ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်တက်ရောက်ခဲ့တဲ့ စပါးအသင်းဟာ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို အပြိုင်လုရမှာပါ။ စပါးအသင်းအနေနဲ့ ၂၀၀၇-၀၈ ရာသီတုန်းက FA ဖလား ရယူခဲ့ပြီးနောက်ပိုင်း (၁၀)စုနှစ်တစ်ခုကျော်ကြာ ဖလားလက်မဲ့ဖြစ်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲ အဓိကဆုဖလားအဖြစ် UEFA (ယူရိုပါလိဂ်)ဖလားကို ၁၉၇၁-၇၂ ၊ ၁၉၈၃-၈၄ ရာသီတွေမှာ ရရှိခဲ့ပါတယ်။ ဒါကြောင့် စပါးအသင်းအနေနဲ့(၁၀)စုနှစ်တစ်ခုကျော်ကြာ ဖလားလက်မဲ့ဖြစ်နေတာကို အဆုံးသတ်ဖို့ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို အရယူဖို့ ကြိုးပမ်းရမှာပါ။


ဒါပေမဲ့လည်း စပါးအသင်းအတွက် စိုးရိမ်စရာမှတ်တမ်းတစ်ခုက စောင့်ကြိုနေပါပြီ။ အဲဒါကတော့ စပိန်မြေဟာ စပါးအသင်းအတွက် ကျရှုံးရာလို့ သတ်မှတ်ရလောက်အောင် ရလဒ်တွေဆိုးရွားခဲ့လို့ပါပဲ။ အထူးသဖြင့် မက်ဒရစ်မြေမှာဖြစ်ပါတယ်။ စပါးအသင်းဟာ မက်ဒရစ်မြေမှာ ရီးယဲလ်အသင်းနဲ့ (၃)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး (၂)ပွဲရှုံး၊ (၁)ပွဲသရေကျခဲ့တယ်။ စပိန်မြေမှာ စပါးအသင်း ပထမဆုံးရှုံးပွဲတွေ့ခဲ့တာက လွန်ခဲ့တဲ့ (၃၇)နှစ်၊ ၁၉၈၃တုန်းကဖြစ်ပြီး ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တာပါ။ ဒီရာသီချန်ပီယံလိဂ်မှာလည်း ဘာစီလိုနာနဲ့ နူးကမ့်ကွင်းဆုံတွေ့မှုမှာ (၁)ဂိုးစီသရေနဲ့ အဆုံးသတ်ခဲ့တယ်။ Over All ရလဒ်တွေအရ စပိန်မြေမှာ (၆)ပွဲကစားခဲ့တာမှာ (၃)ပွဲသရေ၊ (၃)ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အခု ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပမယ့် အက်သလက်တီကိုအသင်းရဲ့ အိမ်ကွင်း Wanda Metropolitano မှာ စပါးအသင်း ဘယ်လိုရလဒ်မျိုး ရယူနိုင်မလဲ၊ စပိန်မြေက ကျိန်စာဆိုးကို စပါးအသင်း ရပ်တန့်နိုင်မလားဆိုတာကတော့ . . .

1981/82  FC Barcelona – Tottenham Hotspur 1:0
1984/85  Real Madrid – Tottenham Hotspur 0:0
2006/07  Sevilla FC – Tottenham Hotspur 2:1
2010/11  Real Madrid – Tottenham Hotspur 4:0
2017/18  Real Madrid – Tottenham Hotspur 0:0
2018/19  FC Barcelona – Tottenham Hotspur 1:1

REF:talksport
Photo:Getty Images,To The Lane And Back
Naing Linn(Akhayar)
www.akhayar.com