Spotify က ကုိယ္ပိုင္ Smart Speaker တစ္ခုကို ထုတ္လုပ္မည္

Music Streaming Service တစ္ခုျဖစ္တဲ့ Spotify ဟာ အခုအခ်ိန္မွာ Software ပိုင္း Music Streaming Service အျပင္ Hardware ကိုပါ ထုတ္လုပ္ဖို႔ ၾကိဳးစားေနျပီျဖစ္ပါတယ္။ အခုသတင္းကို Spotify ရဲ႕ အလုပ္ရွာေဖြတဲ့ေၾကာ္ျငာကေန သိရွိခဲ့တာျဖစ္ျပီး Spotify ဟာ “Connected Hardware” Product တစ္ခုကို ျပဳလုပ္ဖုိ႔ လူတစ္ေယာက္ကို ရွာေဖြေနတာျဖစ္ပါတယ္။

အဆိုပါ အလုပ္ေၾကာ္ျငာစာမွာ “သင့္ရဲ႕ အလုပ္ဟာ တကမၻာလံုးရဲ႕ သီခ်င္းနားဆင္တဲ့ပံုစံကို ေျပာင္းလဲသြားေစမယ္” လို႔ ေရးသားထားတဲ့အတြက္ Wi-Fi ခ်ိတ္ဆက္ႏုိင္တဲ့ Spotify ကို Streaming နားဆင္ႏုိင္မယ့္ Smart Speaker ေတြကို ထုတ္လုပ္ဖုိ႔မ်ားေနပါတယ္။

ဒါမွမဟုတ္ Spotify ဟာ အခုအခ်ိန္မွာ ေခတ္စားေနတဲ့ AI Speaker ေတြလုိမ်ိဳး ေနာက္ကို လုိက္ႏိုင္ျပီးေတာ့ ပထမဆံုးအေနနဲ႔ AI စနစ္ပါ ပါဝင္တဲ့ Smart Speaker ကို ထုတ္လုပ္လာႏိုင္ပါတယ္။ အခုအခ်ိန္မွာလည္း Google ၊ Amazon ၊ Apple စတဲ့ ကုမၸဏီၾကီးေတြအျပင္ Samsung နဲ႔ LG လုိ ကုမၸဏီေတြပါ Smart Speaker ေတြထုတ္လုပ္လာၾကတဲ့အတြက္ Spotifiy က ဝင္ေရာက္လာတယ္ဆိုရင္လည္း ျပိဳင္ဆုိင္မႈျပင္းထန္ဦးမွာပါ။

ဘာပဲျဖစ္ျဖစ္ စမတ္ဖုန္းနဲ႔ ခ်ိတ္ဆက္စရာမလုိပဲ Spotify ကို Smart Speaker တစ္ခုအေနနဲ႔ အသံုးျပဳႏုိင္မယ္ဆုိရင္ ဒါက အခ်ိဳ႕ေသာ အသံုးျပဳသူေတြအတြက္ စဥ္းစားစရာျဖစ္လာမလား…။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Music Streaming Service တစ်ခုဖြစ်တဲ့ Spotify ဟာ အခုအချိန်မှာ Software ပိုင်း Music Streaming Service အပြင် Hardware ကိုပါ ထုတ်လုပ်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။ အခုသတင်းကို Spotify ရဲ့ အလုပ်ရှာဖွေတဲ့ကြော်ငြာကနေ သိရှိခဲ့တာဖြစ်ပြီး Spotify ဟာ “Connected Hardware” Product တစ်ခုကို ပြုလုပ်ဖို့ လူတစ်ယောက်ကို ရှာဖွေနေတာဖြစ်ပါတယ်။

အဆိုပါ အလုပ်ကြော်ငြာစာမှာ “သင့်ရဲ့ အလုပ်ဟာ တကမ္ဘာလုံးရဲ့ သီချင်းနားဆင်တဲ့ပုံစံကို ပြောင်းလဲသွားစေမယ်” လို့ ရေးသားထားတဲ့အတွက် Wi-Fi ချိတ်ဆက်နိုင်တဲ့ Spotify ကို Streaming နားဆင်နိုင်မယ့် Smart Speaker တွေကို ထုတ်လုပ်ဖို့များနေပါတယ်။

ဒါမှမဟုတ် Spotify ဟာ အခုအချိန်မှာ ခေတ်စားနေတဲ့ AI Speaker တွေလိုမျိုး နောက်ကို လိုက်နိုင်ပြီးတော့ ပထမဆုံးအနေနဲ့ AI စနစ်ပါ ပါဝင်တဲ့ Smart Speaker ကို ထုတ်လုပ်လာနိုင်ပါတယ်။ အခုအချိန်မှာလည်း Google ၊ Amazon ၊ Apple စတဲ့ ကုမ္ပဏီကြီးတွေအပြင် Samsung နဲ့ LG လို ကုမ္ပဏီတွေပါ Smart Speaker တွေထုတ်လုပ်လာကြတဲ့အတွက် Spotifiy က ဝင်ရောက်လာတယ်ဆိုရင်လည်း ပြိုင်ဆိုင်မှုပြင်းထန်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် စမတ်ဖုန်းနဲ့ ချိတ်ဆက်စရာမလိုပဲ Spotify ကို Smart Speaker တစ်ခုအနေနဲ့ အသုံးပြုနိုင်မယ်ဆိုရင် ဒါက အချို့သော အသုံးပြုသူတွေအတွက် စဉ်းစားစရာဖြစ်လာမလား…။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com