[Zawgyi]

လာမယ့္ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား

ဥေရာပေဘာလံုးရပ္ဝန္းရဲ႕ နာမည္ေက်ာ္ အမွတ္ေပးလိဂ္ၿပိဳင္ပြဲေတြ ျပန္လည္စတင္ေတာ့မယ့္အခ်ိန္ကို ေရာက္ရွိလာခဲ့ပါၿပီ။ တစ္ႏွစ္တစ္ႏွစ္ ျပန္လည္စတင္တိုင္း စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေတြနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲက ပရိသတ္ေတြကို ဆြဲေဆာင္ေနဆဲပဲ။ နာမည္ေက်ာ္ ကစားသမား ေခၚယူမႈေတြနဲ႔အတူ ရင္ခုန္စိတ္လႈပ္ရွားမႈကို ေပးစြမ္းႏိုင္ဆဲပါပဲ။ လီဗာပူးလ္အသင္းမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ကစားခဲ့သလို နာမည္ေက်ာ္ Daily Mail ရဲ႕ ပင္တိုင္ေဆာင္းပါးရွင္ျဖစ္တဲ့ အဂၤလန္ကြင္းလယ္လူေဟာင္း Jamie Redknapp က လာမယ့္ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ေျခစြမ္းေစာင့္ၾကည့္ရမယ့္ ကစားသမားေတြက ဘယ္သူေတြ ျဖစ္လာမလဲဆိုတာ ေဖာ္ျပထားတယ္။ Jamie Redknapp ရဲ႕ ေစာင့္ၾကည့္ရမယ့္ ကစားသမားစာရင္းမွာ ပါဝင္လာတဲ့ ကစားသမားေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

NABY-KEITA

NABY-KEITA

နာဘီကီတာ Naby Keita (လီဗာပူးလ္) – အသက္ (၂၆)ႏွစ္

ကြင္းလယ္မွာ ေနရာစံု ကစားႏိုင္ၿပီး ခြန္အားကို အစြမ္းကုန္အသံုးခ်တက္တဲ့ ကစားသမားတစ္ဦး။ ေကာင္းမြန္တဲ့ ထိခ်က္ေတြကေန သြင္းဂိုးေတြ ဖန္တီးႏိုင္သလို၊ ကိုယ္တိုင္လည္း ဂိုးသြင္းယူႏိုင္သူပါ။ ခြန္အားအသံုးျပဳတဲ့ ကစားပံုေၾကာင့္ပဲ မၾကာခဏျပစ္ဒဏ္ က်ဴးလြန္မိၿပီး အနီကတ္ျပသခံရတာကို ထိန္းခ်ဳပ္ႏိုင္မယ္ဆို လီဗာပူးလ္အတြက္ ေတာ္ေတာ္အသံုးဝင္မယ့္ ကစားသမားတစ္ဦး။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက လိုက္ပ္ဇစ္မွာ အနီကတ္ (၄)ႀကိမ္အထိ ျပခံခဲ့ရတာက မွတ္တမ္းဆိုးတစ္ခုျဖစ္ခဲ့တယ္။ နည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp ရဲ႕ လီဗာပူးလ္ကြင္းလယ္မွာ ကစားသမားသစ္ တစ္ဦးျဖစ္တဲ့ ဖာဘင္ဟို Fabinho နဲ႔အတူ ေစာင့္ၾကည့္သြားရမယ့္ ကစားသမားတစ္ဦးပါ။

မက္စ္ေမယာ Max Meyer (ခရစၥတယ္ပဲေလ့စ္) – အသက္ (၂၂)ႏွစ္

ေရွာ္လ္ေကးအသင္းရဲ႕ ဂ်ာမန္ၾကယ္ပြင့္ကစားသမားကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့တာ ခရစၥတယ္ပဲေလ့စ္အတြက္ အက်ိဳးအျမတ္တစ္ခုျဖစ္လာဖို႔ရွိတယ္။ အသက္အရြယ္နဲ႔ မလိုက္ေအာင္ ေဘာလံုးကို ေသေသသပ္သပ္ ကစားႏိုင္တဲ့ စြယ္စံုရ ကြင္းလယ္ကစားသမားတစ္ဦးပါ။ ပဲေလ့စ္အသင္းကို ဒီလိုကစားသမားမ်ိဳးေရာက္လာခ်ိန္မွာ ျပႆနာတစ္ခုေတာ့ရွိေနတယ္။ နည္းျပ ေဟာ့ဒ္ဆန္ Hodgson ဘယ္ေနရာမွာ ထားကစားမလဲ ဆိုတာပါပဲ။ ကြင္းလယ္ (၂)ေယာက္တန္းမွာပဲ ကစားခိုင္းမလား၊ No.(10)Role ေနရာမွာပဲ ကစားခိုင္းမလားဆိုတာ ေစာင့္ၾကည့္သြားရမယ္။ ေမယာ Meyer ကို အံကိုက္ေနရာခ်ထားႏိုင္မယ္ဆိုရင္ေတာ့ အသင္းအတြက္ ေကာင္းမြန္တဲ့ အက်ိဳးျဖစ္ထြန္းေစမယ့္ ကစားသမားျဖစ္ၿပီး ေစာင့္ၾကည့္သြားရမယ့္ ကစားသမားပါပဲ။

JORGINHO

JORGINHO

ေယာ္ဂ်င္ဟို Jorginho (ခ်ယ္လ္ဆီး) – အသက္ (၂၆)ႏွစ္

နည္းျပသစ္ ဆာရီ Sarri ရဲ႕ ပထမဆံုး ကစားသမားေခၚယူမႈျဖစ္ခဲ့ၿပီး နာပိုလီအသင္းမွာ လက္တြဲခဲ့ဖူးတဲ့ သူေတြျဖစ္တာေၾကာင့္ ေစာင့္ၾကည့္ခ်င္စရာေကာင္းေနတယ္။ ေယာ္ဂ်င္ဟို Jorginho အတြက္ ေပးေခ်ခဲ့ရတဲ့ ေပါင္ (၅၇)သန္း ပမာဏက မ်ားတယ္လို႔ ထင္ ရေပမယ့္ ခ်ယ္လ္ဆီးကြင္းလယ္မွာ ထိပ္တန္းစြမ္းေဆာင္ႏိုင္မယ့္ ကစားသမားတစ္ဦးလို႔ ဆာရီ Sarri ကိုယ္တိုင္က အျပည့္အဝယံုၾကည္ေနတယ္။ အသင္းေဖာ္ေတြအတြက္ ေကာင္းမြန္တဲ့ အေထာက္အပံ့ေတြကို ကြင္းလယ္ကေန ဖန္တီးေပးႏိုင္မယ့္ ကစားသမားတစ္ဦးျဖစ္ေပမယ့္ မန္စီတီးအသင္းနဲ႔ ကြန္ျမဴနတီဒိုင္းပြဲစဥ္မွာ ကစားခဲ့တဲ့ ေျခစြမ္းပိုင္းအရေတာ့ အသင္းသစ္မွာ တိုးတက္မႈေႏွးေကြးေနသလိုျဖစ္ေနတယ္။

ရစ္ခ်ာလီဆန္ Richarlison (ဝက္ဖို႔ဒ္) – အသက္ (၂၁)ႏွစ္

ဝက္ဖို႔ဒ္အသင္းမွာ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြကို ျမင္ေတြ႔ခဲ့ရတယ္။ ခရစၥတီယာႏိုေရာ္နယ္လ္ဒို Cristiano Ronaldo လို ကစားသမားမ်ိဳးလို႔ ျမင္တယ္။ ခ်န္ပီယံလိဂ္ (၅)ႀကိမ္ ရထားတဲ့ ခရစၥတီယာႏို Cristiano နဲ႔ တူတယ္လို႔ ေျပာခ်င္တာမဟုတ္ပါဘူး။ မန္ယူကို ေရာက္ခါစ ငယ္ရြယ္တဲ့ ခရစၥတီယာႏို Cristiano လို ကစားသမားမ်ိဳးပါ။ အရွိန္အဟုတ္ျပင္းျပင္းနဲ႔ ကစားတက္တဲ့ ကစားသမားမ်ိဳးပါ။ အျမင့္ေဘာအားသန္တဲ့ ကစားသမားျဖစ္သလို အသင္းေဖာ္ေတြနဲ႔ ဆက္ဆံေရး ေကာင္းမြန္တဲ့ ကစားသမားပါ။ အဲဗာတန္နည္းျပသစ္ မာကိုေဆးလ္ဗား Marco Silva က အသင္းေဟာင္းမွာ လက္တြဲခဲ့ဖူးတဲ့ တပည့္ေဟာင္းအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ (၄၄)သန္းအထိ အသံုးျပဳၿပီး ေခၚယူခဲ့တယ္။ သူ႔အတြက္ အသံုးျပဳခဲ့ရတဲ့ ေျပာင္းေရႊ႕ေၾကးက မ်ားျပားတယ္လို႔ ထင္ရေပမယ့္ အလားအလာရွိတဲ့ ကစားသမားတစ္ဦးျဖစ္လို႔ စြမ္္းေဆာင္ရည္ေတြကို ေစာင့္ၾကည့္ရမယ္။ သူ႔ကို ေခၚယူခဲ့တာ မွန္ကန္ေၾကာင္း သူကိုယ္တိုင္ ေျခစြမ္းနဲ႔ သက္ေသျပရမယ့္ ကစားသမားပါ။

Ruben-Neves

Ruben-Neves

ရူဘင္နီးဗတ္စ္ Ruben Neves (ဝုလ္ဗ္) – အသက္ (၂၁)ႏွစ္

နီးဗတ္စ္ Neves ဟာ အသင္းအတြက္ အေရးပါတဲ့ ကစားသမားတစ္ဦးျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ေဘာလံုးရာသီက စြမ္းေဆာင္ျပခဲ့တယ္။ အသင္းကို တန္းတက္ေအာင္ အဓိကေနရာက စြမ္းေဆာင္ေပးခဲ့တယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲက သူ႔ရဲ႕ ကစားသမားဘဝ ေနာက္တစ္ဆင့္တက္ဖို႔ စြမ္းေဆာင္ျပမယ့္ ၿပိဳင္ပြဲျဖစ္လာဖို႔ ရွိတယ္။ အသင္းကြင္းလယ္မွာ အေကာင္းဆံုး စြမ္းေဆာင္ေပးႏိုင္သလို အသင္းေဖာ္ေတြ ေနရာလြတ္ရရွိေအာင္ စြမ္းေဆာင္ခဲ့တဲ့ ကစားသမားျဖစ္တယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ဧရိယာျပင္ပကေန (၆)ဂိုးအထိ သြင္းယူခဲ့ၿပီး လွပေသသပ္တဲ့ အေဝးကန္ခ်က္ေတြကေန ဂိုးအျဖစ္ေျပာင္းလဲႏိုင္တဲ့ ကစားသမားဆိုတာ ျပသႏိုင္ခဲ့တယ္။ အဲဒီေျခစြမ္းေတြကို ဆက္ထိန္းႏိုင္ခဲ့ရင္ ေနာက္ရာသီမွာ ႀကီးမားတဲ့ အေျပာင္းအေရႊ႕တစ္ခုျဖစ္လာဖို႔ရွိတယ္။

ဖိုဒန္ Foden (မန္စီးတီး) – အသက္ (၁၈)ႏွစ္

အဂၤလန္ေဘာလံုးေလာကရဲ႕ အနာဂတ္ကစားသမားျဖစ္လာဖို႔ရွိတယ္။ အဂၤလန္အသင္းရဲ႕ ကြင္းလယ္ကို တစ္ေန႔မွာ ဦးေဆာင္ႏိုင္မယ့္ ကစားသမားတစ္ဦးျဖစ္လာမယ္လို႔ ယံုၾကည္တယ္။ နည္းျပ ဂြါဒီယုိလာ Guardiola ကိုယ္တိုင္က သူ႔လက္ေအာက္မွာ တိုးတက္လာမယ့္ ကစားသမားအျဖစ္ သတ္မွတ္ခံထားရလို႔ အငွားမခ်ဘဲ အသင္းမွာ အသံုးျပဳသြားဖို႔ စီစဥ္တဲ့အထိ ေျခစြမ္းပိုင္းက အဆက္မျပတ္ တိုးတက္ေနခဲ့တယ္။ ဇာဗီ Xavi ၊ အင္နီေယစတာ Iniesta တို႔လို ကစားသမားျဖစ္လာမယ့္ မ်ိဳးဆက္အျဖစ္ သတ္မွတ္ခံထားရတယ္။ ေဒးဗစ္ေဆးလ္ဗား David Silva ၊ ဒီဘရိုင္းနား De Bruyne တို႔နဲ႔သာ တြဲဖက္ကစားရမယ္ဆိုရင္ အေတြ႔အႀကံဳေကာင္းေတြ ရွာေဖြႏိုင္မယ့္ ကစားသမားပါ။ ပရီးမီးယားလိဂ္မွာ မဟုတ္ရင္ေတာင္ FA ဖလားနဲ႔ လိဂ္ဖလားက ဖိုဒင္ Foden အတြက္ အေကာင္းဆံုး အခြင့္အေရးျဖစ္လာဖို႔ရွိတယ္။

RYAN-SESSEGNON

RYAN-SESSEGNON

ဆီဆက္ဂႏြန္ Sessegnon (ဖူလ္ဟမ္) – အသက္ (၁၈)ႏွစ္

အသက္ (၁၈)ႏွစ္အရြယ္ ကစားသမားတစ္ဦးနဲ႔ မလိုက္တဲ့ စြမ္းေဆာင္ရည္ေတြ ဒီကစားသမားမွာရွိတယ္။ လိဂ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ အသင္းအတြက္ (၇၁)ပြဲ ကစားေပးခဲ့ၿပီး ဂိုး (၂၀)သြင္းယူေပးခဲ့တယ္။ PFA လူငယ္အေကာင္းဆံုးဆုအတြက္ ဆန္ခါတင္စာရင္းမွာ ပါဝင္ခဲ့တယ္။ ေနာက္ခံအစြန္ေနရာမွာဆို အက္ရွ္ေလကိုးလ္ Ashley Cole ၊ ေတာင္ပံတိုက္စစ္ေနရာမွာဆို ဂါရတ္ေဘးလ္ Gareth Bale လို ျဖစ္လာမယ့္ ကစားသမားပါ။ နည္းျပ ယိုကာႏိုဗစ္ Jokanovic သာ အေရာင္တင္ေပးႏုိင္မယ္ဆိုရင္ ေသခ်ာေပါက္ ပထမတန္းစား ျဖစ္လာမယ့္ ကစားသမားပါ။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲက ဆီဆက္ဂႏြန္ Sessegnon ကို ဖိအားဒဏ္ခံႏိုင္ႏိုင္ရွိ၊ မရွိ စမ္းသပ္မယ့္ ၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး ပထမတန္းစားကစားသမားဆိုတဲ့ အဆင့္ကို တက္လွမ္းဖို႔ အေကာင္းဆံုး စြမ္းေဆာင္ျပရမွာျဖစ္ပါတယ္။

REF:Daily Mail
Photo:Goal.com, CPFC, 234Radio, STLR MEDIA, Wolves, Twitter, PL
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမားများ

ဥရောပဘောလုံးရပ်ဝန်းရဲ့ နာမည်ကျော် အမှတ်ပေးလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်တော့မယ့်အချိန်ကို ရောက်ရှိလာခဲ့ပါပြီ။ တစ်နှစ်တစ်နှစ် ပြန်လည်စတင်တိုင်း စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲက ပရိသတ်တွေကို ဆွဲဆောင်နေဆဲပဲ။ နာမည်ကျော် ကစားသမား ခေါ်ယူမှုတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်ဆဲပါပဲ။ လီဗာပူးလ်အသင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားခဲ့သလို နာမည်ကျော် Daily Mail ရဲ့ ပင်တိုင်ဆောင်းပါးရှင်ဖြစ်တဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း Jamie Redknapp က လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းစောင့်ကြည့်ရမယ့် ကစားသမားတွေက ဘယ်သူတွေ ဖြစ်လာမလဲဆိုတာ ဖော်ပြထားတယ်။ Jamie Redknapp ရဲ့ စောင့်ကြည့်ရမယ့် ကစားသမားစာရင်းမှာ ပါဝင်လာတဲ့ ကစားသမားတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

နာဘီကီတာ Naby Keita (လီဗာပူးလ်) – အသက် (၂၆)နှစ်

ကွင်းလယ်မှာ နေရာစုံ ကစားနိုင်ပြီး ခွန်အားကို အစွမ်းကုန်အသုံးချတက်တဲ့ ကစားသမားတစ်ဦး။ ကောင်းမွန်တဲ့ ထိချက်တွေကနေ သွင်းဂိုးတွေ ဖန်တီးနိုင်သလို၊ ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်သူပါ။ ခွန်အားအသုံးပြုတဲ့ ကစားပုံကြောင့်ပဲ မကြာခဏပြစ်ဒဏ် ကျူးလွန်မိပြီး အနီကတ်ပြသခံရတာကို ထိန်းချုပ်နိုင်မယ်ဆို လီဗာပူးလ်အတွက် တော်တော်အသုံးဝင်မယ့် ကစားသမားတစ်ဦး။ ပြီးခဲ့တဲ့ ဘောလုံးရာသီက လိုက်ပ်ဇစ်မှာ အနီကတ် (၄)ကြိမ်အထိ ပြခံခဲ့ရတာက မှတ်တမ်းဆိုးတစ်ခုဖြစ်ခဲ့တယ်။ နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ရဲ့ လီဗာပူးလ်ကွင်းလယ်မှာ ကစားသမားသစ် တစ်ဦးဖြစ်တဲ့ ဖာဘင်ဟို Fabinho နဲ့အတူ စောင့်ကြည့်သွားရမယ့် ကစားသမားတစ်ဦးပါ။

MAX-MEYER

MAX-MEYER

မက်စ်မေယာ Max Meyer (ခရစ္စတယ်ပဲလေ့စ်) – အသက် (၂၂)နှစ်

ရှော်လ်ကေးအသင်းရဲ့ ဂျာမန်ကြယ်ပွင့်ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာ ခရစ္စတယ်ပဲလေ့စ်အတွက် အကျိုးအမြတ်တစ်ခုဖြစ်လာဖို့ရှိတယ်။ အသက်အရွယ်နဲ့ မလိုက်အောင် ဘောလုံးကို သေသေသပ်သပ် ကစားနိုင်တဲ့ စွယ်စုံရ ကွင်းလယ်ကစားသမားတစ်ဦးပါ။ ပဲလေ့စ်အသင်းကို ဒီလိုကစားသမားမျိုးရောက်လာချိန်မှာ ပြဿနာတစ်ခုတော့ရှိနေတယ်။ နည်းပြ ဟော့ဒ်ဆန် Hodgson ဘယ်နေရာမှာ ထားကစားမလဲ ဆိုတာပါပဲ။ ကွင်းလယ် (၂)ယောက်တန်းမှာပဲ ကစားခိုင်းမလား၊ No.(10)Role နေရာမှာပဲ ကစားခိုင်းမလားဆိုတာ စောင့်ကြည့်သွားရမယ်။ မေယာ Meyer ကို အံကိုက်နေရာချထားနိုင်မယ်ဆိုရင်တော့ အသင်းအတွက် ကောင်းမွန်တဲ့ အကျိုးဖြစ်ထွန်းစေမယ့် ကစားသမားဖြစ်ပြီး စောင့်ကြည့်သွားရမယ့် ကစားသမားပါပဲ။

ယော်ဂျင်ဟို Jorginho (ချယ်လ်ဆီး) – အသက် (၂၆)နှစ်

နည်းပြသစ် ဆာရီ Sarri ရဲ့ ပထမဆုံး ကစားသမားခေါ်ယူမှုဖြစ်ခဲ့ပြီး နာပိုလီအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ သူတွေဖြစ်တာကြောင့် စောင့်ကြည့်ချင်စရာကောင်းနေတယ်။ ယော်ဂျင်ဟို Jorginho အတွက် ပေးချေခဲ့ရတဲ့ ပေါင် (၅၇)သန်း ပမာဏက များတယ်လို့ ထင် ရပေမယ့် ချယ်လ်ဆီးကွင်းလယ်မှာ ထိပ်တန်းစွမ်းဆောင်နိုင်မယ့် ကစားသမားတစ်ဦးလို့ ဆာရီ Sarri ကိုယ်တိုင်က အပြည့်အဝယုံကြည်နေတယ်။ အသင်းဖော်တွေအတွက် ကောင်းမွန်တဲ့ အထောက်အပံ့တွေကို ကွင်းလယ်ကနေ ဖန်တီးပေးနိုင်မယ့် ကစားသမားတစ်ဦးဖြစ်ပေမယ့် မန်စီတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ကစားခဲ့တဲ့ ခြေစွမ်းပိုင်းအရတော့ အသင်းသစ်မှာ တိုးတက်မှုနှေးကွေးနေသလိုဖြစ်နေတယ်။

RICHARLISON

RICHARLISON

ရစ်ချာလီဆန် Richarlison (ဝက်ဖို့ဒ်) – အသက် (၂၁)နှစ်

ဝက်ဖို့ဒ်အသင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ခဲ့ရတယ်။ ခရစ္စတီယာနိုရော်နယ်လ်ဒို Cristiano Ronaldo လို ကစားသမားမျိုးလို့ မြင်တယ်။ ချန်ပီယံလိဂ် (၅)ကြိမ် ရထားတဲ့ ခရစ္စတီယာနို Cristiano နဲ့ တူတယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ မန်ယူကို ရောက်ခါစ ငယ်ရွယ်တဲ့ ခရစ္စတီယာနို Cristiano လို ကစားသမားမျိုးပါ။ အရှိန်အဟုတ်ပြင်းပြင်းနဲ့ ကစားတက်တဲ့ ကစားသမားမျိုးပါ။ အမြင့်ဘောအားသန်တဲ့ ကစားသမားဖြစ်သလို အသင်းဖော်တွေနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ ကစားသမားပါ။ အဲဗာတန်နည်းပြသစ် မာကိုဆေးလ်ဗား Marco Silva က အသင်းဟောင်းမှာ လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်းအတွက် ပြောင်းရွှေ့ကြေး ပေါင် (၄၄)သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့တယ်။ သူ့အတွက် အသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေးက များပြားတယ်လို့ ထင်ရပေမယ့် အလားအလာရှိတဲ့ ကစားသမားတစ်ဦးဖြစ်လို့ စွမ်းဆောင်ရည်တွေကို စောင့်ကြည့်ရမယ်။ သူ့ကို ခေါ်ယူခဲ့တာ မှန်ကန်ကြောင်း သူကိုယ်တိုင် ခြေစွမ်းနဲ့ သက်သေပြရမယ့် ကစားသမားပါ။

ရူဘင်နီးဗတ်စ် Ruben Neves (ဝုလ်ဗ်) – အသက် (၂၁)နှစ်

နီးဗတ်စ် Neves ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း ပြီးခဲ့တဲ့ ဘောလုံးရာသီက စွမ်းဆောင်ပြခဲ့တယ်။ အသင်းကို တန်းတက်အောင် အဓိကနေရာက စွမ်းဆောင်ပေးခဲ့တယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲက သူ့ရဲ့ ကစားသမားဘဝ နောက်တစ်ဆင့်တက်ဖို့ စွမ်းဆောင်ပြမယ့် ပြိုင်ပွဲဖြစ်လာဖို့ ရှိတယ်။ အသင်းကွင်းလယ်မှာ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်သလို အသင်းဖော်တွေ နေရာလွတ်ရရှိအောင် စွမ်းဆောင်ခဲ့တဲ့ ကစားသမားဖြစ်တယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဧရိယာပြင်ပကနေ (၆)ဂိုးအထိ သွင်းယူခဲ့ပြီး လှပသေသပ်တဲ့ အဝေးကန်ချက်တွေကနေ ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ ကစားသမားဆိုတာ ပြသနိုင်ခဲ့တယ်။ အဲဒီခြေစွမ်းတွေကို ဆက်ထိန်းနိုင်ခဲ့ရင် နောက်ရာသီမှာ ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်လာဖို့ရှိတယ်။

PHIL-FODEN

PHIL-FODEN

ဖိုဒန် Foden (မန်စီးတီး) – အသက် (၁၈)နှစ်

အင်္ဂလန်ဘောလုံးလောကရဲ့ အနာဂတ်ကစားသမားဖြစ်လာဖို့ရှိတယ်။ အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ကို တစ်နေ့မှာ ဦးဆောင်နိုင်မယ့် ကစားသမားတစ်ဦးဖြစ်လာမယ်လို့ ယုံကြည်တယ်။ နည်းပြ ဂွါဒီယိုလာ Guardiola ကိုယ်တိုင်က သူ့လက်အောက်မှာ တိုးတက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရလို့ အငှားမချဘဲ အသင်းမှာ အသုံးပြုသွားဖို့ စီစဉ်တဲ့အထိ ခြေစွမ်းပိုင်းက အဆက်မပြတ် တိုးတက်နေခဲ့တယ်။ ဇာဗီ Xavi ၊ အင်နီယေစတာ Iniesta တို့လို ကစားသမားဖြစ်လာမယ့် မျိုးဆက်အဖြစ် သတ်မှတ်ခံထားရတယ်။ ဒေးဗစ်ဆေးလ်ဗား David Silva ၊ ဒီဘရိုင်းနား De Bruyne တို့နဲ့သာ တွဲဖက်ကစားရမယ်ဆိုရင် အတွေ့အကြုံကောင်းတွေ ရှာဖွေနိုင်မယ့် ကစားသမားပါ။ ပရီးမီးယားလိဂ်မှာ မဟုတ်ရင်တောင် FA ဖလားနဲ့ လိဂ်ဖလားက ဖိုဒင် Foden အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်လာဖို့ရှိတယ်။

ဆီဆက်ဂနွန် Sessegnon (ဖူလ်ဟမ်) – အသက် (၁၈)နှစ်

အသက် (၁၈)နှစ်အရွယ် ကစားသမားတစ်ဦးနဲ့ မလိုက်တဲ့ စွမ်းဆောင်ရည်တွေ ဒီကစားသမားမှာရှိတယ်။ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အသင်းအတွက် (၇၁)ပွဲ ကစားပေးခဲ့ပြီး ဂိုး (၂၀)သွင်းယူပေးခဲ့တယ်။ PFA လူငယ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တယ်။ နောက်ခံအစွန်နေရာမှာဆို အက်ရှ်လေကိုးလ် Ashley Cole ၊ တောင်ပံတိုက်စစ်နေရာမှာဆို ဂါရတ်ဘေးလ် Gareth Bale လို ဖြစ်လာမယ့် ကစားသမားပါ။ နည်းပြ ယိုကာနိုဗစ် Jokanovic သာ အရောင်တင်ပေးနိုင်မယ်ဆိုရင် သေချာပေါက် ပထမတန်းစား ဖြစ်လာမယ့် ကစားသမားပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲက ဆီဆက်ဂနွန် Sessegnon ကို ဖိအားဒဏ်ခံနိုင်နိုင်ရှိ၊ မရှိ စမ်းသပ်မယ့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပထမတန်းစားကစားသမားဆိုတဲ့ အဆင့်ကို တက်လှမ်းဖို့ အကောင်းဆုံး စွမ်းဆောင်ပြရမှာဖြစ်ပါတယ်။

REF:Daily Mail
Photo:Goal.com, CPFC, 234Radio, STLR MEDIA, Wolves, Twitter, PL
Aung Kyaw Wai (Akhayar)
www.akhayar.com