Google ကနေ အခုအချိန်မှာ Gmail App မဟုတ်တဲ့ Inbox App နဲ့ Service တွေကို ပိတ်သိမ်းတော့မှာဖြစ်ပါတယ်။ အခုလိုမျိုး Inbox ကို ပိတ်သိမ်းပြီးတဲ့အချိန်မှာ Email App တွေမှာ နာမည်ကြီး App တစ်ခုဖြစ်တဲ့ Spark ကနေ Android အတွက် မိတ်ဆက်လိုက်ပါတယ်။

အခု Spark Mail App ဟာ Android အသုံးပြုသူတွေအတွက်တော့ မရင်းနှီးပေမယ့် iOS မှာ အကောင်းဆုံး Mail App အနေနဲ့ နာမည်ကြီးနေတာဖြစ်ပါတယ်။ ဒီ Spark Mail ဟာ သုံးရတာ အလွန်မြန်ဆန်ပြီး Responsive ဖြစ်တဲ့အပြင် Archived Mail တွေကို ပြန်လည်ရှာဖွေတဲ့နေရာမှာလည်း အလွန်လွယ်ကူတာပဲဖြစ်ပါတယ်။

Spark Mail

နောက်ပြီး ဒီ Spark Mail App က Email Viewing Option တွေ ၊ Notification Option တွေနဲ့ Quick Access Widget တွေမှာလည်း ပုံမှန် Gmail App ထက် အများကြီးပိုကောင်းနေဦးမှာပါ။ ယခု Android Version Spark Mail App က iOS Version နဲ့ ယှဉ်ရင်လည်း သိသိသာသာကွာခြားခြင်းမရှိပါဘူး။

Spark Mail on iOS

ဒီလိုမျိုး Spark Mail App ကို Android အတွက် ထုတ်ပေးလိုက်တဲ့အချိန်က Google ကနေ Inbox ကို ပိတ်သိမ်းလိုက်တဲ့အချိန်ဖြစ်နေတဲ့အတွက် Inbox ကို ယခင်တုန်းက အသုံးပြုနေတဲ့သူတွေရှိတယ်ဆိုရင် Spark Mail က ပြောင်းလဲအသုံးပြုသင့်တဲ့ App အနေနဲ့ ညွန်းပေးရမှာပါ။

Ref : The Verge