ်သူဟာ Dark Side ဖက်ကို ပြောင်းလဲသွားပြီး Kylo Ren လို့ နာမည်ပြောင်းခဲ့ကာ Skywalker ဟာလည်း သတ်ဖြတ်မှုတွေပြီးနောက် ပျောက်ကွယ်သွားခဲ့တာကြောင့် မြေပုံကိုရှာဖွေပြီး လုခ်နောက်ကို Rey က လိုက်လာခဲ့တာပါ။

ဒီ The Last Jedi ဆိုတဲ့ နာမည်ဟာ Fans တွေအတွက်တော့ အနည်းငယ် ရင်းနှီးနေမှာပါ။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းက စာရေးဆရာတွေဖြစ်တဲ့ Michael Reaves နဲ့ Maya Kaathryn Bohnhoff တို့ဟာ The Last Jedi လို့ခေါ်တဲ့ နာမည်နဲ့ Revenge of the Sith ပြီးနောက် ဆက်လက်ဖြစ်ပျက်မှုတွေကို ဝတ္ထုတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ ယခုတစ်ခါမှာတော့ ဇာတ်ကားနာမည်နဲ့ တရားဝင်ပေါ်ထွက်လာခဲ့တာပါ။

Star Wars Episode VIII: The Last Jedi (2017) ကို လာမယ့် ဒီဇင်ဘာလ ၁၅ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Ref: The Verge