
Spotify



Spotify


Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Apple ကနေ ထုတ်လုပ်ထားတဲ့ Apple Watch တွေက လက်ရှိအချိန်မှာ ရေပန်းအစားဆုံး Smartwatch တွေဆိုရင်လည်း မမှားပါဘူး။ အခုလိုမျိုး Apple Watch တွေ အောင်မြင်နေတာကလည်း အသုံးပြုရတာလွယ်ကူတဲ့အပြင် Application တွေလည်း အများအပြားရှိနေတာကြောင့်ပါ။

Spotify

အခုလည်း Apple Watch မှာ နောက်ထပ်နာမည်ကြီး Application တစ်ခုကို ရရှိတော့မှာဖြစ်ပါတယ်။ အခုရရှိလာတော့မယ့် Application ကတော့ Spotify ပဲဖြစ်ပြီး လက်ရှိ iPhone တွေကနေ ချိတ်ဆက်အသုံးပြုနေသလိုမျိုးမဟုတ်ဘဲ Apple Watch မှာတင် Standalone Application အနေနဲ့ ရရှိလာတော့မှာပါ။

အခု Apple Watch အတွက် Spotify ကိုတော့ အခုလောလောဆယ်မှာ TestFlight Channel ဝင်ထားတဲ့သူတွေက ရရှိနေပြီဖြစ်ပြီးတော့ ပုံမှန် Stable Version အတွက်ကတော့ အနည်းငယ်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ အခု Application က လုံးဝအစောပိုင်းဖြစ်နေသေးတဲ့အတွက် Offline Download တော့ပြုလုပ်နိုင်ဦးမှာမဟုတ်ဘဲ Playback Control တွေပဲရရှိဦးမှာပါ။

Spotify

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Apple Watch အတွက် Spotify App ကို ရရှိလာတာက Apple Watch အသုံးပြုသူတွေအတွက် တော်တော်လေးကိုကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com