[Zawgyi]

ကြင္းသစ္နာမည္ကို ထုတ္ျပန္ေၾကညာခဲ့တဲ့ စပါးအသင္း

လန္ဒန္ၿမိဳ႕ခံအသင္းတစ္သင္းျဖစ္တဲ့ စပါးအသင္းက လပိုင္းအတြင္း ၿပီးစီးေတာ့မယ့္ ကြင္းသစ္နာမည္ကို တရားဝင္ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ စပါးအသင္းရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာတစ္ခုျဖစ္တဲ့ Twitter ကေန ပရိသတ္ဦးေရ (၆၂,၀၀၀)ဝင္ဆန္႔တဲ့ ကြင္းသစ္နာမည္ကို တရားဝင္ထုတ္ျပန္ ေၾကညာခဲ့တာျဖစ္ပါတယ္။ ‘Tottenham Hotspur Stadium’လို႔ နာမည္ေပးထားတဲ့ ကြင္းသစ္အမည္ကို စပါးအသင္းက တရားဝင္ေၾကညာခဲ့ၿပီး နာရီပိုင္းအၾကာမွာပဲ အသင္းအမာခံပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနခဲ့ရပါတယ္။

Tottenham-Hotspur-Stadium-logo

Tottenham-Hotspur-Stadium-logo

ေျမာက္လန္ဒန္ေဒသကို ကိုယ္စားျပဳတဲ့ ေျမာက္အရပ္ကို လွည့္ထားတဲ့ ျမွားပံုစံကို ဖန္တီးၿပီး စပါးအသင္းရဲ႕ ကိုယ္ပိုင္အမွတ္အသားတစ္ခုအျဖစ္ အသင္းပံုရိပ္ျမွင့္တင္ေရး အစီအစဥ္ေတြမွာ အသံုးျပဳသြားမယ့္ ‘A’ အမွတ္တံဆိပ္ကို ကြင္းအမွတ္အသားတံဆိပ္မွာ ေရးဆြဲႏိုင္ဖို႔ အခုနာမည္ကို အသံုးျပဳခဲ့ရတာပါ။ လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန သတင္းထုတ္ျပန္ခဲ့တဲ့ ကြင္းသစ္နာမည္ကို အသင္းပရိသတ္ေတြက သေဘာက်ျခင္းမရွိဘဲ လူမႈကြန္ရက္စာမ်က္ႏွာေတြ ထက္ကေန အသင္းအေပၚ ေဝဖန္မႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။ စပါးအသင္းရဲ႕ အမာခံပရိသတ္ထဲက တစ္ခ်ိဳ႕က ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ၾကေပမယ့္ တခ်ိဳ႕အမာခံ ပရိသတ္ေတြကေတာ့ ကြင္းသစ္ကို အသင္းပိုင္အျဖစ္ကေန ေရာင္းခ်သြားမယ့္ အစီအစဥ္ရွိလို႔ အခုလို နာမည္မ်ိဳး ယာယီအားျဖင့္ ေပးခဲ့တာျဖစ္ႏိုင္ေၾကာင္း ယူဆေနခဲ့ၾကပါတယ္။

Spurs-announce-the-name-of-their-new-stadium

Spurs-announce-the-name-of-their-new-stadium

လာမယ့္ စက္တင္ဘာလ (၁၅)ရက္ေန႔မွာ ကြင္းသစ္ဖြင့္ပြဲအျဖစ္ လီဗာပူးလ္အသင္းကို ဧည့္ခံကစားရမယ့္ ပရီးမီးယားလိဂ္ပြဲမတိုင္ခင္ ကြင္းကို စမ္းသပ္မႈ (၂)ႀကိမ္ ျပဳလုပ္သြားဖို႔ ရွိေနၿပီး ၾသဂုတ္လ (၂၇)ရက္ေန႔နဲ႔ စက္တင္ဘာလ (၁)ရက္ေန႔ေတြမွာ စမ္းသပ္မႈေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ‘Tottenham Hotspur Stadium’ မွာ စပါးအသင္းရဲ႕ အိမ္ကြင္းပြဲစဥ္ေတြကို လက္ခံကစားသြားမွာျဖစ္ၿပီး NFL ပြဲစဥ္ေတြ၊ ေဖ်ာ္ေျဖေရးပြဲေတြနဲ႔ eSports ၿပိဳင္ပြဲေတြကို လက္ခံက်င္းပသြားမွာျဖစ္ေၾကာင္း စပါးအသင္းတာဝန္ရွိသူေတြက သတင္းထုတ္ျပန္ခဲ့ပါတယ္။

REF:Daily Mail
Photo:Daily Mail, Mirror, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ကွင်းသစ်နာမည်ကို ထုတ်ပြန်ကြေညာခဲ့တဲ့ စပါးအသင်း

လန်ဒန်မြို့ခံအသင်းတစ်သင်းဖြစ်တဲ့ စပါးအသင်းက လပိုင်းအတွင်း ပြီးစီးတော့မယ့် ကွင်းသစ်နာမည်ကို တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စပါးအသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Twitter ကနေ ပရိသတ်ဦးရေ (၆၂,၀၀၀)ဝင်ဆန့်တဲ့ ကွင်းသစ်နာမည်ကို တရားဝင်ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။ ‘Tottenham Hotspur Stadium’လို့ နာမည်ပေးထားတဲ့ ကွင်းသစ်အမည်ကို စပါးအသင်းက တရားဝင်ကြေညာခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အသင်းအမာခံပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

Tottenham-Hotspur-Stadium-logo

Tottenham-Hotspur-Stadium-logo

မြောက်လန်ဒန်ဒေသကို ကိုယ်စားပြုတဲ့ မြောက်အရပ်ကို လှည့်ထားတဲ့ မြှားပုံစံကို ဖန်တီးပြီး စပါးအသင်းရဲ့ ကိုယ်ပိုင်အမှတ်အသားတစ်ခုအဖြစ် အသင်းပုံရိပ်မြှင့်တင်ရေး အစီအစဉ်တွေမှာ အသုံးပြုသွားမယ့် ‘A’ အမှတ်တံဆိပ်ကို ကွင်းအမှတ်အသားတံဆိပ်မှာ ရေးဆွဲနိုင်ဖို့ အခုနာမည်ကို အသုံးပြုခဲ့ရတာပါ။ လူမှုကွန်ရက်စာမျက်နှာထက်ကနေ သတင်းထုတ်ပြန်ခဲ့တဲ့ ကွင်းသစ်နာမည်ကို အသင်းပရိသတ်တွေက သဘောကျခြင်းမရှိဘဲ လူမှုကွန်ရက်စာမျက်နှာတွေ ထက်ကနေ အသင်းအပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ စပါးအသင်းရဲ့ အမာခံပရိသတ်ထဲက တစ်ချို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပေမယ့် တချို့အမာခံ ပရိသတ်တွေကတော့ ကွင်းသစ်ကို အသင်းပိုင်အဖြစ်ကနေ ရောင်းချသွားမယ့် အစီအစဉ်ရှိလို့ အခုလို နာမည်မျိုး ယာယီအားဖြင့် ပေးခဲ့တာဖြစ်နိုင်ကြောင်း ယူဆနေခဲ့ကြပါတယ်။

Spurs-announce-the-name-of-their-new-stadium

Spurs-announce-the-name-of-their-new-stadium

လာမယ့် စက်တင်ဘာလ (၁၅)ရက်နေ့မှာ ကွင်းသစ်ဖွင့်ပွဲအဖြစ် လီဗာပူးလ်အသင်းကို ဧည့်ခံကစားရမယ့် ပရီးမီးယားလိဂ်ပွဲမတိုင်ခင် ကွင်းကို စမ်းသပ်မှု (၂)ကြိမ် ပြုလုပ်သွားဖို့ ရှိနေပြီး သြဂုတ်လ (၂၇)ရက်နေ့နဲ့ စက်တင်ဘာလ (၁)ရက်နေ့တွေမှာ စမ်းသပ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ‘Tottenham Hotspur Stadium’ မှာ စပါးအသင်းရဲ့ အိမ်ကွင်းပွဲစဉ်တွေကို လက်ခံကစားသွားမှာဖြစ်ပြီး NFL ပွဲစဉ်တွေ၊ ဖျော်ဖြေရေးပွဲတွေနဲ့ eSports ပြိုင်ပွဲတွေကို လက်ခံကျင်းပသွားမှာဖြစ်ကြောင်း စပါးအသင်းတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

REF:Daily Mail
Photo:Daily Mail, Mirror, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com