[Zawgyi]

ေသဆံုးသြားၿပီျဖစ္တဲ့ SpongeBob SquarePants ရဲ႕ ဖန္တီးရွင္ Stephen Hillenburg

SpongeBob SquarePants ရဲ႕ ဖန္တီးရွင္ Stephen Hillenburg ရဲ႕ ႏိုဝင္ဘာလ ၂၆ ရက္ ၂၀၁၈ ခုႏွစ္မွာ ေသဆံုုးခဲ့မႈကိုေတာ့ အေမရိကန္အခေပး႐ုပ္သံလိုင္းတစ္ခုျဖစ္တဲ့ Nickelodeon ရဲ႕ Twitter မွာ ၿပီးခဲ့တဲ့ ၉နာရီအၾကာက အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

Nickelodeon ဟာ ၁၉၉၉ ခုႏွစ္ကတည္းက နာမည္ေက်ာ္ၾကားတဲ့ ကာတြန္းစီးရီးစ္မ်ားစြာကို ထုတ္လႊင့္ခဲ့တဲ့ ႐ုပ္သံလိုင္းျဖစ္ပါတယ္။

ကုမၸဏီက ထုတ္ျပန္တဲ့ ေဖာ္ျပခ်က္မွာေတာ့ Hillenburg ေသဆံုးရတဲ့ အေၾကာင္းရင္းဟာ ALS လို႔ သိၾကတဲ့ Motor Neurone ေရာဂါ ေၾကာင့္ျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္မတ္လက ေရာဂါရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

Hillenburg ဟာ ‘The SpongeBob SquarePants Movie’ ကို ၂၀၀၄ ခုႏွစ္မွာ ႐ိုက္ကူးတင္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Nickelodeon ရဲ႕ Twitter မွာေတာ့ “SpongeBob SquarePants ရဲ႕ ဖန္တီးရွင္ Stephen Hillenburg ကြယ္လြန္သြားၿပီဆိုတဲ့သတင္းကို ဝမ္းနည္းစြာနဲ႔ မွ်ေဝလိုက္ပါတယ္” လို႔ Tweet လုပ္ခဲ့ပါတယ္။

ဒါ့အျပင္ “Steve ဟာ SpongeBob SqurePants ကို ဟာသဉာဏ္ရွိရွိ၊ ႐ိုး႐ိုးသားသားဖန္တီးခဲ့ၿပီး ေနရာအႏွံ႔မွာရွိတဲ့ မိသားစုေတြနဲ႔ ကေလးေတြဆီကို ေပ်ာ္ရႊင္မႈေတြ ယူေဆာင္လာေပးခဲ့တယ္။” လို႔ ေဖာ္ျပခဲ့ပါတယ္။

Hillenburg ရဲ႕ေသဆံုးမႈနဲ႔ ပက္သက္ၿပီး SpongeBob ပရိသတ္ေတြဟာ လူမႈကြန္ရက္ေတြေပၚမွာ အမွတ္တရပံုရိပ္ေတြနဲ႔ သူ႔ရဲ႕ ဖန္တီးမႈအတြက္ ေက်းဇူးတင္ေၾကာင္း စာသားေတြ တင္ထားခဲ့ပါတယ္။

Hillenburg ဟာ ေသဆံုးခ်ိန္မွာ အသက္ ၅၇ ႏွစ္အရြယ္ရွိၿပီး ဇနီးသည္ Karen Hillenburg နဲ႔ Clay ဆိုတဲ့ သားတစ္ေယာက္ရွိပါတယ္။

The SpongeBob SquarePants စီးရီးစ္ဟာ Episodes ၂၀၀ ေက်ာ္အထိ ထုတ္လႊင့္ခဲ့ၿပီး ေအာင္ျမင္တဲ့ Animated Films ဇာတ္ကား ၂ ခုကိုလည္း ျဖစ္တည္ေစခဲ့ပါတယ္။

အခုလို SpongeBob ေလးရဲ႕ ေနာက္ကြယ္က ဖန္တီးရွင္ ကြယ္လြန္ခဲ့တဲ့အတြက္ တစ္ကမာၻလံုးက SpongeBob ကို ခ်စ္တဲ့ ပရိသတ္ေတြအတြက္ေတာ့ ေအာက္ေမ့ေၾကကြဲဖြယ္ရာပဲ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : BBC.com
[Unicode]

သေဆုံးသွားပြီဖြစ်တဲ့ SpongeBob SquarePants ရဲ့ ဖန်တီးရှင် Stephen Hillenburg

SpongeBob SquarePants ရဲ့ ဖန်တီးရှင် Stephen Hillenburg ရဲ့ နိုဝင်ဘာလ ၂၆ ရက် ၂၀၁၈ ခုနှစ်မှာ သေဆုံးခဲ့မှုကိုတော့ အမေရိကန်အခပေးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Nickelodeon ရဲ့ Twitter မှာ ပြီးခဲ့တဲ့ ၉နာရီအကြာက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Nickelodeon ဟာ ၁၉၉၉ ခုနှစ်ကတည်းက နာမည်ကျော်ကြားတဲ့ ကာတွန်းစီးရီးစ်များစွာကို ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံလိုင်းဖြစ်ပါတယ်။

ကုမ္ပဏီက ထုတ်ပြန်တဲ့ ဖော်ပြချက်မှာတော့ Hillenburg သေဆုံးရတဲ့ အကြောင်းရင်းဟာ ALS လို့ သိကြတဲ့ Motor Neurone ရောဂါ ကြောင့်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မတ်လက ရောဂါရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Hillenburg ဟာ ‘The SpongeBob SquarePants Movie’ ကို ၂၀၀၄ ခုနှစ်မှာ ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Nickelodeon ရဲ့ Twitter မှာတော့ “SpongeBob SquarePants ရဲ့ ဖန်တီးရှင် Stephen Hillenburg ကွယ်လွန်သွားပြီဆိုတဲ့သတင်းကို ဝမ်းနည်းစွာနဲ့ မျှဝေလိုက်ပါတယ်” လို့ Tweet လုပ်ခဲ့ပါတယ်။

ဒါ့အပြင် “Steve ဟာ SpongeBob SqurePants ကို ဟာသဉာဏ်ရှိရှိ၊ ရိုးရိုးသားသားဖန်တီးခဲ့ပြီး နေရာအနှံ့မှာရှိတဲ့ မိသားစုတွေနဲ့ ကလေးတွေဆီကို ပျော်ရွှင်မှုတွေ ယူဆောင်လာပေးခဲ့တယ်။” လို့ ဖော်ပြခဲ့ပါတယ်။

Hillenburg ရဲ့သေဆုံးမှုနဲ့ ပက်သက်ပြီး SpongeBob ပရိသတ်တွေဟာ လူမှုကွန်ရက်တွေပေါ်မှာ အမှတ်တရပုံရိပ်တွေနဲ့ သူ့ရဲ့ ဖန်တီးမှုအတွက် ကျေးဇူးတင်ကြောင်း စာသားတွေ တင်ထားခဲ့ပါတယ်။

Hillenburg ဟာ သေဆုံးချိန်မှာ အသက် ၅၇ နှစ်အရွယ်ရှိပြီး ဇနီးသည် Karen Hillenburg နဲ့ Clay ဆိုတဲ့ သားတစ်ယောက်ရှိပါတယ်။

The SpongeBob SquarePants စီးရီးစ်ဟာ Episodes ၂၀၀ ကျော်အထိ ထုတ်လွှင့်ခဲ့ပြီး အောင်မြင်တဲ့ Animated Films ဇာတ်ကား ၂ ခုကိုလည်း ဖြစ်တည်စေခဲ့ပါတယ်။

အခုလို SpongeBob လေးရဲ့ နောက်ကွယ်က ဖန်တီးရှင် ကွယ်လွန်ခဲ့တဲ့အတွက် တစ်ကမ္ဘာလုံးက SpongeBob ကို ချစ်တဲ့ ပရိသတ်တွေအတွက်တော့ အောက်မေ့ကြေကွဲဖွယ်ရာပဲ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : BBC.com