
Spotify



Spotify


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Music Streaming Application တွေထဲမှာ Spotify နဲ့ Apple Music က လက်ရှိမှာ အသုံးပြုမှုအများဆုံးဖြစ်နေပြီးတော့ Spotify တစ်ခုထဲကပဲ Subscribed ပြုလုပ်စရာမလိုအပ်ဘဲ အသုံးပြုနိုင်နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် လစဉ်ကြေးမပေးဘဲ အသုံးပြုချင်တဲ့သူတွေအတွက်ကတော့ Spotify က အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်နေပါသေးတယ်။

Spotify

ဒါပေမယ့် အခုလိုမျိုး အခမဲ့နားထောင်တာနိုင်တာက အသုံးပြုသူတွေဘက်မှာ ကျော်လို့မရတဲ့ ကြော်ငြာတွေနဲ့ Offline နားထောင်လို့မရတဲ့ အားနည်းချက်တွေ ရှိနေပြန်ပါတယ်။ အဲ့ဒီအတွက် ကြော်ငြာတွေ ကြားဖြတ်လာတာကို မကြိုက်တဲ့သူတွေအတွက်ကတော့ Premium Subscription ကို ဝယ်ယူတာပိုပြီး အဆင်ပြေနေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Spotify က Australia မှာ Free User တွေကို လက်ရှိကြော်ငြာတွေကို မကြိုက်ရင် ကျော်နိုင်ခွင့်ရှိတဲ့ Feature တစ်ခုကို စမ်းသပ်နေပြီးတော့ အဆိုပါ Feature အရ Audio ကြော်ငြာတင်မကဘဲ Video ကြော်ငြာတွေကိုပါ ကျော်နိုင်နေတာဖြစ်ပါတယ်။ Spotify ရဲ့ ပြောကြားချက်အရတော့ လက်ရှိ Free User တွေမှာ ကြော်ငြာတွေကို မြင်နေရဦးမှာဖြစ်ပေမယ့် မကြိုက်တဲ့ ကြော်ငြာတွေကို ကျော်သွားနိုင်အောင် ယခု Feature ကို စမ်းသပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

Spotify

အဲ့ဒီအတွက် Spotify ကို အခမဲ့အသုံးပြုနေတဲ့သူတွေအတွက် ကြော်ငြာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာ သိသိသာသာလျော့ကျသွားနိုင်ပြီးတော့ မကြာခင်မှာ ယခု Feature ကို တကမ္ဘာလုံးက အသုံးပြုသူတွေအားလုံးရရှိလာဖို့ ရှိနေတယ်လို့ ယူဆရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com