နာမည္ၾကီး Music Streaming Service တစ္ခုျဖစ္တဲ့ Spotify ကေန အခုအခ်ိန္မွာ ပိုက္ဆံေပးျပီး Subscribe မျပဳလုပ္ထားတဲ့ သာမန္ Free User ေတြအတြက္ သိသိသာသာကို ပိုျပီး အဆင့္ျမွင့္တင္ထားတဲ့ Features အသစ္ေတြကို မိတ္ဆက္ခဲ့ပါတယ္။

Spotify New Feature

အခု Spotify ကေန အသစ္မိတ္ဆက္လိုက္တဲ့ Features ေတြထဲက တစ္ခုကေတာ့ Spotify မွာ ေန႔စဥ္ Recommend ေပးေနတဲ့ Playlist ေတြျဖစ္တဲ့ On-Demand Playlist ေတြမွာ ကိုယ္ၾကိဳက္ႏွစ္သက္တဲ့ သီခ်င္းကို Shuffle Play ႏွိပ္စရာမလုိပဲ နားဆင္ႏုိင္ျပီျဖစ္ပါတယ္။ ဒါေပမယ့္ Search ကေန ကုိယ္ရွာခ်င္တဲ့ သီခ်င္းေတြကို ရွာျပီး နားေထာင္မယ္ဆုိရင္ေတာ့ Shuffle Play နဲ႔ပဲ နားေထာင္လုိ႔ရဦးမွာျဖစ္ပါတယ္။

Spotify New Free Version

ဘာပဲျဖစ္ျဖစ္ အခုလုိမ်ိဳး On-Demand သီခ်င္းေတြကို Shuffle လုပ္စရာမလုိပဲ ကိုယ္ၾကိဳက္တဲ့ သီခ်င္းကို နားေထာင္လုိ႔ရတာက Free User ေတြအတြက္ေတာ့ ၾကီးမားတဲ့ Upgrade တစ္ခုလုိ႔ ေျပာလုိ႔ရပါတယ္။ Spotify ရဲ႕ ေျပာၾကားခ်က္အရေတာ့ အခု On-Demand Playlist ကို ေန႔စဥ္မတူညီတဲ့ Playlist ၁၅ ခု ထားေပးသြားမွာျဖစ္ျပီးေတာ့ သီခ်င္းအပုဒ္ေရ ၇၅၀ ခန္႔ ပါဝင္မွာျဖစ္တယ္လုိ႔ သိရပါတယ္။ အဲ့ဒီအတြက္ သာမန္သီခ်င္းနားေထာင္ခ်င္တဲ့သူေတြအတြက္ကေတာ့ အခု Free Version နဲ႔လည္း လုံေလာက္တာထက္ပိုတယ္လုိ႔ ေျပာလို႔ရပါတယ္။

ေနာက္ထပ္ Feature အသစ္တစ္ခုကေတာ့ “Low Data Mode” ဒါမွမဟုတ္ “Data Saver” Feature ပဲျဖစ္ျပီးေတာ့ Mobile Data နဲ႔ သီခ်င္းနားေထာင္မယ္ဆိုရင္ ယခင္ကထက္ ၇၅ ရာခိုင္ႏႈန္းပိုျပီးေတာ့ Data စားသံုးမႈနည္းပါးသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

အခု Spotify ကေျပာင္းလဲခဲ့တဲ့ Free User ေတြအတြက္ Feature ေတြက အလြန္ေကာင္းမြန္တယ္လုိ႔ ေျပာလုိ႔ရေပမယ့္ တစ္ခုကိုေတာ့ ျပင္ဆင္ေပးခဲ့ျခင္းမရွိေသးပါဘူး။ အဲ့ဒါကေတာ့ ေၾကာ္ျငာေတြပဲျဖစ္ျပီးေတာ့ Spotify Free User ေတြက ယခင္ကအတိုင္း သီခ်င္းေတြနားေထာင္ေနရင္း ေၾကာ္ျငာေတြကို နားဆင္ေနရဦးမွာပဲျဖစ္ပါတယ္။

Spotify

ဘာပဲျဖစ္ျဖစ္ Spotify ရဲ႕ အခုလုိမ်ိဳး Free User ေတြအေပၚေျပာင္းလဲမႈေတြက အခုမွ စတင္ျပီး Music Streaming Service တစ္ခုကို သံုးစြဲမယ့္သူေတြအတြက္ စြဲေဆာင္ေနမွာပဲျဖစ္ပါတယ္။

Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

နာမည်ကြီး Music Streaming Service တစ်ခုဖြစ်တဲ့ Spotify ကနေ အခုအချိန်မှာ ပိုက်ဆံပေးပြီး Subscribe မပြုလုပ်ထားတဲ့ သာမန် Free User တွေအတွက် သိသိသာသာကို ပိုပြီး အဆင့်မြှင့်တင်ထားတဲ့ Features အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။

Spotify New Feature

အခု Spotify ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Features တွေထဲက တစ်ခုကတော့ Spotify မှာ နေ့စဉ် Recommend ပေးနေတဲ့ Playlist တွေဖြစ်တဲ့ On-Demand Playlist တွေမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းကို Shuffle Play နှိပ်စရာမလိုပဲ နားဆင်နိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် Search ကနေ ကိုယ်ရှာချင်တဲ့ သီချင်းတွေကို ရှာပြီး နားထောင်မယ်ဆိုရင်တော့ Shuffle Play နဲ့ပဲ နားထောင်လို့ရဦးမှာဖြစ်ပါတယ်။

Spotify New Free Version

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး On-Demand သီချင်းတွေကို Shuffle လုပ်စရာမလိုပဲ ကိုယ်ကြိုက်တဲ့ သီချင်းကို နားထောင်လို့ရတာက Free User တွေအတွက်တော့ ကြီးမားတဲ့ Upgrade တစ်ခုလို့ ပြောလို့ရပါတယ်။ Spotify ရဲ့ ပြောကြားချက်အရတော့ အခု On-Demand Playlist ကို နေ့စဉ်မတူညီတဲ့ Playlist ၁၅ ခု ထားပေးသွားမှာဖြစ်ပြီးတော့ သီချင်းအပုဒ်ရေ ၇၅၀ ခန့် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် သာမန်သီချင်းနားထောင်ချင်တဲ့သူတွေအတွက်ကတော့ အခု Free Version နဲ့လည်း လုံလောက်တာထက်ပိုတယ်လို့ ပြောလို့ရပါတယ်။

နောက်ထပ် Feature အသစ်တစ်ခုကတော့ “Low Data Mode” ဒါမှမဟုတ် “Data Saver” Feature ပဲဖြစ်ပြီးတော့ Mobile Data နဲ့ သီချင်းနားထောင်မယ်ဆိုရင် ယခင်ကထက် ၇၅ ရာခိုင်နှုန်းပိုပြီးတော့ Data စားသုံးမှုနည်းပါးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခု Spotify ကပြောင်းလဲခဲ့တဲ့ Free User တွေအတွက် Feature တွေက အလွန်ကောင်းမွန်တယ်လို့ ပြောလို့ရပေမယ့် တစ်ခုကိုတော့ ပြင်ဆင်ပေးခဲ့ခြင်းမရှိသေးပါဘူး။ အဲ့ဒါကတော့ ကြော်ငြာတွေပဲဖြစ်ပြီးတော့ Spotify Free User တွေက ယခင်ကအတိုင်း သီချင်းတွေနားထောင်နေရင်း ကြော်ငြာတွေကို နားဆင်နေရဦးမှာပဲဖြစ်ပါတယ်။

Spotify

ဘာပဲဖြစ်ဖြစ် Spotify ရဲ့ အခုလိုမျိုး Free User တွေအပေါ်ပြောင်းလဲမှုတွေက အခုမှ စတင်ပြီး Music Streaming Service တစ်ခုကို သုံးစွဲမယ့်သူတွေအတွက် စွဲဆောင်နေမှာပဲဖြစ်ပါတယ်။

Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com