MCU တျဖစ္လဲ Marvel Cinematic Universe ဟာ ေနာက္ကြယ္က ဖန္တီးရွင္ Stan Lee သာ မရွိခဲ့ရင္ အခုလုိမ်ိဳး ေအာင္ျမင္မႈေတြကို ရရွိဖုိ႔ဆုိတာ ျဖစ္ႏုိင္မွာမဟုတ္တဲ့ ကိစၥရပ္တစ္ခုပါ။ Marvel Comic Writer Stan Lee သာ မရွိခဲ့ရင္ Iron Man က Fantastic Four နဲ႔ ပူးေပါင္းတဲ့ကိစၥေတြ၊ Captain America ကို Doctor Strange နဲ႔အတူ မဂၤလာပြဲတက္ေရာက္တာေတြ ဒါေတြအကုန္ျမင္ေတြ႕ခဲ့ရမွာမဟုတ္ပါဘူး။ အခု ၂၀၁၈ ခုႏွစ္ ႏုိဝင္ဘာလ ၁၂ ရက္ေန႔ Los Angeles ၊ California မွာ ရွိတဲ့ Cedars-Sinai Medical Center မွာ အသက္ ၉၅ ႏွစ္နဲ႔ သူဖန္တီးခဲ့တဲ့ Marvel Universe ကေန ေၾကြလြင့္သြားျပီျဖစ္ပါတယ္။

Stan Lee

Stan Lee ရဲ႕ ေသဆံုးမႈဟာ Marvel Superhero ကို ႏွစ္သက္သေဘာက်တဲ့ Marvel Fans ေတြအပါအဝင္ Comic Book ေတြမဟုတ္တဲ့ အခု Avengers : Infinity War ရုပ္ရွင္အထိ ျဖစ္လာေစခဲ့တဲ့ Iron Man ၊ Captain America ၊ Spider-Man ၊ Doctor Strange နဲ႔ Black Panther လုိရုပ္ရွင္ေတြကို ၾကိဳက္ႏွစ္သက္ခဲ့တဲ့သူေတြအတြက္ပါ ၾကီးမားတဲ့ ဆံုးရႈံးမႈတစ္ခုျဖစ္လာတာပါ။

အခုလုိမ်ိဳး Stan Lee ရဲ႕ ေသဆံုးမႈမွာ Stan Lee ရဲ႕ သမီးျဖစ္တဲ့ J.C. Lee က Reuters သတင္းဌာနကို “အေဖ့အေနနဲ႔ သူရဲ႕ Fans ေတြကို ေလးစားမႈတစ္ခုအေနနဲ႔ ေနာက္ဆံုးအခ်ိန္အထိ ဆက္လက္ဖန္တီးမႈေတြကိုျပဳလုပ္ခဲ့ျပီးေတာ့ သူ႔ရဲ႕ အလုပ္ကို ခ်စ္ေၾကာင္းနဲ႔ အခုလုိမ်ိဳး ေနထိုင္ရတာကို အလြန္ၾကိဳက္ႏွစ္သက္ခဲ့ပါတယ္။ သူ႔ရဲ႕ မိသားစုက သူ႔ကို ခ်စ္သလုိပဲ သူ႔ရဲ႕ ပရိသတ္ေတြကလည္း ခ်စ္ျပီးေတာ့ လံုးဝကို အစားထုိးလုိ႔မရတဲ့သူတစ္ေယာက္ပါ” လုိ႔ေျပာၾကားခဲ့ပါတယ္။

Stan Lee

Stan Lee ဟာ ၁၉၂၂ ခုႏွစ္မွာ ေမြးဖြားခဲ့တာျဖစ္ျပီး ကေလးဘဝဟာ အလြန္ကိုစိတ္ဓါတ္က်ဖို႔ေကာင္းေလာက္ေအာင္ ျဖတ္သန္းခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအေၾကာင္းကိုလည္း ၂၀၀၂ ခုႏွစ္က ျဖန္႔ခ်ီခဲ့တဲ့ သူရဲ႕ Autobiography Excelsior! မွာ အဲ့ဒီအခ်ိန္တုန္းက သူ႕ရဲ႕ ဖခင္ျဖစ္သူက အလုပ္အတည္တက်ျဖစ္ဖုိ႔အတြက္ ဘယ္ေလာက္ေတာင္ၾကိဳးစားခဲ့ရတယ္ဆုိတာက သူ႕ကို တသက္လံုးအတြက္ Effect ျဖစ္ခဲ့တယ္လုိ႔ ေျပာၾကားခဲ့ဖူးပါတယ္။ အဲ့ဒါေၾကာင့္မ်ား အသက္ ၁၇ ႏွစ္က စတင္ျပီးေတာ့ Superhero ေတြအတြက္ Script ေတြစတင္ေရးသားခဲ့ျပီး အခုအခ်ိန္အထိ တျခားေသာသူေတြအတြက္အမွတ္ရဖြယ္ ကေလးဘဝေတြကို ဖန္တီးေပးခဲ့တာလားဆုိတာက စဥ္းစားစရာပါ။

Stan Lee Cameo in Spider-Man

Stan Lee ဟာ Marvel ရုပ္ရွင္ေတြျဖစ္တဲ့ Spider-Man ၊ Iron Man ၊ Thor ၊ Doctor Strange ၊ Ant-Man နဲ႔ Avengers အပါအဝင္ ရုပ္ရွင္ေတြအမ်ားအျပားမွာ ပါဝင္ခဲ့ျပီးေတာ့ အခုမၾကာခင္ဆက္ျပီး ျပသဖုိ႔ရွိတဲ့ Avengers 4 အတြက္လည္း Cameo ကို ရုိက္ကူးခဲ့ျပီးျပီလုိ႔ သိရတဲ့အတြက္ ဒီ Avengers 4 က ေနာက္ဆံုးေသာ Stan Lee အေနနဲ႔ Cameo အေနနဲ႔ပါဝင္တာက ေနာက္ဆံုးေသာ Marvel ရုပ္ရွင္ျဖစ္လာႏုိင္ပါတယ္။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

MCU တဖြစ်လဲ Marvel Cinematic Universe ဟာ နောက်ကွယ်က ဖန်တီးရှင် Stan Lee သာ မရှိခဲ့ရင် အခုလိုမျိုး အောင်မြင်မှုတွေကို ရရှိဖို့ဆိုတာ ဖြစ်နိုင်မှာမဟုတ်တဲ့ ကိစ္စရပ်တစ်ခုပါ။ Marvel Comic Writer Stan Lee သာ မရှိခဲ့ရင် Iron Man က Fantastic Four နဲ့ ပူးပေါင်းတဲ့ကိစ္စတွေ၊ Captain America ကို Doctor Strange နဲ့အတူ မင်္ဂလာပွဲတက်ရောက်တာတွေ ဒါတွေအကုန်မြင်တွေ့ခဲ့ရမှာမဟုတ်ပါဘူး။ အခု ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ Los Angeles ၊ California မှာ ရှိတဲ့ Cedars-Sinai Medical Center မှာ အသက် ၉၅ နှစ်နဲ့ သူဖန်တီးခဲ့တဲ့ Marvel Universe ကနေ ကြွေလွင့်သွားပြီဖြစ်ပါတယ်။

Stan Lee

Stan Lee ရဲ့ သေဆုံးမှုဟာ Marvel Superhero ကို နှစ်သက်သဘောကျတဲ့ Marvel Fans တွေအပါအဝင် Comic Book တွေမဟုတ်တဲ့ အခု Avengers : Infinity War ရုပ်ရှင်အထိ ဖြစ်လာစေခဲ့တဲ့ Iron Man ၊ Captain America ၊ Spider-Man ၊ Doctor Strange နဲ့ Black Panther လိုရုပ်ရှင်တွေကို ကြိုက်နှစ်သက်ခဲ့တဲ့သူတွေအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်လာတာပါ။

အခုလိုမျိုး Stan Lee ရဲ့ သေဆုံးမှုမှာ Stan Lee ရဲ့ သမီးဖြစ်တဲ့ J.C. Lee က Reuters သတင်းဌာနကို “အဖေ့အနေနဲ့ သူရဲ့ Fans တွေကို လေးစားမှုတစ်ခုအနေနဲ့ နောက်ဆုံးအချိန်အထိ ဆက်လက်ဖန်တီးမှုတွေကိုပြုလုပ်ခဲ့ပြီးတော့ သူ့ရဲ့ အလုပ်ကို ချစ်ကြောင်းနဲ့ အခုလိုမျိုး နေထိုင်ရတာကို အလွန်ကြိုက်နှစ်သက်ခဲ့ပါတယ်။ သူ့ရဲ့ မိသားစုက သူ့ကို ချစ်သလိုပဲ သူ့ရဲ့ ပရိသတ်တွေကလည်း ချစ်ပြီးတော့ လုံးဝကို အစားထိုးလို့မရတဲ့သူတစ်ယောက်ပါ” လို့ပြောကြားခဲ့ပါတယ်။

Stan Lee

Stan Lee ဟာ ၁၉၂၂ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးဘဝဟာ အလွန်ကိုစိတ်ဓါတ်ကျဖို့ကောင်းလောက်အောင် ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း ၂၀၀၂ ခုနှစ်က ဖြန့်ချီခဲ့တဲ့ သူရဲ့ Autobiography Excelsior! မှာ အဲ့ဒီအချိန်တုန်းက သူ့ရဲ့ ဖခင်ဖြစ်သူက အလုပ်အတည်တကျဖြစ်ဖို့အတွက် ဘယ်လောက်တောင်ကြိုးစားခဲ့ရတယ်ဆိုတာက သူ့ကို တသက်လုံးအတွက် Effect ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့်များ အသက် ၁၇ နှစ်က စတင်ပြီးတော့ Superhero တွေအတွက် Script တွေစတင်ရေးသားခဲ့ပြီး အခုအချိန်အထိ တခြားသောသူတွေအတွက်အမှတ်ရဖွယ် ကလေးဘဝတွေကို ဖန်တီးပေးခဲ့တာလားဆိုတာက စဉ်းစားစရာပါ။

Stan Lee Cameo in Spider-Man

Stan Lee ဟာ Marvel ရုပ်ရှင်တွေဖြစ်တဲ့ Spider-Man ၊ Iron Man ၊ Thor ၊ Doctor Strange ၊ Ant-Man နဲ့ Avengers အပါအဝင် ရုပ်ရှင်တွေအများအပြားမှာ ပါဝင်ခဲ့ပြီးတော့ အခုမကြာခင်ဆက်ပြီး ပြသဖို့ရှိတဲ့ Avengers 4 အတွက်လည်း Cameo ကို ရိုက်ကူးခဲ့ပြီးပြီလို့ သိရတဲ့အတွက် ဒီ Avengers 4 က နောက်ဆုံးသော Stan Lee အနေနဲ့ Cameo အနေနဲ့ပါဝင်တာက နောက်ဆုံးသော Marvel ရုပ်ရှင်ဖြစ်လာနိုင်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com