Product ဒါမှမဟုတ် Feature အသစ်ကို မိတ်ဆက်တော့မယ့် Spotify







Spotify


Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

လက်ရှိမှာ အကြီးမားဆုံးသော Music Streaming Service တစ်ခုဖြစ်တဲ့ Spotify ကနေ လာမယ့် ဧပြီရယ် ၂၄ ရက်နေ့မှာ New York မြို့မှာ Event တစ်ခုကို ပြုလုပ်သွားမှာဖြစ်ပြီးတော့ အခုအချိန်မှာ Media တွေကို Invitation ပို့ထားလိုက်ပြီပဲဖြစ်ပါတယ်။

Spotify Event Invitation

Spotify Event Invitation

အခု Invitation ကို အပြာရောင်နောက်ခံနဲ့ ပြုလုပ်ထားတာဖြစ်ပြီးတော့ “Save the Date” “News Announcement” လို့ပဲ ရေးသားထားတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် လောလောဆယ်မှာတော့ ဘယ်လိုမျိုး သတင်းမျိုးကို Spotifiy က ကြေငြာလာနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

မကြာသေးမီက Spotify ကနေ အသံနဲ့ ခိုင်းစေနိုင်တဲ့ Voice Assistant Recognition Service တစ်ခုကို အသုံးပြုသူအချို့က စမ်းသပ်ခွင့်ရခဲ့တဲ့အတွက် အခုကြေငြာချက်ဟာ Voice Assistant အသစ်တစ်ခုဖြစ်လာနိုင်ပြီးတော့ အချို့ကလည်း Car Audio ပိုင်းနဲ့ သက်ဆိုင်တဲ့ Feature အသစ်တစ်ခုဖြစ်လာမယ်လို့ ယူဆထားကြပါတယ်။

ဒါ့အပြင် Spotify က တလောကလည်း Smart Speaker တွေအတွက် အလုပ်ခေါ်စာတစ်ခုကို ထုတ်ခဲ့သေးတဲ့အတွက်ကြောင့် အခု Event မှာ Spotify ရဲ့ ပထမဆုံးသော Smart Speaker ကို ထုတ်လာနိုင်တယ်လို့လည်း ယူဆထားကြပါတယ်။

Spotify

ဘာပဲဖြစ်ဖြစ် Spotify ကတော့ Apple Music ကို နေရာမပေးရဖို့ Product ပဲဖြစ်ဖြစ် Features အသစ်ပဲဖြစ်ဖြစ် ထုတ်သွားတော့မှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com