[Zawgyi]

ပရီးမီးယားလိဂ္(၃)ပဲြဆက္ အႏုိင္ရခဲ့တဲ့ စပါးအသင္း

ပရီးမီးယားလိဂ္ စေနေန႔ပဲြေတြမွာေတာ့ စပါးအသင္းက အိမ္ကြင္းမွာ ကာဒစ္ဖ္ကို အမွားအယြင္း မရွိအႏုိင္ယူခဲ့ၿပီ ေနာက္ဆုံး(၃)ပဲြဆက္ ႏုိင္ပဲြရရွိခဲ့တယ္။ ဧည့္သည္အသင္းေတြ ရလဒ္ေကာင္းခဲ့ၾကၿပီး ဘုန္းေမာက္၊ အဲဗာတန္၊ ၀ုလ္ဗ္အသင္းတို႔ ႏုိင္ပဲြကိုယ္စီ ရယူခဲ့ၾကပါတယ္။

စပါး ၁-၀ ကာဒစ္ဖ္

Dier-Score

Dier-Score

စပါးအသင္းဟာ ဒုိင္ယာ Dier ရဲ႕ ပဲြအစ(၈)မိနစ္ သြင္းဂုိးေၾကာင့္ အမွတ္ေပးဇယား ေအာက္ဆုံးက ကာဒစ္ဖ္ကုိ အႏုိင္ယူၿပီး (၃)မွတ္ရယူခဲ့တယ္။ ဒုိင္ယာဟာ ၂၀၁၇၊ ဧၿပီလတုန္းက ၀က္ဖုိ႔ဒ္နဲ႔ပဲြမွာ ဂုိးသြင္းၿပီး (၅၄၆)ရက္အၾကာမွ ပထမဆုံး ပရီးမီးယားလိဂ္ဂုိး ျပန္သြင္းခဲ့တာပါ။ ကာဒစ္ဖ္အသင္း ဂုိးသြင္းခြင့္ တခ်ိဳ႕ရေပမယ့္ လဲြေခ်ာ္ခဲ့လုိ႔ သေရေတာင္ မရဘဲ (၅)ပဲြဆက္ အ႐ႈံးမွတ္တမ္းကို ပုိင္ဆုိင္ခဲ့ရတယ္။

၀က္ဖုိ႔ဒ္ ၀-၄ ဘုန္းေမာက္
ဒီရလဒ္က တကယ့္ကုိ အံ့အားသင့္စရာပါပဲ။ ရာသီအစပုိင္းမွာ ရလဒ္ေတြေကာင္းခဲ့တဲ့ ၀က္ဖုိ႔ဒ္ ေနာက္ပုိင္းပဲြေတြမွာ ႐ုန္းကန္လာရေပမယ့္ ဒီေလာက္အထိ ဆုိးရြားသြားမယ္လုိ႔ မထင္ခဲ့ဘူး။ ဘုန္းေမာက္အသင္းအတြက္ ဂုိးေတြကုိ ဘရြတ္စ္ Brooks ၊ ဂ်ိဳရွဴအာကင္း Joshua King (၂ဂုိး)၊ ၀ီလ္ဆင္ Wilson တို႔က သြင္းယူခဲ့ၿပီး ဒီႏုိင္ပဲြဟာ ဘုန္းေမာက္အသင္းသမုိင္းတစ္ေလွ်ာက္ အဆင့္ျမင့္တန္းၿပိဳင္ပဲြမွာ အႀကီးမားဆုံး အေ၀းကြငး္ ႏုိင္ပဲြျဖစ္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ပဲြစဥ္(၈)ရလဒ္မ်ား

Burnley 1 – 1 Huddersfield Town
Crystal Palace 0 – 1 Wolverhampton Wanderers
Leicester City 1 – 2 Everton
Tottenham Hotspur 1 – 0 Cardiff City
Watford 0 – 4 AFC Bournemouth

Photo: Tottenham Hotspur Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်(၃)ပွဲဆက် အနိုင်ရခဲ့တဲ့ စပါးအသင်း

ပရီးမီးယားလိဂ် စနေနေ့ပွဲတွေမှာတော့ စပါးအသင်းက အိမ်ကွင်းမှာ ကာဒစ်ဖ်ကို အမှားအယွင်း မရှိအနိုင်ယူခဲ့ပြီ နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲရရှိခဲ့တယ်။ ဧည့်သည်အသင်းတွေ ရလဒ်ကောင်းခဲ့ကြပြီး ဘုန်းမောက်၊ အဲဗာတန်၊ ဝုလ်ဗ်အသင်းတို့ နိုင်ပွဲကိုယ်စီ ရယူခဲ့ကြပါတယ်။

စပါး ၁-၀ ကာဒစ်ဖ်

Dier-Score

Dier-Score

စပါးအသင်းဟာ ဒိုင်ယာ Dier ရဲ့ ပွဲအစ(၈)မိနစ် သွင်းဂိုးကြောင့် အမှတ်ပေးဇယား အောက်ဆုံးက ကာဒစ်ဖ်ကို အနိုင်ယူပြီး (၃)မှတ်ရယူခဲ့တယ်။ ဒိုင်ယာဟာ ၂၀၁၇၊ ဧပြီလတုန်းက ဝက်ဖို့ဒ်နဲ့ပွဲမှာ ဂိုးသွင်းပြီး (၅၄၆)ရက်အကြာမှ ပထမဆုံး ပရီးမီးယားလိဂ်ဂိုး ပြန်သွင်းခဲ့တာပါ။ ကာဒစ်ဖ်အသင်း ဂိုးသွင်းခွင့် တချို့ရပေမယ့် လွဲချော်ခဲ့လို့ သရေတောင် မရဘဲ (၅)ပွဲဆက် အရှုံးမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ရတယ်။

ဝက်ဖို့ဒ် ဝ-၄ ဘုန်းမောက်
ဒီရလဒ်က တကယ့်ကို အံ့အားသင့်စရာပါပဲ။ ရာသီအစပိုင်းမှာ ရလဒ်တွေကောင်းခဲ့တဲ့ ဝက်ဖို့ဒ် နောက်ပိုင်းပွဲတွေမှာ ရုန်းကန်လာရပေမယ့် ဒီလောက်အထိ ဆိုးရွားသွားမယ်လို့ မထင်ခဲ့ဘူး။ ဘုန်းမောက်အသင်းအတွက် ဂိုးတွေကို ဘရွတ်စ် Brooks ၊ ဂျိုရှူအာကင်း Joshua King (၂ဂိုး)၊ ဝီလ်ဆင် Wilson တို့က သွင်းယူခဲ့ပြီး ဒီနိုင်ပွဲဟာ ဘုန်းမောက်အသင်းသမိုင်းတစ်လျှောက် အဆင့်မြင့်တန်းပြိုင်ပွဲမှာ အကြီးမားဆုံး အဝေးကွင်း နိုင်ပွဲဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရလဒ်များ

Burnley 1 – 1 Huddersfield Town
Crystal Palace 0 – 1 Wolverhampton Wanderers
Leicester City 1 – 2 Everton
Tottenham Hotspur 1 – 0 Cardiff City
Watford 0 – 4 AFC Bournemouth

Photo: Tottenham Hotspur Twitter
Naing Linn(Akhayar)
www.akhayar.com