ကိုယ်ပိုင် Voice Assistant ကို စမ်းသပ်နေတဲ့ Spotify






Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Spotify ဟာ လက်ရှိအချိန်မှာ သုံးစွဲသူအများပြားဆုံးသော Music Streaming Service တစ်ခုဖြစ်ပြီးတော့ ဒီနှစ်ထဲမှာ Features အသစ်တွေအများအပြား ဆောင်ရွက်သွားမယ်လို့လည်း သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အခုအချိန်မှာလည်း Spotify ဟာ အသံနဲ့ ခိုင်းစေနိုင်တဲ့ Voice Interface တစ်ခုကို သုံးစွဲသူအနည်းငယ်မှာ စမ်းသပ်နေတယ်လို့ သိရပါတယ်။

အခု Voice Interface ဟာ အဓိကပြုလုပ်မှာကတော့ Spotify App ကိုဖွင့်ပြီး Mic ခလုတ်ကိုနှိပ်ပြီး “Play my discover weekly” ဒါမှမဟုတ် “listen to my workout playlist” လိုမျိုး Voice Command တွေနဲ့ ခိုင်းစေနိုင်မှာဖြစ်ပါတယ်။

အခုသတင်းကို Twitter မှာ Hunter Owens အမည်ရှိတဲ့အသုံးပြုသူတစ်ဦးက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ Spotify ကနေ Tech Crunch ကို အခု Feature ကို စမ်းသပ်နေတယ်ဆိုတာကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိ စမ်းသပ်မှုတွေအရတော့ အခု Spotify ရဲ့ Voice Interface ဟာ Mic Button ကို နှိပ်ပြီး ခိုင်းစေရတာဖြစ်ပြီးတော့ အခြားသော Google Assistant နဲ့ Apple Siri တွေလိုမျိုး Trigger ပြုလုပ်ပေးမယ့် Keyword မရှိသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် အခြားသော AI Assistant တွေလို Artist Information တွေကိုလည်း မရှာဖွေပေးနိုင်သေးတာကိုတွေ့ရပါတယ်။

အခုလိုမျိုး Voice Interface ကိုထည့်သွင်းဖို့ ပြုလုပ်နေတာက Spotify ဟာ Smart Speaker တစ်ခုကို ဆောင်ရွက်နေတယ်ဆိုတာကို သေချာသွားစေတယ်ပဲပြောရတော့မှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com