
Spotify



Spotify



Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Spotify Mobile Version ဟာ လက်ရှိအချိန်မှာ အခမဲ့ အသုံးပြုမယ်ဆိုရင် Mobile Version မှာ ကြော်ငြာတွေပါဝင်သလို သီချင်းတွေကိုလည်း လိုသလိုကျော်လို့မရပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ Spotify က Free User တွေအတွက် နောက်ထပ် Plan တစ်ခုကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

Spotify

လက်ရှိအချိန်မှာ Spotifiy ကို အခမဲ့အသုံးပြုနေကြတဲ့သူတွေဟာ လက်ရှိအချိန်မှာ ၉၅ သန်းရှိနေပြီဖြစ်ပြီး အခုနှစ်ကုန်မှာ ၁၀၉ သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ တဖက်ကလည်း အခကြေးငွေပေးပြီးတော့ Subscribed ပြုလုပ်ထားတဲ့ Premium Member တွေကလည်း ၇၄ သန်းရှိနေပြီဖြစ်ပြီးတော့ ဒီနှစ်ကုန်မှာ ၉၄ သန်းရှိလာမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Desktop Version Spotify မှာ သီချင်းတွေကို နှစ်သက်သလိုနားထောင်နိုင်ပြီး ကြော်ငြာတွေပါဝင်ခြင်းတော့မရှိပေမယ့် Mobile Version မှာတော့ တခါတလေ ကြော်ငြာတွေကို နားထောင်ရသလို ကိုယ်နှစ်သက်တဲ့သီချင်းကိုလည်း ဖွင့်နိုင်ခြင်းမရှိသေးပါဘူး။ Paid Version User တွေကတော့ Unlimited Playlist တွေ၊ Offline သီချင်းနားထောင်ဖို့အတွက် Offline Download စနစ်တွေ နဲ့ ကြိုက်တဲ့သီချင်းတွေကို နားထောင်နိုင်နေတာပဲဖြစ်ပါတယ်။

Spotify

Spotify ဟာ လာမယ့် ဧပြီရယ်လ ၂၄ ရက်မှာ News Announcement Event တစ်ခုကို ပြုလုပ်သွားဖို့ရှိနေပြီးတော့ အဆိုပါ Event မှာ အခုလို Free User တွေအတွက် ပြောင်းလဲမှုလုပ်သွားမယ့်အစီအစဉ်ကို ပြောကြားသွားမယ်လို့ ယူဆရပါတယ်။

Spotify ဟာ အခုနှစ်ကုန်မှာ သုံးစွဲသူစုစုပေါင်း သန်း ၂၀၀ အထိ ရရှိဖို့ ရည်ရွယ်ထားပြီးတော့ ပြိုင်ဘက်ဖြစ်လာတဲ့ Apple Music နဲ့လည်း ယှဉ်ပြိုင်ဖို့အတွက် အခမဲ့သုံးစွဲနိုင်တဲ့ Free User တွေကို ပိုပြီး အသုံးပြုနိုင်ဖို့ ဆောင်ရွက်ပေးတာဖြစ်နိုင်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com