[Zawgyi]

အသက္ႀကီးေပမယ့္လည္း မပ်က္စီးေသးတဲ့ မင္းသားႀကီး Stallone

Sylvester Stallone ဟာ အခုဆိုရင္ အသက္ ၇၂ နွွစ္ရွိပါၿပီ။ Stallone ကို ၁၉၄၆ ခုနွစ္ ဇူလိုင္လ ၆ ရက္ေန႔မွာ ေမြးခဲ့တာျဖစ္ပါတယ္။ အိမ္ေထာင္သံုးဆက္ရွိၿပီး အခုေနာက္ဆံုးအိမ္ေထာင္ဆက္ကို ေတာ့ ၁၉၉၇ ခုနွစ္မွာလက္ထပ္ခဲ့တာလည္း ျဖစ္ပါတယ္။ လက္ရွိဇနီး နာမည္ကေတာ့ Jennifer Flavin ပဲျဖစ္ၿပီး သူမကေတာ့ အသက္ ၄၉ နွစ္ရွိပါၿပီ။

စတားလံုး နဲ႔ သူရဲ ႔လက္ရွိ အမ်ိဳးသမီး

Stallone ဟာ ကေလး ၅ ေယာက္ရဲ ႔ဖခင္လည္း ျဖစ္ပါတယ္။ အသက္ႀကီးေပမယ့္ လို႔မပ်က္စီးေသးတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားၿပီး လက္ရွိအခ်ိန္မွာ မိသားစုနဲ႔ ဘဝကိုေပ်ာ္ရႊင္စြာျဖတ္သန္းေနသူတစ္ဦးျဖစ္ပါတယ္။

သမီး သံုးေယာက္နဲ႔ အတူေတြ႔ရတဲ့ မင္းသားႀကီး စတားလံုး

စတားလံုးရဲ ႔ သမီးသံုးေယာက္အနက္ အႀကီးဆံုးသမီး

Stallone ဟာ Jennifer Flavin နဲ႔လက္ထပ္ၿပီးတဲ့ ေနာက္မွာ Sophia ၊ Sistine နဲ ႔ Scarlet ဆိုတဲ့ သမီးသံုးေယာက္ကို ေမြးခဲ့ပါတယ္။ ဇာတ္ကားေပါင္းမ်ားစြာကို ရိုက္ကူးခဲ့ၿပီး မင္းသား ၊ ဒါရိုက္တာ အျပင္ ရုပ္ရွင္ထုတ္လုပ္သူတစ္ဦးအေနနဲ႔ပါ နာမည္ေက်ာ္ၾကား သူတစ္ဦးလည္း ျဖစ္ပါတယ္။

 

စတားလံုး နဲ႔ ဂ်က္ကီခ်န္း

အာနိုး နဲ႔ စတားလံုး

သူပါဝင္ထားတဲ့  Escape Plan 2: Hades(2018) ကေတာ့ ထြက္ရွိထားပါတယ္။  မင္းသားႀကီး Stallone ဟာ Creed I (2015) နဲ႔ Golden Globe ဆုကိုလည္း ရရွိခဲ့ဖူးၿပီး အခု Creed II (2018) ကေတာ့ လာမယ့္နိုဝင္ဘာလ ၂၁ ရက္ေန႔မွာ ထြက္ရွိမွာျဖစ္ပါတယ္။ လာမယ့္ ၂၀၁၉ ခုနွစ္ထဲမွာ  မင္းသားႀကီး Stallone ရဲ ႔နာမည္ေက်ာ္ Rambo ဇာတ္လမ္းျဖစ္တဲ့  Rambo V (2019) မွာ လည္း ျပန္လည္ေတြ႔ျမင္ရဦးမွာ ျဖစ္ပါတယ္။

Photo Credit: Stallone Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

အသက်ကြီးပေမယ့်လည်း မပျက်စီးသေးတဲ့ မင်းသားကြီး Stallone

Sylvester Stallone ဟာ အခုဆိုရင် အသက် ၇၂ နှစ်ရှိပါပြီ။ Stallone ကို ၁၉၄၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှာ မွေးခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်သုံးဆက်ရှိပြီး အခုနောက်ဆုံးအိမ်ထောင်ဆက်ကို တော့ ၁၉၉၇ ခုနှစ်မှာလက်ထပ်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိဇနီး နာမည်ကတော့ Jennifer Flavin ပဲဖြစ်ပြီး သူမကတော့ အသက် ၄၉ နှစ်ရှိပါပြီ။

စတားလုံး နဲ့ သူရဲ့လက်ရှိ အမျိုးသမီး

Stallone ဟာ ကလေး ၅ ယောက်ရဲ့ဖခင်လည်း ဖြစ်ပါတယ်။ အသက်ကြီးပေမယ့် လို့မပျက်စီးသေးတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး လက်ရှိအချိန်မှာ မိသားစုနဲ့ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေသူတစ်ဦးဖြစ်ပါတယ်။

သမီး သုံးယောက်နဲ့ အတူတွေ့ရတဲ့ မင်းသားကြီး စတားလုံး

စတားလုံးရဲ့ သမီးသုံးယောက်အနက် အကြီးဆုံးသမီး

Stallone ဟာ Jennifer Flavin နဲ့လက်ထပ်ပြီးတဲ့ နောက်မှာ Sophia ၊ Sistine နဲ့ Scarlet ဆိုတဲ့ သမီးသုံးယောက်ကို မွေးခဲ့ပါတယ်။ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး မင်းသား ၊ ဒါရိုက်တာ အပြင် ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့ပါ နာမည်ကျော်ကြား သူတစ်ဦးလည်း ဖြစ်ပါတယ်။

 

စတားလုံး နဲ့ ဂျက်ကီချန်း

အာနိုး နဲ့ စတားလုံး

သူပါဝင်ထားတဲ့ Escape Plan 2: Hades(2018) ကတော့ ထွက်ရှိထားပါတယ်။ မင်းသားကြီး Stallone ဟာ Creed I (2015) နဲ့ Golden Globe ဆုကိုလည်း ရရှိခဲ့ဖူးပြီး အခု Creed II (2018) ကတော့ လာမယ့်နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ လာမယ့် ၂၀၁၉ ခုနှစ်ထဲမှာ မင်းသားကြီး Stallone ရဲ့နာမည်ကျော် Rambo ဇာတ်လမ်းဖြစ်တဲ့ Rambo V (2019) မှာ လည်း ပြန်လည်တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။

Photo Credit: Stallone Facebook Page

ကြည်သာ (Akhayar)

www.akhayar.com