[Zawgyi] 




Select Device to Play


Apple Music


Ref: Spotify | The Verge

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Apple Watch အတွက် Spotify App ထွက်လာပြီ

Spotify ကတော့ Apple Watch အတွက် Spotify App ကို ထုတ်ပေးလိုက်ပါပြီ။ Spotify သုံးနေပြီး Apple Watch လည်းရှိတယ်ဆိုရင်တော့ အခုထွက်လာတဲ့ App ကို သင်သဘောကျမှာပါ။ 

Spotify on Apple Watch Series 4

Apple Watch App ကတော့ သီချင်းတွေကို Watch ကနေပဲ ဖွင့်လို့ရအောင် လုပ်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ App မှာ အားနည်းချက်လို့ပြောလို့ရတာ တစ်ခုရှိနေပါတယ်။ အဲ့တာကတော့ Offline Playback အတွက် သီချင်းတွေကို Apple Watch ပေါ်မှား သိမ်းထားလို့မရတဲ့အချက်ပါ။ Apple Music ကတော့ Apple Watch ပေါ်မှာပါ သီချင်းတွေသိမ်းထားခွင့်ပေးတဲ့အတွက် အားကစားလုပ်မယ့်အချိန်ဆိုရင် iPhone ကို အိမ်မာ ထားခဲ့လို့ရပါတယ်။ 

Select Device to Play

Spotify App ကတော့ Apple Watch ပေါ်ကနေ သီချင်းတွေကိုဖွင့်တဲ့အခါ ဘယ် Device ပေါ်မှာ နားထောင်မလဲဆိုတာကိုလည်း ရွေးပေးလို့ရအောင် လုပ်ပေးထားပါတယ်။ အိမ်သုံး Speaker တွေနဲ့လည်း တွဲပြီးသုံးလို့ရလို့ အိမ်မှာ သီချင်းနားထောင်တဲ့အခါ ကြိုက်တဲ့နေရာကနေ သီချင်းကို ကျော်လို့၊ ရပ်လို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် Apple Watch ပေါ်ကနေ သုံးလို့ရလာပြီဆိုတော့ အရင်ကထက်တော့ ပိုအဆင်မပြေသွားပါပြီ။ 

Apple Music

Spotify ကတော့ Apple Watch နဲ့ ယှဉ်မယ်ဆိုရင် အများကြီး ဟာကွက်တွေ ရှိနေပါသေးတယ်။ အကြောင်းကတော့ Apple က သူ့ရဲ့ Device တွေအတွက် Software Experience မှာ အကောင်းဆုံးဖြစ်မယ့် အတွေ့အကြုံကိုပေးနိုင်အောင် သေချာစီစဉ်ထားတာကြောင့် Apple Music ကလည်း iPhone ၊ iPad ၊ Mac နဲ့ Apple Watch ပိုင်ရှင်တွေအတွက် အကောင်းဆုံးဖြစ်နေတာပါ။ Spotify က Apple Device တွေပေါ်မှာ Apple Music ကို မှီလာဖို့ အချိန်တော်တော် ကြာဦးမှာပါ။ 

Ref: Spotify | The Verge

Min Than Htike (Akhayar)

www.akhayar.com