[Zawgyi]

ရန္ကုန္ျမိဳ႕ရဲ႕ အတန္ဆံုး မာလာရွမ္းေကာ

အသားေတြ၊ အပ္မိႈေတြ၊ ၾကက္အူေခ်ာင္းေတြ၊ အသီးအရြက္ေတြအျပည့္နဲ႔ လူ၃ေယာက္စားေလာက္ေအာင္ ဝတဲ့ မာလာရွမ္းေကာတစ္ပြဲ ၄၉၀၀ က်ပ္ဆို ယံုၾကပါ့မလား?
အရသာကလည္း ထိပ္တန္းနာမည္ႀကီး ဆိုင္ေတြကိုမီတဲ့အျပင္ ေစ်းက ဟုတ္မွဟုတ္ရဲ႔လားလို႔ ၂ခါျပန္ေမးယူရေအာင္ အရသာေကာင္းလြန္းတဲ့ မာလာရွမ္းေကာဆိုင္တစ္ဆိုင္ ေက်ာက္ေျမာင္းမွာ ဖြင့္လိုက္ၿပီေနာ္။

Decoration

မာလာရွမ္းေကာဆိုတိုင္း ၃ေယာက္ေလာက္စားၿပီးတာနဲ႔ ပိုက္ဆံေသာင္းခ်ီေပးလိုက္ရတဲ့ ဆိုင္ေတြကို ခနေလးနားၿပီး ဒီဆိုင္ေလးဘက္ ေျခလွမ္းလွည့္ၾကည့္လိုက္ေနာ္။

Clean and neat

ေက်ာက္ေျမာင္း သတိပဌာန္လမ္းမေပၚမွာရွိတဲ့ ဒီဆိုင္ေလးက မာလာရွမ္းေကာကို အဓိကထားေရာင္းၿပီး တျခားအစားအစာ တခ်ိဳ႕နဲ႔ အေအးတို႔ကို ေရာင္းခ်ေပးေနတာပါ။

menu

ေက်ာက္ေျမာင္းမွာ မာလာရွမ္းေကာဆိုင္ရွားတဲ့ အျပင္ အျပင္အဆင္လွလွေလးနဲ႔ ေအးေဆး အနားယူလို႔ရမယ့္ဆိုင္ဆိုတာ လက္ခ်ိဳးေရလို႔ရတာမို႔ မာလာရွမ္းေကာFan အတြက္ တကူးတက အေဝးႀကီး Center ေတြမွာ သြားစားရတဲ့အေျခအေနကေန လြတ္ၿပီေျပာလို႔ရပါၿပီ။

ဆိုင္ေလးက ခံုတန္းေလးေတြနဲ႔ ၂ျခမ္းခြဲထားၿပီး မ်က္ႏွာက်တ္တစ္ခြင္လံုး အသည္းပံုစာတန္းတြဲေလးေတြနဲ႔ ပံုေဖာ္ထားေတာ့ ႐ိုေနပါေရာေလ။ လူရႈပ္ကားရႈပ္တဲ့ သတိပဌာန္လမ္းမွာဆိုေတာ့ ကားပါကင္အတြက္ေတာ့ နည္းနည္းေလးအခက္ေတြ႕ႏိုင္ေပမယ့္ လာရက်ိဳးနပ္တဲ့ ဆိုင္တစ္ဆိုင္ထဲမွာ ပါမွာ အေသခ်ာပါ။

vegetables and meat

သူ႔ဆိုင္မွာ မာလာရွမ္းေကာကို Set နဲ႔ဆို ၄၉၀၀ တန္ရယ္ ၁၂၀၀၀ တန္ရယ္ ၂မ်ိဳးခြဲေရာင္းၿပီး ပံုမွန္ဆိုင္ေတြလို ကိုယ္ႀကိဳက္သေလာက္ Gram နဲ႔လဲ စားလို႔ရပါတယ္။ အၾကံေပးခ်င္တာကေတာ့ Set နဲ႔ က ပိုပိုတန္ေနတာပါ။ ကိုယ္စားခဲ့တဲ့ အစားအစာေတြဆို

မာလာရွမ္းေကာ Single Set

ၾကက္၊ဝက္ ၂မ်ိဳးနဲ႔ ရၿပီး အထံုအစပ္ ႀကိဳက္သလိုျပင္ခိုင္းလို႔ရပါတယ္။ တစ္ေယာက္တည္းသြားေတာ့ Single Set ဆိုၿပီး တစ္ေယာက္စာပဲမွာလိုက္မိတာ လာခ်ေပးတဲ့အခ်ိန္မွ ကိုယ့္မွာ ၃ခါ ျပန္ေမးလိုက္ရပါတယ္။ ပံုမွန္မာလာရွမ္းေကာ ပန္းကန္လံုးအေမာက္ႀကီးကို အသားေတြ၊ အရြက္ေတြအျပည့္နဲ႔ ၃ ေယာက္ေလာက္စားရမယ့္ ပမာဏနဲ႔ေရာက္လာတာပါ။ အသားေတာ္ေတာ္မ်ားပါတယ္။ အရသာဆိုရင္ေတာ့ ဒီေစ်းနဲ႔ ေပးလိုက္ရတာ တန္လြန္းတယ္ဆိုတဲ့ အရသာေတာ္ေတာ္ေကာင္းေကာင္းကို စားရတာပါ။ အဲ့တစ္ပြဲပမာဏက ပံုမွန္ဆိုင္ေတြမွာ ၂ေသာင္းေလာက္ ေျပးမလြတ္တဲ့ ေစ်းပါ။ တန္လြန္း အရသာရွိလြန္းပါတယ္။ စားခဲ့ၾကပါ။

Mala Xiang Guo

ဒိုင္းနမိုက္ပုစြန္ေၾကာ္

ပုစြန္ကို တန္ပူရာအႏွစ္ေလးေတြနဲ႔ ေၾကာ္ထားၿပီး အေပၚက Mustard Sauce အစပ္ေလးဆမ္းေပးထားတာကိုမွ ေကာ့ေတးခြက္ေလးနဲ႔ လာခ်ေပးတယပါ။ သူ႔တစ္ဆိုင္တည္းရဲ႕ Signature Food မို႔ သူ႔ကိုလည္း စားခဲ့ေစခ်င္ပါတယ္။ ဆိမ့္ဆိမ့္စပ္စပ္ေလးပါ။ သူကေတာ့ ၄၀၀၀ က်ပ္။ ေစ်းေလး နည္းနည္းေလး ေပးရတယ္။

dynamite prawn tempura

မာလာရွမ္းေကာေလးကို ထမင္းနဲ႔စား၊ အီလာစပ္လာရင္ တြဲဖက္ေသာက္ဖို႔ဆိုရင္ေတာ့ Soda နဲ႔ Juice အစံုလည္းရပါေသးတယ္။
တျခား ေျပာင္းဖူးေထာင္း၊ သေဘၤာသီးေထာင္း၊ ပဲၾကာဆံသုပ္နဲ႔ ေပါ့ေပါ့ပါးပါး အစားအစာေလးေတြကိုလည္း ေတာ္ေတာ္တန္တဲ့ေစ်းနဲ႔စားႏိုင္တာမို႔ ေက်ာက္ေျမာင္းထဲေနတဲ့သူေတြအတြက္ေတာ့ နိဗၺာန္တစ္ခုရသလို ေအးေဆး ထိုင္လို႔ စားေသာက္လို႔ေကာင္းတဲ့ ဆိုင္ေလးတစ္ဆိုင္တိုးလာၿပီလို႔ အၾကံေပးခ်င္ပါတယ္။ Service ပိုင္းမွာလည္း ေႏြးေထြးတဲ့ဆိုင္ေလးပါ။

orange soda

ဆိုင္နာမည္ေလးက “Spice Up” ပါ။ အမွတ္ ၇၇ သတိပဌာန္လမ္း၊ ေက်ာက္ေျမာင္း တာေမြမွာပါ။ ပံုမွန္ဆို မနက္ခင္း ၁၀ နာရီကေန ည ၉ နာရီအထိ ဖြင့္ပါတယ္။၁၆.၂.၂၀၁၈ ကေန ၁၈.၂.၂၀၁၈ ထိ လမ္းထဲမွာ တရားပြဲရွိတာမို႔ အဲ့၂ရက္ေတာ့ မနက္ ၁၀ နာရီကေန ညေန ၆ နာရီထိပဲ ဖြင့္ပါတယ္တဲ့။

yummy

ဒါေပမယ့္ သတင္းေကာင္းေလးက ၁၈ ရက္ေန႔ထိ သြားစားတဲ့သူတိုင္းကိုေတာ့ Check In ဝင္ေပးရံုနဲ႔ ၁၅% Discount ထပ္ေလ်ာ့ေပးေနတာဆိုေတာ့ မာလာရွမ္းေကာတစ္ပြဲကို ၄၀၀၀ ဝန္းက်င္နဲ႔ ၃ေယာက္ေလာက္ စားလို႔ရေနၿပီေနာ္။ ေစ်းႏႈန္းတစ္ခုတည္းနဲ႔တင္ မက္မက္စက္စက္စားေပ်ာ္သြားၿပီမို႔ အစားအတြက္ ပိုက္ဆံေတြအမ်ားႀကီး ျဖဳန္းစရာမလိုေတာ့ဘဲ သာယာတဲ့ မာလာရွမ္းေကာေန႔ရက္ေတြကို ေန႔တိုင္း ပိုင္ဆိုင္ႏိုင္ပါၿပီတဲ့ရွင္။

[Unicode]

ရန်ကုန်မြိ့ရဲ့ အတန်ဆုံး မာလာရှမ်းကော

အသားတွေ၊ အပ်မှိုတွေ၊ ကြက်အူချောင်းတွေ၊ အသီးအရွက်တွေအပြည့်နဲ့ လူ၃ယောက်စားလောက်အောင် ဝတဲ့ မာလာရှမ်းကောတစ်ပွဲ ၄၉၀၀ ကျပ်ဆို ယုံကြပါ့မလား?
အရသာကလည်း ထိပ်တန်းနာမည်ကြီး ဆိုင်တွေကိုမီတဲ့အပြင် ဈေးက ဟုတ်မှဟုတ်ရဲ့လားလို့ ၂ခါပြန်မေးယူရအောင် အရသာကောင်းလွန်းတဲ့ မာလာရှမ်းကောဆိုင်တစ်ဆိုင် ကျောက်မြောင်းမှာ ဖွင့်လိုက်ပြီနော်။

Decoration

မာလာရှမ်းကောဆိုတိုင်း ၃ယောက်လောက်စားပြီးတာနဲ့ ပိုက်ဆံသောင်းချီပေးလိုက်ရတဲ့ ဆိုင်တွေကို ခနလေးနားပြီး ဒီဆိုင်လေးဘက် ခြေလှမ်းလှည့်ကြည့်လိုက်နော်။

Clean and neat

ကျောက်မြောင်း သတိပဌာန်လမ်းမပေါ်မှာရှိတဲ့ ဒီဆိုင်လေးက မာလာရှမ်းကောကို အဓိကထားရောင်းပြီး တခြားအစားအစာ တချို့နဲ့ အအေးတို့ကို ရောင်းချပေးနေတာပါ။

menu

ကျောက်မြောင်းမှာ မာလာရှမ်းကောဆိုင်ရှားတဲ့ အပြင် အပြင်အဆင်လှလှလေးနဲ့ အေးဆေး အနားယူလို့ရမယ့်ဆိုင်ဆိုတာ လက်ချိုးရေလို့ရတာမို့ မာလာရှမ်းကောFan အတွက် တကူးတက အဝေးကြီး Center တွေမှာ သွားစားရတဲ့အခြေအနေကနေ လွတ်ပြီပြောလို့ရပါပြီ။

ဆိုင်လေးက ခုံတန်းလေးတွေနဲ့ ၂ခြမ်းခွဲထားပြီး မျက်နှာကျတ်တစ်ခွင်လုံး အသည်းပုံစာတန်းတွဲလေးတွေနဲ့ ပုံဖော်ထားတော့ ရိုနေပါရောလေ။ လူရှုပ်ကားရှုပ်တဲ့ သတိပဌာန်လမ်းမှာဆိုတော့ ကားပါကင်အတွက်တော့ နည်းနည်းလေးအခက်တွေ့နိုင်ပေမယ့် လာရကျိုးနပ်တဲ့ ဆိုင်တစ်ဆိုင်ထဲမှာ ပါမှာ အသေချာပါ။

vegetables and meat

သူ့ဆိုင်မှာ မာလာရှမ်းကောကို Set နဲ့ဆို ၄၉၀၀ တန်ရယ် ၁၂၀၀၀ တန်ရယ် ၂မျိုးခွဲရောင်းပြီး ပုံမှန်ဆိုင်တွေလို ကိုယ်ကြိုက်သလောက် Gram နဲ့လဲ စားလို့ရပါတယ်။ အကြံပေးချင်တာကတော့ Set နဲ့ က ပိုပိုတန်နေတာပါ။ ကိုယ်စားခဲ့တဲ့ အစားအစာတွေဆို

မာလာရှမ်းကော Single Set

ကြက်၊ဝက် ၂မျိုးနဲ့ ရပြီး အထုံအစပ် ကြိုက်သလိုပြင်ခိုင်းလို့ရပါတယ်။ တစ်ယောက်တည်းသွားတော့ Single Set ဆိုပြီး တစ်ယောက်စာပဲမှာလိုက်မိတာ လာချပေးတဲ့အချိန်မှ ကိုယ့်မှာ ၃ခါ ပြန်မေးလိုက်ရပါတယ်။ ပုံမှန်မာလာရှမ်းကော ပန်းကန်လုံးအမောက်ကြီးကို အသားတွေ၊ အရွက်တွေအပြည့်နဲ့ ၃ ယောက်လောက်စားရမယ့် ပမာဏနဲ့ရောက်လာတာပါ။ အသားတော်တော်များပါတယ်။ အရသာဆိုရင်တော့ ဒီဈေးနဲ့ ပေးလိုက်ရတာ တန်လွန်းတယ်ဆိုတဲ့ အရသာတော်တော်ကောင်းကောင်းကို စားရတာပါ။ အဲ့တစ်ပွဲပမာဏက ပုံမှန်ဆိုင်တွေမှာ ၂သောင်းလောက် ပြေးမလွတ်တဲ့ ဈေးပါ။ တန်လွန်း အရသာရှိလွန်းပါတယ်။ စားခဲ့ကြပါ။

Mala Xiang Guo

ဒိုင်းနမိုက်ပုစွန်ကြော်

ပုစွန်ကို တန်ပူရာအနှစ်လေးတွေနဲ့ ကြော်ထားပြီး အပေါ်က Mustard Sauce အစပ်လေးဆမ်းပေးထားတာကိုမှ ကော့တေးခွက်လေးနဲ့ လာချပေးတယပါ။ သူ့တစ်ဆိုင်တည်းရဲ့ Signature Food မို့ သူ့ကိုလည်း စားခဲ့စေချင်ပါတယ်။ ဆိမ့်ဆိမ့်စပ်စပ်လေးပါ။ သူကတော့ ၄၀၀၀ ကျပ်။ ဈေးလေး နည်းနည်းလေး ပေးရတယ်။

dynamite prawn tempura

မာလာရှမ်းကောလေးကို ထမင်းနဲ့စား၊ အီလာစပ်လာရင် တွဲဖက်သောက်ဖို့ဆိုရင်တော့ Soda နဲ့ Juice အစုံလည်းရပါသေးတယ်။
တခြား ပြောင်းဖူးထောင်း၊ သင်္ဘောသီးထောင်း၊ ပဲကြာဆံသုပ်နဲ့ ပေါ့ပေါ့ပါးပါး အစားအစာလေးတွေကိုလည်း တော်တော်တန်တဲ့ဈေးနဲ့စားနိုင်တာမို့ ကျောက်မြောင်းထဲနေတဲ့သူတွေအတွက်တော့ နိဗ္ဗာန်တစ်ခုရသလို အေးဆေး ထိုင်လို့ စားသောက်လို့ကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်တိုးလာပြီလို့ အကြံပေးချင်ပါတယ်။ Service ပိုင်းမှာလည်း နွေးထွေးတဲ့ဆိုင်လေးပါ။

orange soda

ဆိုင်နာမည်လေးက “Spice Up” ပါ။ အမှတ် ၇၇ သတိပဌာန်လမ်း၊ ကျောက်မြောင်း တာမွေမှာပါ။ ပုံမှန်ဆို မနက်ခင်း ၁၀ နာရီကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်။၁၆.၂.၂၀၁၈ ကနေ ၁၈.၂.၂၀၁၈ ထိ လမ်းထဲမှာ တရားပွဲရှိတာမို့ အဲ့၂ရက်တော့ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီထိပဲ ဖွင့်ပါတယ်တဲ့။

yummy

ဒါပေမယ့် သတင်းကောင်းလေးက ၁၈ ရက်နေ့ထိ သွားစားတဲ့သူတိုင်းကိုတော့ Check In ဝင်ပေးရုံနဲ့ ၁၅% Discount ထပ်လျော့ပေးနေတာဆိုတော့ မာလာရှမ်းကောတစ်ပွဲကို ၄၀၀၀ ဝန်းကျင်နဲ့ ၃ယောက်လောက် စားလို့ရနေပြီနော်။ ဈေးနှုန်းတစ်ခုတည်းနဲ့တင် မက်မက်စက်စက်စားပျော်သွားပြီမို့ အစားအတွက် ပိုက်ဆံတွေအများကြီး ဖြုန်းစရာမလိုတော့ဘဲ သာယာတဲ့ မာလာရှမ်းကောနေ့ရက်တွေကို နေ့တိုင်း ပိုင်ဆိုင်နိုင်ပါပြီတဲ့ရှင်။