Joker (Akhayar)
=====================
[Unicode]
OnePlus 3T ရဲ့ Special Edition အမျိုးအစားတစ်မျိုး ထွက်လာ
OnePlus 3T ကို Edition အသစ်နဲ့ ထုတ်လုပ်ထားတဲ့ ဗားရှင်းတစ်ခု ဒီအပတ်ထဲမှာ ထွက်လာခဲ့ပါတယ်။ ဒီပစ္စည်းကို OnePlus 3T Collette Edition လို့နာမည်ပေးထားပြီး အထူးထုတ်လုပ်မှုအနေနဲ့ ယူနစ် ၂၅၀သာ ထုတ်လုပ်သွားမှာပါ။
ဒါပေမယ့် ဒီဖုန်းဟာ ဝယ်ချင်ရင်တောင် ဝယ်ဖို့ ခက်ခဲနေမှာဖြစ်ပြီး ပဲရစ်ဖြန့်ချိသူ Collette ရဲ့ တံဆိပ်ကို သာခတ်နှိပ်ထားတာတွေ့ရတာကြောင့် ပြင်သစ်အတွက်ပဲ ထုတ်လုပ်သလားဆိုတာစဉ်းစားစရာပါ။ ဖုန်းအနေနဲ့ ဒေါ်လာ ၅၁၀စျေးနှုန်းရှိမှာဖြစ်ပြီး အနက်ရောင်ပြောင်လက်နေတဲ့ ပုံစံကို ယူထားတာကြောင့် ကြည့်လို့အလွန်လှပါတယ်။
The Verge မှာ ရေးသားထားချက်တစ်ခုအရတော့ ဒီဖုန်းရဲ့ ယူနစ် ၂၅၀ကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာသာရောင်းချသွားမှာပါ။ Special Edition ဟန်းဆက်မှာ 128GB Storage, ကျောဘက်အဖုံးနဲ့ တခြား 3T တွေမှာ ပါဝင်တဲ့ 6GB RAM, Snapdragon 821 Processor နဲ့ Fast Charging 3400mAh ဘက်ထရီတွေပါဝင်ပါတယ်။
Joker (Akhayar)
Ref: The Verge, Slash Gear