[Zawgyi]

ေႏြရာသီ(သို႔မဟုတ္) အလာဂ်စ္ရာသီမွာ သိထားသင့္တဲ့ က်န္းမာေရးဆိုင္ရာလမ္းညႊန္ခ်က္မ်ား

ပရိသတ္ႀကီးေရ အခုဆိုရင္ ေႏြဦးအခ်ိန္အခါေရာက္လာၿပီျဖစ္ၿပီး သိပ္မၾကာခင္မွာ ပူျပင္းေျခာက္ေသြ႕တဲ့ ေႏြရာသီကိုေရာက္လာေတာ့မွာျဖစ္ပါတယ္။ ဒီလိုပူျပင္းေျခာက္ေသြ႕တဲ့ရာသီမွာ ကမာၻ႔အပူခ်ိန္ဟာ ေရေႏြးေငြ႕ပါဝင္မႈမ်ားၿပီး စိုထိုင္းစရွိတဲ့အတြက္ ရုတ္တရက္ေျပာင္းလဲလာတဲ့အပူခ်ိန္ေၾကာင့္ သဘာဝပတ္ဝန္းက်င္နဲ႔ လူရဲ႕ခႏၶာကိုယ္မွာ သိသာတဲ့တုန္႔ျပန္မႈေတြ ျဖစ္ေပၚေစပါတယ္။

ဒီလိုရာသီမွာ ဓာတ္မတည့္မႈေၾကာင့္ ႏွာေစး၊ ေခ်ာင္းဆိုး၊ ရင္ၾကပ္ေတြျဖစ္တတ္လို႔ က်န္းမာေရးသတိရွိၾကပါေနာ္။ ဒါ့အျပင္ ပူအိုက္ၿပီး ေခၽြးထြက္မ်ားတဲ႔အတြက္ အလာဂ်ီေတြလည္းျဖစ္တတ္လို႔ အဲဒီလိုအလာဂ်ီရာသီအတြက္ ဘယ္လိုအေကာင္းဆံုးလမ္းညႊန္မႈေလးေတြ ေျပာထားလဲဆိုတာလည္း ဖတ္ၾကည့္လိုက္ၾကရေအာင္။

(၁) ဒီရာသီေရာက္ၿပီဆိုရင္ ခႏၶာကိုယ္ရဲ႕ေရာဂါခုခံအားစနစ္က အႏၱရာယ္ရွိတဲ့ဝတ္မႈန္ေတြကို အလိုအေလ်ာက္သိၿပီး ျမန္ျမန္ဆန္ဆန္တုန္႔ျပန္္တတ္ၾကပါတယ္။ ဒါေၾကာင့္ ေလထုထဲမွာပါတဲ့ ဖုန္မႈန္႔နဲ႕ မျမင္ႏိုင္တဲ့ အမႈန္အမႊားေတြေၾကာင့္ မ်က္စိယားယံတာ၊ ႏွာေခ်တာေတြ ျဖစ္ၾကျခင္းျဖစ္ပါတယ္။ ပန္းဝတ္မႈန္ေတြဟာ ေန႔လည္မြန္းတည့္ခ်ိန္တစ္ဝိုက္ ေလထုထဲမွာ အၾကာဆံုးရွိေနၿပီး တစ္ေန႔လံုး တျဖည္းျဖည္းနဲ႔  ပ်ံ႕ပြားေလ့ရွိပါတယ္။ ဒါေၾကာင့္ အဲဒီအခ်ိန္ဝန္းက်င္မွာ အိမ္၊ ေက်ာင္း၊ ရံုးတံခါးေတြ ခဏတျဖဳတ္ ပိတ္ထားသင့္ပါတယ္။ အျပင္ထြက္မယ္ဆိုရင္လည္း ေနကာမ်က္မွန္လို ႏွာေခါင္းစည္းလို အကာအကြယ္ပစၥည္းေတြနဲ႔ ထြက္သင့္ပါတယ္။

(၂) ဝတ္မႈန္ေတြဟာ ေစးကပ္တဲ့အတြက္ တစ္ေနရာကေနတစ္ေနရာကို အလြယ္တကူကပ္ၿငိပါသြားႏိုင္ပါတယ္။ လူရဲ႕ခႏၶာကိုယ္ေပၚမွာ၊ အရာဝတၳဳပစၥည္းေတြမွာ ကပ္ျငိၿပီး ထိေတြ႔ကိုင္တြယ္မိရာကေန ဓာတ္မတည့္မႈေတြ ျဖစ္ေစပါတယ္။ ႏွာေစး၊ ေခ်ာင္းဆိုး၊ လည္ေခ်ာင္းယားယံမႈေတြျဖစ္ျခင္းရဲ႕ အဓိကအေၾကာင္းျပခ်က္ဟာ ေလထဲက မျမင္ႏိုင္တဲ့ ဝတ္မႈန္ေတြေၾကာင့္ပဲျဖစ္ပါတယ္။ အျပင္ကျပန္လာတိုင္း ဒါမွမဟုတ္ တစ္ခုခုကိုင္တြယ္ၿပီးတိုင္း လက္ကိုစင္ေအာင္ေဆးပါ။ အက်ီၤအဝတ္အစားေတြ လဲလွယ္သင့္သလို ေခါင္းကိုလည္း ပံုမွန္ေလွ်ာ္ဖို႔အေရးႀကီးပါတယ္။

(၃) ေန႔စဥ္စားသံုးတဲ့ Diet အစားအစာေတြေၾကာင့္လည္း အလဂ်စ္ျဖစ္တဲ့အေပၚ သက္ေရာက္မႈရွိပါတယ္။ ဒါေၾကာင့္ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအစာေတြ စားသံုးေပးဖို႔လိုပါတယ္။ သန္႔ရွင္းလတ္ဆတ္တဲ့အစားအစာေတြနဲ႔ အပင္ကေန ေလာေလာလတ္လတ္ရရွိတဲ့ အသီးအႏွံ၊ ဟင္းသီးဟင္းရြက္ေတြ မ်ားမ်ားစားသံုးေပးသင့္ပါတယ္။ ေအးလြန္းတဲ့အရည္၊ အခ်ိဳရည္နဲ႔ ႏို႔ထြက္ပစၥည္းေတြကေတာ့ ခၽြဲထေစတဲ့ အစားအစာေတြျဖစ္လို႔ ဒီရာသီမွာ စားသံုးဖို႔မသင့္ပါဘူး။

အခုေဖာ္ျပေပးခဲ့တဲ့အခ်က္ေတြကို လိုက္နာျခင္းအားျဖင့္ ပူျပင္းေျခာက္ေသြ႔တဲ့ရာသီမွာ ပင္ပန္းႏြမ္းလ်မႈေတြကေန ကာကြယ္ေပးႏိုင္မယ္ဆိုတာေသခ်ာပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

နွေရာသီ(သို့မဟုတ်) အလာဂျစ်ရာသီမှာ သိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များ

ပရိသတ်ကြီးရေ အခုဆိုရင် နွေဦးအချိန်အခါရောက်လာပြီဖြစ်ပြီး သိပ်မကြာခင်မှာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကိုရောက်လာတော့မှာဖြစ်ပါတယ်။ ဒီလိုပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ကမ္ဘာ့အပူချိန်ဟာ ရေနွေးငွေ့ပါဝင်မှုများပြီး စိုထိုင်းစရှိတဲ့အတွက် ရုတ်တရက်ပြောင်းလဲလာတဲ့အပူချိန်ကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူရဲ့ခန္ဓာကိုယ်မှာ သိသာတဲ့တုန့်ပြန်မှုတွေ ဖြစ်ပေါ်စေပါတယ်။

ဒီလိုရာသီမှာ ဓာတ်မတည့်မှုကြောင့် နှာစေး၊ ချောင်းဆိုး၊ ရင်ကြပ်တွေဖြစ်တတ်လို့ ကျန်းမာရေးသတိရှိကြပါနော်။ ဒါ့အပြင် ပူအိုက်ပြီး ချွေးထွက်များတဲ့အတွက် အလာဂျီတွေလည်းဖြစ်တတ်လို့ အဲဒီလိုအလာဂျီရာသီအတွက် ဘယ်လိုအကောင်းဆုံးလမ်းညွှန်မှုလေးတွေ ပြောထားလဲဆိုတာလည်း ဖတ်ကြည့်လိုက်ကြရအောင်။

(၁) ဒီရာသီရောက်ပြီဆိုရင် ခန္ဓာကိုယ်ရဲ့ရောဂါခုခံအားစနစ်က အန္တရာယ်ရှိတဲ့ဝတ်မှုန်တွေကို အလိုအလျောက်သိပြီး မြန်မြန်ဆန်ဆန်တုန့်ပြန်တတ်ကြပါတယ်။ ဒါကြောင့် လေထုထဲမှာပါတဲ့ ဖုန်မှုန့်နဲ့ မမြင်နိုင်တဲ့ အမှုန်အမွှားတွေကြောင့် မျက်စိယားယံတာ၊ နှာချေတာတွေ ဖြစ်ကြခြင်းဖြစ်ပါတယ်။ ပန်းဝတ်မှုန်တွေဟာ နေ့လည်မွန်းတည့်ချိန်တစ်ဝိုက် လေထုထဲမှာ အကြာဆုံးရှိနေပြီး တစ်နေ့လုံး တဖြည်းဖြည်းနဲ့  ပျံ့ပွားလေ့ရှိပါတယ်။ ဒါကြောင့် အဲဒီအချိန်ဝန်းကျင်မှာ အိမ်၊ ကျောင်း၊ ရုံးတံခါးတွေ ခဏတဖြုတ် ပိတ်ထားသင့်ပါတယ်။ အပြင်ထွက်မယ်ဆိုရင်လည်း နေကာမျက်မှန်လို နှာခေါင်းစည်းလို အကာအကွယ်ပစ္စည်းတွေနဲ့ ထွက်သင့်ပါတယ်။

(၂) ဝတ်မှုန်တွေဟာ စေးကပ်တဲ့အတွက် တစ်နေရာကနေတစ်နေရာကို အလွယ်တကူကပ်ငြိပါသွားနိုင်ပါတယ်။ လူရဲ့ခန္ဓာကိုယ်ပေါ်မှာ၊ အရာဝတ္ထုပစ္စည်းတွေမှာ ကပ်ငြိပြီး ထိတွေ့ကိုင်တွယ်မိရာကနေ ဓာတ်မတည့်မှုတွေ ဖြစ်စေပါတယ်။ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းယားယံမှုတွေဖြစ်ခြင်းရဲ့ အဓိကအကြောင်းပြချက်ဟာ လေထဲက မမြင်နိုင်တဲ့ ဝတ်မှုန်တွေကြောင့်ပဲဖြစ်ပါတယ်။ အပြင်ကပြန်လာတိုင်း ဒါမှမဟုတ် တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကိုစင်အောင်ဆေးပါ။ အကျီၤအဝတ်အစားတွေ လဲလှယ်သင့်သလို ခေါင်းကိုလည်း ပုံမှန်လျှော်ဖို့အရေးကြီးပါတယ်။

(၃) နေ့စဉ်စားသုံးတဲ့ Diet အစားအစာတွေကြောင့်လည်း အလဂျစ်ဖြစ်တဲ့အပေါ် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားသုံးပေးဖို့လိုပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့အစားအစာတွေနဲ့ အပင်ကနေ လောလောလတ်လတ်ရရှိတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ များများစားသုံးပေးသင့်ပါတယ်။ အေးလွန်းတဲ့အရည်၊ အချိုရည်နဲ့ နို့ထွက်ပစ္စည်းတွေကတော့ ချွဲထစေတဲ့ အစားအစာတွေဖြစ်လို့ ဒီရာသီမှာ စားသုံးဖို့မသင့်ပါဘူး။

အခုဖော်ပြပေးခဲ့တဲ့အချက်တွေကို လိုက်နာခြင်းအားဖြင့် ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ပင်ပန်းနွမ်းလျမှုတွေကနေ ကာကွယ်ပေးနိုင်မယ်ဆိုတာသေချာပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။