လက်ရှိ Music Streaming Application တွေထဲမှာ Spotify က အသုံးပြုသူအများဆုံးဖြစ်နေတယ်ဆိုရင်လည်း မမှားပါဘူး။ အခုအချိန်မှာတော့ Spotify ကနေ Mobile Data Plan အပြင် Older Device တွေမှာ အသုံးပြုနေတဲ့သူတွေအတွက် Spotify Lite Application ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

 

အခု Spotify Lite ဟာ Download ပြုလုပ်ဖို့က 10MB ပဲ လိုအပ်မှာဖြစ်ပြီးတော့ ဒါက ပုံမှန် 100MB ဝန်းကျင် Size ကနေ ၁၀ ဆလောက်အထိကို Size ကျူံ့သွားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Spotify Lite App မှာဆိုရင် Mobile Data နဲ့ အသုံးပြုနေတဲ့သူတွေအတွက် Data Limit Feature ကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

နောက်ထပ် ဒီ Spotify Lite မှာ အသုံးပြုသူတွေက ကိုယ်နားထောင်နေတဲ့သီချင်းတွေရဲ့ Song Cache ကို ထိန်းချူပ်နိုင်မှာဖြစ်ပြီးတော့ Tap တစ်ချက်ထဲနဲ့တင် Clear ပြုလုပ်နိုင်မှာပါ။ ဒါတင်မဟုတ်သေးဘဲ နှေးကွေးတဲ့ Internet Connection တွေနဲ့ Data ကန့်သတ်ထားတဲ့ Mobile Data Plan တွေအတွက်လည်း Optimize ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

အခုအချိန်ကစတင်ပြီးတော့ ဒီ Spotify Lite Application ကို Asia ၊ Latin America ၊ Middle East နဲ့ Africa နိုင်ငံပေါင်း ၃၆ နိုင်ငံအတွက်ကို အရင်ဆုံး Download ပြုလုပ်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အခု Spotify Lite ကို Android Version 4.3 နဲ့ အထက်ဖုန်းတွေမှာ Google Play Store ကနေ Download ပြုလုပ်နိုင်မှာပါ။

Ref : The Verge