လက်ရှိမှာ လူသုံးအများဆုံးဖြစ်နေတဲ့ Music Streaming Service တစ်ခုဖြစ်တဲ့ Spotify က Free User တွေများပြားတယ်ဆိုပေမယ့် Paid Premium User တွေမှာတော့ ပြိုင်ဘက်ဖြစ်တဲ့ Apple Music ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Premium Subscription အသုံးပြုသူပိုများလာအောင် Spotify ကနေ ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဒါကတော့ လက်ရှိမှာ Premium Plan ကို စတင်ဝယ်ယူမယ့်သူတွေကို အခမဲ့ပေးသုံးနိုင်တဲ့ Trial Period ကို ၁ လအစား ၃ လအထိ တိုးပေးလိုက်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုအချိန်မှာ Spotify ကို Premium စပြီးအသုံးပြုမယ်ဆိုရင် ၃ လ (ရက် ၉၀) အခမဲ့သုံးနိုင်မှာဖြစ်ပြီး ရက် ၉၀ ကာလပြီးမှပဲ တစ်လကို ၉.၉၉ ဒေါ်လာနဲ့ ဆက်ပြီးအသုံးပြုရမှာပါ။

အခုလိုမျိုး Trial Period ကို ၃ လအထိ တိုးပေးလိုက်က Apple Music ကနေ လက်ရှိ Free Trial ပေးနေတဲ့အချိန်နဲ့ တူညီသွားပြီဖြစ်ပြီးတော့ အခုမှစတင်ပြီးတော့ သုံးမယ့်သူတွေအတွက် ရွေးချယ်ရပိုပြီး ညီမျှသွားပြီလို့ ပြောလို့ရပါတယ်။ အခုလို ပြောင်းလဲလိုက်တာက လုံးဝ Permanent ဖြစ်ပြီးတော့ တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ Region ကန့်သတ်ချက်မရှိဘဲ အသုံးပြုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Trial Period ကို ပြောင်းလဲလိုက်တဲ့အတွက် Spotify အနေနဲ့ ယခင်ထက်ပိုပြီး Premium Subscription နဲ့အသုံးပြုသူတွေပိုပြီး များပြားလာနိုင်မလားဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရမှာပါ။

Ref : Engadget