[Zawgyi]

ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ယ္လ္ဆီးကုိ ထုိက္ထုိက္တန္တန္အႏုိင္ယူခဲ့တဲ့ စပါး

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ပဲြစဥ္(၁၃)ရဲ႕ ပဲြႀကီးပဲြေကာင္းျဖစ္တဲ့ စပါး-ခ်ယ္လ္ဆီးတို႔ရဲ႕ လန္ဒန္ဒါဘီပဲြကေတာ့ အႀကိတ္အနယ္ရွိခဲ့ၿပီး စပါးအသင္းက ထုိက္ထုိက္တန္တန္ အႏုိင္ရခဲ့တယ္။ ဒီပဲြမွာ ခ်ီးက်ဴးရမွာက စပါးအသင္းနည္းျပ ပုိခ်က္တီႏုိ Pochettino ရဲ႕ နည္းဗ်ဴဟာပဲျဖစ္ၿပီး Ball Possession ကုိ ဦးစားေပးတဲ့ ခ်ယ္လ္ဆီးအသင္းကုိ လႈပ္လုိ႔မရေအာင္ ထိန္းခ်ဳပ္ႏုိင္ခဲ့တယ္။ စပါးအသင္း ကစားသမားေတြဟာ ခ်ယ္လ္ဆီး ကစားသမားတစ္ဦးခ်င္းစီကုိ One By One Marking လုပ္ခဲ့ၿပီး ကုိယ့္ကြင္းဘက္ျခမ္းမွာသာမကဘဲ ၿပိဳင္ဘက္ ဧရိယာအတြင္းမွာပါ Press လုပ္ခဲ့ၾကတယ္။

Alli

Alli

တိုက္စစ္မွဴး ဟယ္ရီကိန္း Harry Kane က အစ ေဘာလုံးပ်က္ေအာင္ တာ၀န္ယူၿပီး ခ်ယ္လ္ဆီးရဲ႕ ကစားကြက္ကုိ ဖ်က္စီးခဲ့တယ္။ ဒါေၾကာင့္ ခ်ယ္လ္ဆီး ကစားကြက္ပ်က္သြားခဲ့ၿပီး ကြင္းလယ္လူေတြဆီက ေဘာလုံးမထြက္လုိ႔ ကြင္းလယ္နဲ႔ တိုက္စစ္ခ်ိတ္ဆက္မႈကလည္း အလုပ္မျဖစ္ေတာ့ဘူး။ ခ်ယ္လ္ဆီးရဲ႕ အဓိက ကစားသမား ဟာဇက္ Hazard ကုိ ေအာ္ရီယာ Aurier အေကာင္းဆုံး ထိန္းခ်ဳပ္ခဲ့လုိ႔ ဘယ္ေတာင္ပံတိုက္စစ္ ေသသြားခဲ့တယ္။ ဒီပဲြမွာ အဆုိးရြားဆုံး Flop Player ကုိ ျပပါဆုိရင္ ေဒးဗစ္လူး၀စ္ဇ္ David Luiz ကုိပဲ ေရြးခ်ယ္ရမယ္။ စပါးအသင္းက ရခဲ့တဲ့ (၂)ဂုိးက သူ႔ အားနည္းခ်က္ေၾကာင့္ ေပးရခဲ့တာပါ။

Alli-Scores

Alli-Scores

ပဲြအစ (၈)မိနစ္မွာပဲ စပါးအသင္း ဂုိးရခဲ့ၿပီး အဲရစ္ဆင္ Eriksen ရဲ႕ေပးပုိ႔မႈကေန အယ္လီ Alli က ေခါငး္တိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။ (၁၆)မိနစ္မွာ စပါးအသင္း ဒုတိယဂုိးရခဲ့ၿပီး ဟယ္ရီကိန္းက ဂုိးဧရိယာထိပ္ကေန ကန္သြင္းခဲ့တာပါ။ ခ်ယ္လ္ဆီးအသင္းရဲ႕ ခံစစ္ကစားပုံက ဆုိးရြားလြန္းခ့ဲၿပီး စပါးအသင္းက အလြယ္တကူပဲ ထုိးေဖာက္ကစားခဲ့ႏုိင္ခဲ့တယ္။ တတိယဂုိးကုိေတာ့ ဆြန္ေဟာင္မင္ Son Heung-Min က တစ္ကုိယ္ေတာ္အစြမ္းနဲ႔ သြင္းယူခဲ့တာျဖစ္ပါတယ္။

Harry-Kane

Harry-Kane

ခ်ယ္လ္ဆီးအသင္းအတြက္ ေခ်ပဂုိးကုိေတာ့ ဂ်႐ူး Giroud က (၈၅)မိနစ္မွာ ေခါင္းတိုက္သြင္းယူခဲ့တာပါ။ စပါးအသင္း အပုိင္ဂုိးသြင္းခြင့္ေတြ ရခဲ့ေပမယ့္ လဲြေခ်ာ္ခဲ့လုိ႔သာ ဒီထက္ဂုိးမျပတ္ခဲ့တာျဖစ္ပါတယ္။ ဒီ႐ႈံးပဲြေၾကာင့္ ခ်ယ္လ္ဆီးနည္းျပဆာရီ Sarri ရဲ႕ ပရီးမီးယားလိဂ္ ႐ႈံးပဲြမရွိစံခ်ိန္လည္း က်ိဳးပ်က္သြားၿပီျဖစ္ပါတယ္။

Son-Heung-Min

Son-Heung-Min

စပါး-ခ်ယ္လ္ဆီးပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား
– အယ္လီဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ ဆုံေတြ႕ခဲ့တဲ့ ၿပိဳင္ပဲြစုံေနာက္ဆုံး(၅)ပဲြဆက္ ဂုိးသြင္းယူခ့ဲပါတယ္။
– ဟယ္ရီကိနး္ဟာ လန္ဒန္ဒါဘီပဲြေတြမွာ (၂၅)ဂုိးေျမာက္သြင္းယူခဲ့ၿပီး သူ႔ထက္ ဂုိးပုိသြင္းခဲ့တာက စပါး ဂႏၳ၀င္တိုက္စစ္မွဴး ရွရင္ဂမ္ Teddy Sheringham (၃၂)ဂုိးပဲ ရွိပါတယ္။
– ခ်ယ္လ္ဆီးနဲ႔ပဲြဟာ ဆြန္ေဟာင္မင္အတြက္ စပါးအသင္းကစားသမားဘ၀ (၁၅၄)ပဲြျဖစ္ၿပီး ၿပိဳင္ပဲြစုံ ဂုိး(၅၀)ေျမာက္ကုိလည္း သြင္းယူခဲ့တယ္။
– ဂ်႐ူးဟာ လူစား၀င္ကစားခဲ့တဲ့ပဲြေတြမွာ ဂုိး(၂၀)အထိ သြင္းယူခဲ့ၿပီး ဒီဖုိး Jermain Defoe (၂၄ဂုိး)ၿပီးရင္ ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္ လူစား၀င္ကစားသမားထဲမွာ ဒုတိယေျမာက္ သြင္းဂုိးအမ်ားဆုံးျဖစ္ပါတယ္။
– ၂၀၁၄ ခုႏွစ္မွာ စပါးအသင္းကုိ စတင္ကုိင္တြယ္ခဲ့သူ ပုိခ်က္တီႏုိဟာ လန္ဒန္ဒါဘီပဲြေတြမွာ (၂၂)ပဲြအထိ အႏုိင္ရခဲ့ၿပီး လန္ဒန္ဒါဘီပဲြအမ်ားဆုံး အႏုိင္ရခဲ့တဲ့နည္းျပအျဖစ္ မွတ္တမ္း၀င္ေနပါတယ္။

Photo:Tottenham Hotspur Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မြို့ခံပြိုင်ဘက် ချယ်လ်ဆီးကို ထိုက်ထိုက်တန်တန်အနိုင်ယူခဲ့တဲ့ စပါး

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ရဲ့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ စပါး-ချယ်လ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီပွဲကတော့ အကြိတ်အနယ်ရှိခဲ့ပြီး စပါးအသင်းက ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တယ်။ ဒီပွဲမှာ ချီးကျူးရမှာက စပါးအသင်းနည်းပြ ပိုချက်တီနို Pochettino ရဲ့ နည်းဗျူဟာပဲဖြစ်ပြီး Ball Possession ကို ဦးစားပေးတဲ့ ချယ်လ်ဆီးအသင်းကို လှုပ်လို့မရအောင် ထိန်းချုပ်နိုင်ခဲ့တယ်။ စပါးအသင်း ကစားသမားတွေဟာ ချယ်လ်ဆီး ကစားသမားတစ်ဦးချင်းစီကို One By One Marking လုပ်ခဲ့ပြီး ကိုယ့်ကွင်းဘက်ခြမ်းမှာသာမကဘဲ ပြိုင်ဘက် ဧရိယာအတွင်းမှာပါ Press လုပ်ခဲ့ကြတယ်။

Alli

Alli

တိုက်စစ်မှူး ဟယ်ရီကိန်း Harry Kane က အစ ဘောလုံးပျက်အောင် တာဝန်ယူပြီး ချယ်လ်ဆီးရဲ့ ကစားကွက်ကို ဖျက်စီးခဲ့တယ်။ ဒါကြောင့် ချယ်လ်ဆီး ကစားကွက်ပျက်သွားခဲ့ပြီး ကွင်းလယ်လူတွေဆီက ဘောလုံးမထွက်လို့ ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှုကလည်း အလုပ်မဖြစ်တော့ဘူး။ ချယ်လ်ဆီးရဲ့ အဓိက ကစားသမား ဟာဇက် Hazard ကို အော်ရီယာ Aurier အကောင်းဆုံး ထိန်းချုပ်ခဲ့လို့ ဘယ်တောင်ပံတိုက်စစ် သေသွားခဲ့တယ်။ ဒီပွဲမှာ အဆိုးရွားဆုံး Flop Player ကို ပြပါဆိုရင် ဒေးဗစ်လူးဝစ်ဇ် David Luiz ကိုပဲ ရွေးချယ်ရမယ်။ စပါးအသင်းက ရခဲ့တဲ့ (၂)ဂိုးက သူ့ အားနည်းချက်ကြောင့် ပေးရခဲ့တာပါ။

Alli-Scores

Alli-Scores

ပွဲအစ (၈)မိနစ်မှာပဲ စပါးအသင်း ဂိုးရခဲ့ပြီး အဲရစ်ဆင် Eriksen ရဲ့ပေးပို့မှုကနေ အယ်လီ Alli က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ (၁၆)မိနစ်မှာ စပါးအသင်း ဒုတိယဂိုးရခဲ့ပြီး ဟယ်ရီကိန်းက ဂိုးဧရိယာထိပ်ကနေ ကန်သွင်းခဲ့တာပါ။ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကစားပုံက ဆိုးရွားလွန်းခဲ့ပြီး စပါးအသင်းက အလွယ်တကူပဲ ထိုးဖောက်ကစားခဲ့နိုင်ခဲ့တယ်။ တတိယဂိုးကိုတော့ ဆွန်ဟောင်မင် Son Heung-Min က တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

Harry-Kane

Harry-Kane

ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးကိုတော့ ဂျရူး Giroud က (၈၅)မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ စပါးအသင်း အပိုင်ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် လွဲချော်ခဲ့လို့သာ ဒီထက်ဂိုးမပြတ်ခဲ့တာဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် ချယ်လ်ဆီးနည်းပြဆာရီ Sarri ရဲ့ ပရီးမီးယားလိဂ် ရှုံးပွဲမရှိစံချိန်လည်း ကျိုးပျက်သွားပြီဖြစ်ပါတယ်။

Son-Heung-Min

Son-Heung-Min

စပါး-ချယ်လ်ဆီးပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ
– အယ်လီဟာ ချယ်လ်ဆီးအသင်းနဲ့ ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲဆက် ဂိုးသွင်းယူခဲ့ပါတယ်။
– ဟယ်ရီကိန်းဟာ လန်ဒန်ဒါဘီပွဲတွေမှာ (၂၅)ဂိုးမြောက်သွင်းယူခဲ့ပြီး သူ့ထက် ဂိုးပိုသွင်းခဲ့တာက စပါး ဂန္ထဝင်တိုက်စစ်မှူး ရှရင်ဂမ် Teddy Sheringham (၃၂)ဂိုးပဲ ရှိပါတယ်။
– ချယ်လ်ဆီးနဲ့ပွဲဟာ ဆွန်ဟောင်မင်အတွက် စပါးအသင်းကစားသမားဘ၀ (၁၅၄)ပွဲဖြစ်ပြီး ပြိုင်ပွဲစုံ ဂိုး(၅၀)မြောက်ကိုလည်း သွင်းယူခဲ့တယ်။
– ဂျရူးဟာ လူစားဝင်ကစားခဲ့တဲ့ပွဲတွေမှာ ဂိုး(၂၀)အထိ သွင်းယူခဲ့ပြီး ဒီဖိုး Jermain Defoe (၂၄ဂိုး)ပြီးရင် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် လူစားဝင်ကစားသမားထဲမှာ ဒုတိယမြောက် သွင်းဂိုးအများဆုံးဖြစ်ပါတယ်။
– ၂၀၁၄ ခုနှစ်မှာ စပါးအသင်းကို စတင်ကိုင်တွယ်ခဲ့သူ ပိုချက်တီနိုဟာ လန်ဒန်ဒါဘီပွဲတွေမှာ (၂၂)ပွဲအထိ အနိုင်ရခဲ့ပြီး လန်ဒန်ဒါဘီပွဲအများဆုံး အနိုင်ရခဲ့တဲ့နည်းပြအဖြစ် မှတ်တမ်းဝင်နေပါတယ်။

Photo:Tottenham Hotspur Twitter
Naing Linn(Akhayar)
www.akhayar.com