[Zawgyi]

ေလးလႊာမွာ တြဲေလာင္းက်ေနတဲ့ ကေလးငယ္ကုိ ကယ္တင္ခဲ့တဲ့ သူရဲေကာင္းကုိ သမၼတက ဂုဏ္ျပဳခ်ီးျမွင့္ၿပီ

လူေတြဟာ အသက္အႏၱရာယ္ေတြ႕ၾကံဳလာရင္ ေၾကာက္စိတ္ဝင္တတ္တာ ဓမၼတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ သူမ်ားအသက္ကုိ ကယ္ဆယ္ဖုိ႔ ကုိယ့္အသက္ကုိေတာင္ ပဓာနမထားဘဲ သက္စြန္႔ဆံဖ်ားကယ္ဆယ္တတ္တဲ့ သူရဲေကာင္းစိတ္ဓာတ္ပုိင္ရွင္ေတြဟာ ဒီေန႔ေခတ္မွာလည္း ရွိေနတုန္းပါပဲ။ ေမလ (၂၆) ရက္ေန႔ ေန႔လည္ပုိင္းတုန္းက ျပင္သစ္ႏုိင္ငံ ပါရီၿမိဳ႕မွာ (၄) ႏွစ္အရြယ္ ကေလးငယ္တစ္ေယာက္ဟာ ေလးလႊာတုိက္ခန္းကေန တြဲေလာင္းက်ေနခဲ့တာပါ။ ဖခင္ကုိယ္တုိင္ကလည္း ေစ်းဝယ္ထြက္သြားတဲ့အခ်ိန္ ဝရံတာတံခါးကုိ ပိတ္ဖုိ႔ ေမ့သြားဟန္တူပါတယ္။ တုိက္ခန္းရဲ႕ေအာက္ဘက္မွာရွိတဲ့ လူေတြဟာ အုံးအုံးၾကြက္ၾကြက္ျဖစ္ေနၿပီး ဘာလုပ္လုိ႔ ဘာကုိင္ရမွန္း မသိေသးပါဘူး။

မေတာ္တဆ ျဖစ္ပြားရာတုိက္

မေတာ္တဆ ျဖစ္ပြားရာတုိက္

ဒီအခ်ိန္မွာ  ‘Mamoudou Gassama’ ဟာ ဝရံတာအဆင့္ဆင့္ကုိ တြယ္တက္သြားၿပီး စကၠန္႔ (၄ဝ) အတြင္း တြဲေလာင္းက်ေနတဲ့ ကေလးငယ္ကုိ ကယ္ဆယ္ႏုိင္ခဲ့ပါတယ္။ ကယ္ဆယ္ေရးဝန္ထမ္းေတြ ေရာက္လာတဲ့အခ်ိန္မွာ သူဟာ ကေလးငယ္ကုိ ကယ္ဆယ္ၿပီးျဖစ္ေနပါၿပီ။ အခ်ိန္တုိအတြင္း ကေလးငယ္ရဲ႕အသက္ကုိ ကယ္ဆယ္ႏုိင္တဲ့အတြက္ ပင့္ကူလူသား (Spiderman) လုိ႔ေတာင္ တင္စားၾကပါတယ္။ (၂၂) ႏွစ္သာရွိေသးတဲ့ ‘Mamoudou Gassama’ ဟာ ၿပီးခဲ့တဲ့ လအနည္းငယ္ကပဲ မာလီႏုိင္ငံက ေရႊ႕ေျပာင္းေနထုိင္သူျဖစ္ပါတယ္။ ျပင္သစ္ႏုိင္ငံသား ခံယူဖုိ႔ ႀကိဳးစားေနသူျဖစ္ၿပီး ကေလးငယ္ကုိ ကယ္ဆယ္လုိက္တဲ့ ဗီဒီယုိဖုိင္ကုိ ပရိသတ္တစ္ေယာက္က လူမႈကြန္ရက္မွာ တင္လုိက္ရင္းကေန အခ်ိ္န္တုိအတြင္းမွာပဲ ၾကည့္ရႈသူ (၁၂) သန္းေက်ာ္ ရွိခဲ့ပါတယ္။

Quel courage .. bravo à ce jeune du 18eme pour cet acte héroïque 👏🏼

Posted by Habib Bibou on Saturday, May 26, 2018

ပါရီၿမိဳ႕ေတာ္ဝန္ ‘Anne Hidalgo’ ကလည္း ‘Mamoudou Gassama’ ကုိ ဖုန္းဆက္ဂုဏ္ျပဳခဲ့ၿပီး “သူဟာ မာလီႏုိင္ငံကေန ျပင္သစ္ႏုိင္ငံကုိ အေျခခ်ဖုိ႔ ဆုံးျဖတ္ထားသူပါ။ သူရဲေကာင္းဆန္ဆန္လုပ္ရပ္ေတြက ျပင္သစ္ႏုိင္ငံသားေတြအတြက္ စံျပျဖစ္ေစခဲ့ၿပီး ျပင္သစ္ႏုိင္ငံသားျဖစ္လာေအာင္ ကူညီသြားမွာပါ” လုိ႔ သူမရဲ႕လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။ ပါရီၿမိဳ႕ရဲ႕ (၁၈) ခရုိင္မွာ ျဖစ္ပြားခဲ့တာကုိ အစြဲျပဳၿပီး ‘Spiderman of the 18th’ လုိ႔ေတာင္ တင္စားခဲ့ပါတယ္။

ပါရီၿမိဳ႕မီးသတ္တပ္ဖြဲ႕ကလည္း “Mamoudou Gassama ဟာ မီးသတ္သမားေတြရဲ႕တန္ဖုိးကုိ ျပည္သူလူထုသိေအာင္ ထုတ္ျပသြားသလုိပါပဲ။ မီးသတ္တပ္ဖြဲ႕မွာ အလုပ္ခန္႔သြားဖုိ႔ ရွိပါတယ္” လုိ႔ လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။

ျပင္သစ္သမၼတႀကီး ‘Emmanuel Macron’ ကလည္း ‘Mamoudou Gassama’ ကုိ Elysee Palace မွာ ဖိတ္ေခၚခဲ့ၿပီး ရဲစြမ္းသတၱိနဲ႔ သူရဲေကာင္းစိတ္ဓာတ္ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ လူမႈထူးခြ်န္ေရႊတံဆိပ္ကုိ ခ်ီးျမွင့္ခဲ့ပါတယ္။

Mamoudou Gassama

Mamoudou Gassama

ဒါ့အျပင္ ျပင္သစ္ႏုိင္ငံသား ခံယူႏုိင္ေအာင္ ေထာက္ပံ့ေပးသြားမွာျဖစ္ၿပီး မီးသတ္တပ္ဖြဲ႕မွာပဲ အလုပ္ရေစဖုိ႔ ကူညီသြားမွာပါျဖစ္ပါတယ္။ သူ႕ရဲ႕ရဲစြမ္းသတၱိေတြက ျပင္သစ္ႏုိင္ငံသားေတြအတြက္ အတုယူဖြယ္ရာျဖစ္ေစပါတယ္လုိ႔ ထပ္ေလာင္းဆုိသြားပါတယ္။

Avec M. GASSAMA qui a sauvé samedi la vie d’un enfant en escaladant 4 étages à mains nues. Je lui ai annoncé qu’en reconnaissance de cet acte héroïque il allait être régularisé dans les plus brefs délais, et que la brigade des sapeurs-pompiers de Paris était prête à l’accueillir. Je l’ai également invité à déposer une demande de naturalisation. Car la France est une volonté, et M. GASSAMA a démontré avec engagement qu’il l’avait ! – With Mr Gassama who saved a child’s life on Saturday by climbing 4 floors with his bare hands. I told him that in recognition of his heroic act he would have his papers in order as quickly as possible and that the Paris fire brigade would be keen to welcome him to their ranks. I also invited him to submit a naturalization request because France is built on desire and Mr Gassama’s commitment clearly showed that he has that desire!

A post shared by Emmanuel Macron (@emmanuelmacron) on

‘Mamoudou Gassama’ ဟာဆုိရင္ ကေလးငယ္ကုိ သက္စြန္႔ဆံဖ်ား ကယ္ဆယ္လုိက္တဲ့အတြက္ သူ႕ရဲ႕ရည္မွန္းခ်က္အတုိင္း ျပင္သစ္ႏုိင္ငံသားျဖစ္လာရုံမက မီးသတ္တပ္ဖြဲ႕မွာလည္း အလုပ္ရေတာ့မွာပါ။ ကေလးငယ္ရဲ႕ဖခင္ကေတာ့ သားသမီးကုိ ေဘးအႏၱရာယ္လြတ္ကင္းေအာင္ မထိန္းသိမ္းႏုိင္တဲ့အတြက္ အာဏာပုိင္တပ္ဖြဲ႕က စစ္ေဆးေမးျမန္းေနၿပီး စက္တင္ဘာလမွာ အက်ဥ္းက်ဖြယ္ရွိပါတယ္။

Posted by Min Min Soe on Saturday, May 5, 2018

‘Mamoudou Gassama’ လုိ သူရဲေကာင္းမ်ိဳး မတ္လ (၅) ရက္ေန႔တုန္းက ျမန္မာႏုိင္ငံမွာလည္း ေပၚခဲ့ပါတယ္။ ရန္ကုန္တုိင္းေဒသႀကီး ေက်ာက္တံတားၿမိဳ႕နယ္ ‘Yangoon Heritage Hotel’ မွာ မီးေလာင္တုန္းက အမ်ိဳးသမီးငယ္တစ္ဦးဟာ အခန္းတစ္ခုမွာ ပိတ္မိေနပါတယ္။ မီးခုိးေငႊ႕ေတြဟာ လ်ွံထြက္လာတဲ့အခ်ိန္မွာ ကုိျပည့္ (ေခၚ) ျပည့္ဇာနည္ေႏြဆုိတဲ့ လူငယ္တစ္ဦးဟာ သြယ္တန္းထားတဲ့ ေရပုိက္ေတြကုိ တြယ္တက္ၿပီး အမ်ိဳးသမီးကုိ ကယ္ဆယ္လုိက္ပါေသးတယ္။ သူ႕ရဲ႕သူရဲေကာင္းဆန္ဆန္လုပ္ရပ္ေတြဟာ နာမည္ေက်ာ္သြားခဲ့ၿပီး ၿဗိတိန္အေျခစုိက္ Daily Mail သတင္းစာကေတာင္ ‘Myanmar Spiderman’ လုိ႔ တင္စားခဲ့ပါေသးတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

လေးလွှာမှာ တွဲလောင်းကျနေတဲ့ ကလေးငယ်ကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းကို သမ္မတက ဂုဏ်ပြုချီးမြှင့်ပြီ

လူတွေဟာ အသက်အန္တရာယ်တွေ့ကြုံလာရင် ကြောက်စိတ်ဝင်တတ်တာ ဓမ္မတာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူများအသက်ကို ကယ်ဆယ်ဖို့ ကိုယ့်အသက်ကိုတောင် ပဓာနမထားဘဲ သက်စွန့်ဆံဖျားကယ်ဆယ်တတ်တဲ့ သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်တွေဟာ ဒီနေ့ခေတ်မှာလည်း ရှိနေတုန်းပါပဲ။ မေလ (၂၆) ရက်နေ့ နေ့လည်ပိုင်းတုန်းက ပြင်သစ်နိုင်ငံ ပါရီမြို့မှာ (၄) နှစ်အရွယ် ကလေးငယ်တစ်ယောက်ဟာ လေးလွှာတိုက်ခန်းကနေ တွဲလောင်းကျနေခဲ့တာပါ။ ဖခင်ကိုယ်တိုင်ကလည်း ဈေးဝယ်ထွက်သွားတဲ့အချိန် ဝရံတာတံခါးကို ပိတ်ဖို့ မေ့သွားဟန်တူပါတယ်။ တိုက်ခန်းရဲ့အောက်ဘက်မှာရှိတဲ့ လူတွေဟာ အုံးအုံးကြွက်ကြွက်ဖြစ်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသေးပါဘူး။

မတော်တဆ ဖြစ်ပွားရာတိုက်

မတော်တဆ ဖြစ်ပွားရာတိုက်

ဒီအချိန်မှာ  ‘Mamoudou Gassama’ ဟာ ဝရံတာအဆင့်ဆင့်ကို တွယ်တက်သွားပြီး စက္ကန့် (၄ဝ) အတွင်း တွဲလောင်းကျနေတဲ့ ကလေးငယ်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်လာတဲ့အချိန်မှာ သူဟာ ကလေးငယ်ကို ကယ်ဆယ်ပြီးဖြစ်နေပါပြီ။ အချိန်တိုအတွင်း ကလေးငယ်ရဲ့အသက်ကို ကယ်ဆယ်နိုင်တဲ့အတွက် ပင့်ကူလူသား (Spiderman) လို့တောင် တင်စားကြပါတယ်။ (၂၂) နှစ်သာရှိသေးတဲ့ ‘Mamoudou Gassama’ ဟာ ပြီးခဲ့တဲ့ လအနည်းငယ်ကပဲ မာလီနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံသား ခံယူဖို့ ကြိုးစားနေသူဖြစ်ပြီး ကလေးငယ်ကို ကယ်ဆယ်လိုက်တဲ့ ဗီဒီယိုဖိုင်ကို ပရိသတ်တစ်ယောက်က လူမှုကွန်ရက်မှာ တင်လိုက်ရင်းကနေ အချိန်တိုအတွင်းမှာပဲ ကြည့်ရှုသူ (၁၂) သန်းကျော် ရှိခဲ့ပါတယ်။

Quel courage .. bravo à ce jeune du 18eme pour cet acte héroïque 👏🏼

Posted by Habib Bibou on Saturday, May 26, 2018

ပါရီမြို့တော်ဝန် ‘Anne Hidalgo’ ကလည်း ‘Mamoudou Gassama’ ကို ဖုန်းဆက်ဂုဏ်ပြုခဲ့ပြီး “သူဟာ မာလီနိုင်ငံကနေ ပြင်သစ်နိုင်ငံကို အခြေချဖို့ ဆုံးဖြတ်ထားသူပါ။ သူရဲကောင်းဆန်ဆန်လုပ်ရပ်တွေက ပြင်သစ်နိုင်ငံသားတွေအတွက် စံပြဖြစ်စေခဲ့ပြီး ပြင်သစ်နိုင်ငံသားဖြစ်လာအောင် ကူညီသွားမှာပါ” လို့ သူမရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ပါရီမြို့ရဲ့ (၁၈) ခရိုင်မှာ ဖြစ်ပွားခဲ့တာကို အစွဲပြုပြီး ‘Spiderman of the 18th’ လို့တောင် တင်စားခဲ့ပါတယ်။

ပါရီမြို့မီးသတ်တပ်ဖွဲ့ကလည်း “Mamoudou Gassama ဟာ မီးသတ်သမားတွေရဲ့တန်ဖိုးကို ပြည်သူလူထုသိအောင် ထုတ်ပြသွားသလိုပါပဲ။ မီးသတ်တပ်ဖွဲ့မှာ အလုပ်ခန့်သွားဖို့ ရှိပါတယ်” လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ပြင်သစ်သမ္မတကြီး ‘Emmanuel Macron’ ကလည်း ‘Mamoudou Gassama’ ကို Elysee Palace မှာ ဖိတ်ခေါ်ခဲ့ပြီး ရဲစွမ်းသတ္တိနဲ့ သူရဲကောင်းစိတ်ဓာတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ လူမှုထူးချွန်ရွှေတံဆိပ်ကို ချီးမြှင့်ခဲ့ပါတယ်။

Mamoudou Gassama

Mamoudou Gassama

ဒါ့အပြင် ပြင်သစ်နိုင်ငံသား ခံယူနိုင်အောင် ထောက်ပံ့ပေးသွားမှာဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှာပဲ အလုပ်ရစေဖို့ ကူညီသွားမှာပါဖြစ်ပါတယ်။ သူ့ရဲ့ရဲစွမ်းသတ္တိတွေက ပြင်သစ်နိုင်ငံသားတွေအတွက် အတုယူဖွယ်ရာဖြစ်စေပါတယ်လို့ ထပ်လောင်းဆိုသွားပါတယ်။

Avec M. GASSAMA qui a sauvé samedi la vie d’un enfant en escaladant 4 étages à mains nues. Je lui ai annoncé qu’en reconnaissance de cet acte héroïque il allait être régularisé dans les plus brefs délais, et que la brigade des sapeurs-pompiers de Paris était prête à l’accueillir. Je l’ai également invité à déposer une demande de naturalisation. Car la France est une volonté, et M. GASSAMA a démontré avec engagement qu’il l’avait ! – With Mr Gassama who saved a child’s life on Saturday by climbing 4 floors with his bare hands. I told him that in recognition of his heroic act he would have his papers in order as quickly as possible and that the Paris fire brigade would be keen to welcome him to their ranks. I also invited him to submit a naturalization request because France is built on desire and Mr Gassama’s commitment clearly showed that he has that desire!

A post shared by Emmanuel Macron (@emmanuelmacron) on

‘Mamoudou Gassama’ ဟာဆိုရင် ကလေးငယ်ကို သက်စွန့်ဆံဖျား ကယ်ဆယ်လိုက်တဲ့အတွက် သူ့ရဲ့ရည်မှန်းချက်အတိုင်း ပြင်သစ်နိုင်ငံသားဖြစ်လာရုံမက မီးသတ်တပ်ဖွဲ့မှာလည်း အလုပ်ရတော့မှာပါ။ ကလေးငယ်ရဲ့ဖခင်ကတော့ သားသမီးကို ဘေးအန္တရာယ်လွတ်ကင်းအောင် မထိန်းသိမ်းနိုင်တဲ့အတွက် အာဏာပိုင်တပ်ဖွဲ့က စစ်ဆေးမေးမြန်းနေပြီး စက်တင်ဘာလမှာ အကျဉ်းကျဖွယ်ရှိပါတယ်။

Posted by Min Min Soe on Saturday, May 5, 2018

‘Mamoudou Gassama’ လို သူရဲကောင်းမျိုး မတ်လ (၅) ရက်နေ့တုန်းက မြန်မာနိုင်ငံမှာလည်း ပေါ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ‘Yangoon Heritage Hotel’ မှာ မီးလောင်တုန်းက အမျိုးသမီးငယ်တစ်ဦးဟာ အခန်းတစ်ခုမှာ ပိတ်မိနေပါတယ်။ မီးခိုးငွှေ့တွေဟာ လျှံထွက်လာတဲ့အချိန်မှာ ကိုပြည့် (ခေါ်) ပြည့်ဇာနည်နွေဆိုတဲ့ လူငယ်တစ်ဦးဟာ သွယ်တန်းထားတဲ့ ရေပိုက်တွေကို တွယ်တက်ပြီး အမျိုးသမီးကို ကယ်ဆယ်လိုက်ပါသေးတယ်။ သူ့ရဲ့သူရဲကောင်းဆန်ဆန်လုပ်ရပ်တွေဟာ နာမည်ကျော်သွားခဲ့ပြီး ဗြိတိန်အခြေစိုက် Daily Mail သတင်းစာကတောင် ‘Myanmar Spiderman’ လို့ တင်စားခဲ့ပါသေးတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com