စပါးစ္က ခ်ယ္ဆီးကို ထပ္ၿပီး ေျခေခ်ာ္ေစဦးမွာလား

ခ်န္ပီယံခ်ယ္ဆီးရဲ႕ ဒီႏွစ္ခရီးအစက သိပ္မလွ။ ပြဲဦးထြက္အိမ္ကြင္းမွာ ဘန္ေလကို သံုးဂိုး၊ ႏွစ္ဂိုးနဲ႔ရႈံးၿပီး ႏွစ္ေယာက္ အထုတ္ခံရတယ္။ ျဖစ္ခ်င္ေတာ့ ေနာက္တစ္ပြဲကန္ရမယ့္အသင္းက စပါးစ္။ ဒီပြဲၿပီးတာနဲ႔ ဆက္တိုက္ေတြ႔ရမယ့္အသင္းေတြက အဲဗာတန္၊ လက္စတာ၊ အာစင္နယ္၊ စတုတ္၊ မန္စီးတီး တို႔ဆိုေတာ့ သံုး၊ေလးပြဲေလာက္ ရႈံးတာနဲ႔ ရာသီအစမွာတင္ ခ်န္ပီယံျဖစ္မယ့္စာရင္းထဲက ထြက္သြားရႏိုင္တဲ့ အေနအထားျဖစ္ ေနၿပီ။

အခု စပါးစ္ရဲ႕ကြင္းမွာ သြားကန္ရမယ့္ ခ်ယ္ဆီးရဲ႕အေနအထားက အားရစရ ဘယ္လိုမွမရွိ။ ဘန္ေလနဲ႔ပြဲမွာ အနီကတ္ထိထားတဲ့ Cahill နဲ႔ Fabregas တို႔ ပြဲပယ္ခံထားရသလို Hazard, Pedro နဲ႔ အသစ္ေခၚထားတဲ့ Bakayoko တုိ႔ကလည္း ဒဏ္ရာျပႆနာေတြ ရွိေနေသးတယ္။ Costa ကလည္း အသင္းနဲ႔ ျပႆနာတက္ထားတယ္။

ဒါဆို Conte အေနနဲ႔ 3-4-3 ကို ဆက္သံုးမယ္ဆိုရင္ လူစာရင္းထုတ္ရတာ အနည္းငယ္ခက္ခဲမယ့္ အေနအထားျဖစ္ ေနတယ္။ ေနာက္တန္းက အဓိကေနာက္ခံလူကို David Luiz ကို ကြင္းလယ္အ ဖ်က္ေနရာတက္ကစားခုိင္းမလား။ ဒီလိုကစားတာကလည္း David Luiz အတြက္ ျပႆနာႀကီးႀကီး မားမားမရွိဘူး။ အရင္တုန္းက သူကစားဖူးတဲ့ေနရာပဲေလ။ ဒါဆိုရင္ေနာက္တန္းသံုးေယာက္တြဲမွာ Ruddier ကို အလယ္မွာထားၿပီး Moses နဲ႔ Azpilicueta တို႔နဲ႔ဘယ္၊ ညာရံ ကစားခိုင္းဖို႔ မ်ားမယ္။

ဒါမွမဟုတ္လည္း ေနာက္တန္းမွာ David Luiz, Ruddier နဲ႔ Azpilicueta တို႔ကိုထားၿပီး ကြင္းလယ္မွာ ကန္တီ ကို လူငယ္ကစားသမား Christensen နဲ႔တြဲကစားခိုင္းတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။ ဒါဆိုရင္ေတာ့ Wing Back ေနရာမွာ Alonso နဲ႔ Moses တို႔ကပဲ တာဝန္ယူသြားလိမ့္မယ္။ တိုက္စစ္မွာ ဘန္ေလနဲ႔ပြဲတုန္းက ေျခစြမ္းျပသြား တဲ့ Morata နဲ႔အတူ Boga နဲ႔ Willian တို႔နဲ႔ပြဲထြက္လာႏိုင္တယ္။

စပါးအေနနဲ႔က ခ်ယ္ဆီးေလာက္ျပႆနာ ႀကီးႀကီးမားမားမရွိဘူး။ စပါးအေနနဲ႔ ခ်ယ္လ္ဆီးရဲ႕ ကစားကြက္ 3-4-3 နဲ႔အတုိင္း ျပန္လည္ရင္ဆိုင္ဖို႔မ်ားသည္။ မႏွစ္က ဒီကစားအကြက္အတိုင္း ရင္ဆိုင္ခဲ့ၿပီး အိမ္ကြင္းမွာ 2-0 နဲ႔ အႏိုင္ ရဖူးတယ္။ ပံုမွန္အတုိ္င္း တုိက္စစ္မွာ Kane, Eriksen နဲ႔ Alli တို႔ဦးေဆာင္သြားဖို႔ ရွိၿပီး ကြင္းလယ္မွာ Wanyama  နဲ႔ Dembele တို႔ကို တြဲကစားလာႏိုင္တယ္။ စပါးအေနနဲ႔ ကစားသမားအေနအထားအရေရာ၊ ကစားကြက္အေန အထားအရပါ ခ်ယ္ဆီးကို ရင္ဆုိင္ဖုိ႔အခက္အခဲမရွိဘူး။

တကယ္လုိ႔ ဒီပြဲသာ ထပ္ရႈံးမွာဆိုရင္ ခ်ယ္ဆီးအေနနဲ႔ ေတာ္ေတာ္ခက္ခဲတဲ့ အေနထားတစ္ခုကို ေရာက္သြားႏိုင္ သလို ေရွ႕ေလွ်ာက္ကစားရမွာလည္း ပြဲၾကပ္ေတြႀကီးပဲ။ မႏွစ္က စပါးရဲ႕ကြင္းမွာ 2-0 နဲ႔အရႈံးေပးခဲ့တာကလြဲရင္ ခ်ယ္ဆီးက ရလဒ္ိပိုင္းအသာရထားတယ္။ ဒါေပမယ့္ ဘန္ေလကို သံုးဂိုးေပးထားရတဲ့ ခ်ယ္ဆီးရဲ႕ခံစစ္ကိုေတာ့ နည္းနည္းသံသယရွိတယ္။ စပါးကပ္ႏိုင္သြားမလား၊ Counter ေတြအသံုးခ်ၿပီး ခ်ယ္ဆီးႏိုင္သြားမလားကေတာ့တနဂၤေႏြညမွာ ဆက္လက္ေစာင့္ၾကည့္ရပါမယ္။

မင္းသုခ
www.akhayar.com

[Unicode]

စပါးစ်က ချယ်ဆီးကို ထပ်ပြီး ခြေချော်စေဦးမှာလား

ချန်ပီယံချယ်ဆီးရဲ့ ဒီနှစ်ခရီးအစက သိပ်မလှ။ ပွဲဦးထွက်အိမ်ကွင်းမှာ ဘန်လေကို သုံးဂိုး၊ နှစ်ဂိုးနဲ့ရှုံးပြီး နှစ်ယောက် အထုတ်ခံရတယ်။ ဖြစ်ချင်တော့ နောက်တစ်ပွဲကန်ရမယ့်အသင်းက စပါးစ်။ ဒီပွဲပြီးတာနဲ့ ဆက်တိုက်တွေ့ရမယ့်အသင်းတွေက အဲဗာတန်၊ လက်စတာ၊ အာစင်နယ်၊ စတုတ်၊ မန်စီးတီး တို့ဆိုတော့ သုံး လေးပွဲလောက် ရှုံးတာနဲ့ ရာသီအစမှာတင် ချန်ပီယံဖြစ်မယ့်စာရင်းထဲက ထွက်သွားရနိုင်တဲ့ အနေအထားဖြစ် နေပြီ။
အခု စပါးစ်ရဲ့ကွင်းမှာ သွားကန်ရမယ့် ချယ်ဆီးရဲ့အနေအထားက အားရစရ ဘယ်လိုမှမရှိ။ ဘန်လေနဲ့ပွဲမှာ အနီကတ်ထိထားတဲ့ Cahill နဲ့ Fabregas တို့ ပွဲပယ်ခံထားရသလို Hazard, Pedro နဲ့ အသစ်ခေါ်ထားတဲ့ Bakayoko တို့ကလည်း ဒဏ်ရာပြဿနာတွေ ရှိနေသေးတယ်။ Costa ကလည်း အသင်းနဲ့ ပြဿနာတက်ထားတယ်။
ဒါဆို Conte အနေနဲ့ 3-4-3 ကို ဆက်သုံးမယ်ဆိုရင် လူစာရင်းထုတ်ရတာ အနည်းငယ်ခက်ခဲမယ့် အနေအထားဖြစ် နေတယ်။ နောက်တန်းက အဓိကနောက်ခံလူကို David Luiz ကို ကွင်းလယ်အ ဖျက်နေရာတက်ကစားခိုင်းမလား။ ဒီလိုကစားတာကလည်း David Luiz အတွက် ပြဿနာကြီးကြီး မားမားမရှိဘူး။ အရင်တုန်းက သူကစားဖူးတဲ့နေရာပဲလေ။ ဒါဆိုရင်နောက်တန်းသုံးယောက်တွဲမှာ Ruddier ကို အလယ်မှာထားပြီး Moses နဲ့ Azpilicueta တို့နဲ့ဘယ်၊ ညာရံ ကစားခိုင်းဖို့ များမယ်။
ဒါမှမဟုတ်လည်း နောက်တန်းမှာ David Luiz, Ruddier နဲ့ Azpilicueta တို့ကိုထားပြီး ကွင်းလယ်မှာ ကန်တီ ကို လူငယ်ကစားသမား Christensen နဲ့တွဲကစားခိုင်းတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါဆိုရင်တော့ Wing Back နေရာမှာ Alonso နဲ့ Moses တို့ကပဲ တာဝန်ယူသွားလိမ့်မယ်။ တိုက်စစ်မှာ ဘန်လေနဲ့ပွဲတုန်းက ခြေစွမ်းပြသွား တဲ့ Morata နဲ့အတူ Boga နဲ့ Willian တို့နဲ့ပွဲထွက်လာနိုင်တယ်။
စပါးအနေနဲ့က ချယ်ဆီးလောက်ပြဿနာ ကြီးကြီးမားမားမရှိဘူး။ စပါးအနေနဲ့ ချယ်လ်ဆီးရဲ့ ကစားကွက် 3-4-3 နဲ့အတိုင်း ပြန်လည်ရင်ဆိုင်ဖို့များသည်။ မနှစ်က ဒီကစားအကွက်အတိုင်း ရင်ဆိုင်ခဲ့ပြီး အိမ်ကွင်းမှာ 2-0 နဲ့ အနိုင် ရဖူးတယ်။ ပုံမှန်အတိုင်း တိုက်စစ်မှာ Kane, Eriksen နဲ့ Alli တို့ဦးဆောင်သွားဖို့ ရှိပြီး ကွင်းလယ်မှာ Wanyama နဲ့ Dembele တို့ကို တွဲကစားလာနိုင်တယ်။ စပါးအနေနဲ့ ကစားသမားအနေအထားအရရော၊ ကစားကွက်အနေ အထားအရပါ ချယ်ဆီးကို ရင်ဆိုင်ဖို့အခက်အခဲမရှိဘူး။
တကယ်လို့ ဒီပွဲသာ ထပ်ရှုံးမှာဆိုရင် ချယ်ဆီးအနေနဲ့ တော်တော်ခက်ခဲတဲ့ အနေထားတစ်ခုကို ရောက်သွားနိုင် သလို ရှေ့လျှောက်ကစားရမှာလည်း ပွဲကြပ်တွေကြီးပဲ။ မနှစ်က စပါးရဲ့ကွင်းမှာ 2-0 နဲ့အရှုံးပေးခဲ့တာကလွဲရင် ချယ်ဆီးက ရလဒိပိုင်းအသာရထားတယ်။ ဒါပေမယ့် ဘန်လေကို သုံးဂိုးပေးထားရတဲ့ ချယ်ဆီးရဲ့ခံစစ်ကိုတော့ နည်းနည်းသံသယရှိတယ်။ စပါးကပ်နိုင်သွားမလား၊ Counter တွေအသုံးချပြီး ချယ်ဆီးနိုင်သွားမလားကတော့တနင်္ဂနွေညမှာ ဆက်လက်စောင့်ကြည့်ရပါမယ်။
မင်းသုခ
www.akhayar.com