This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အီရန္နဲ႔ပဲြမွာ ဒီဂီယာ De Gea ကုိ ပဲြထြက္ဂုိးသမားအျဖစ္ အသုံးမျပဳဖုိ႔ ေတာင္းဆုိခဲ့ၾကတဲ့ စပိန္ပရိသတ္မ်ား

စပိန္အသင္းပရိသတ္ေတြဟာ ေပၚတူဂီနဲ႔(၃)ဂုိးစီသေရက်ခဲ့တဲ့ပဲြမွာ အမွားက်ဴးလြန္ခဲ့တဲ့ ဂုိးသမား ဒီဂီယာ De Gea ကုိ အီရန္နဲ႔ကစားမယ့္ပဲြက်ရင္ ပဲြထြက္ကစားသမားအျဖစ္ အသုံးမျပဳဖုိ႔ ဆႏၵမဲေပးၾကခဲ့တယ္။ မန္ယူအသင္းရဲ႕ နာမည္ေက်ာ္ဂုိးသမား ဒီဂီယာဟာ ေပၚတူဂီနဲ႔ပဲြမွာ သူ႔ရဲ႕မျဖစ္သင့္တဲ့အမွားေၾကာင့္ ဒုတိယဂုိးေပးခဲ့ရတဲ့အတြက္ ေ၀ဖန္မႈေတြနဲ႔ရင္ဆုိင္ေနရပါတယ္။ ေပၚတူဂီနဲ႔ပဲြအၿပီး ဒီဂီယာက စပိန္ပရိသတ္ေတြဟာ သူ႔ကုိ လႈိက္လိႈက္လဲွလွဲ အားေပးမႈေတြ မလုပ္ခဲ့ဘူးလုိ႔ ေ၀ဖန္ေျပာဆုိခဲ့ၿပီး အခုအခ်ိန္မွာေတာ့ စပိန္ပရိသတ္ေတြဟာ အီရန္နဲ႔ကစားမယ့္ပဲြမွာ ဒီဂီယာကုိ ပြဲထြက္ကစားသမားစာရင္းကေန ထုတ္ပယ္ဖုိ႔အထိ ေတာင္းဆုိေနၾကပါၿပီ။

Manchester-United-stopper-failed-to-block-Ronaldo’s-shot

Manchester-United-stopper-failed-to-block-Ronaldo’s-shot

စပိန္နာမည္ေက်ာ္အားကစားသတင္းစာ AS က အီရန္နဲ႔ကစားမယ့္ပဲြက်ရင္ ဂုိးသမားအျဖစ္ ဘယ္သူ႔ကုိ အသုံးျပဳသင့္လဲဆုိတာနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြဆီ မဲဆႏၵေကာက္ခံခဲ့တာမွာေတာ့ (၄၉)ရာခုိင္ႏႈန္းက ဘီလ္ဘာအုိ လူငယ္ဂုိးသမား အရီဇာဘာလာဂါ Arrizabalaga ကုိ မဲေပးခဲ့ၾကသလုိ (၁၁)ရာခုိင္ႏႈန္းကေတာ့ ၀ါရင့္ဂုိးသမား ေရနာ Reina ကုိ မဲေပးခဲ့ၾကတယ္။ ဒီဂီယာကေတာ့ အမွားတစ္ခုေၾကာင့္ သူ႔ရဲ႕ Performance ကုိ ထိခုိက္မွာ မဟုတ္ဘူးလုိ႔ေျပာၾကားခဲ့ၿပီး နည္းျပဟီယာ႐ုိHierro အေနနဲ႔လည္း ဒီဂီယာကုိ နံပါတ္(၁)ဂုိးသမားအျဖစ္ပဲ ဆက္လက္သုံးစဲြသြားဖုိ႔ရွိေနပါတယ္။

REF:Metro
Photo:.independent,Pakistan
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အီရန်နဲ့ပွဲမှာ ဒီဂီယာ De Gea ကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးမပြုဖို့ တောင်းဆိုခဲ့ကြတဲ့ စပိန်ပရိသတ်များ

စပိန်အသင်းပရိသတ်တွေဟာ ပေါ်တူဂီနဲ့(၃)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ အမှားကျူးလွန်ခဲ့တဲ့ ဂိုးသမား ဒီဂီယာ De Gea ကို အီရန်နဲ့ကစားမယ့်ပွဲကျရင် ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုဖို့ ဆန္ဒမဲပေးကြခဲ့တယ်။ မန်ယူအသင်းရဲ့ နာမည်ကျော်ဂိုးသမား ဒီဂီယာဟာ ပေါ်တူဂီနဲ့ပွဲမှာ သူ့ရဲ့မဖြစ်သင့်တဲ့အမှားကြောင့် ဒုတိယဂိုးပေးခဲ့ရတဲ့အတွက် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ ပေါ်တူဂီနဲ့ပွဲအပြီး ဒီဂီယာက စပိန်ပရိသတ်တွေဟာ သူ့ကို လှိုက်လှိုက်လဲှလှဲ အားပေးမှုတွေ မလုပ်ခဲ့ဘူးလို့ ဝေဖန်ပြောဆိုခဲ့ပြီး အခုအချိန်မှာတော့ စပိန်ပရိသတ်တွေဟာ အီရန်နဲ့ကစားမယ့်ပွဲမှာ ဒီဂီယာကို ပွဲထွက်ကစားသမားစာရင်းကနေ ထုတ်ပယ်ဖို့အထိ တောင်းဆိုနေကြပါပြီ။

Manchester-United-stopper-failed-to-block-Ronaldo’s-shot

Manchester-United-stopper-failed-to-block-Ronaldo’s-shot

စပိန်နာမည်ကျော်အားကစားသတင်းစာ AS က အီရန်နဲ့ကစားမယ့်ပွဲကျရင် ဂိုးသမားအဖြစ် ဘယ်သူ့ကို အသုံးပြုသင့်လဲဆိုတာနဲ့ပတ်သက်ပြီး ပရိသတ်တွေဆီ မဲဆန္ဒကောက်ခံခဲ့တာမှာတော့ (၄၉)ရာခိုင်နှုန်းက ဘီလ်ဘာအို လူငယ်ဂိုးသမား အရီဇာဘာလာဂါ Arrizabalaga ကို မဲပေးခဲ့ကြသလို (၁၁)ရာခိုင်နှုန်းကတော့ ဝါရင့်ဂိုးသမား ရေနာ Reina ကို မဲပေးခဲ့ကြတယ်။ ဒီဂီယာကတော့ အမှားတစ်ခုကြောင့် သူ့ရဲ့ Performance ကို ထိခိုက်မှာ မဟုတ်ဘူးလို့ပြောကြားခဲ့ပြီး နည်းပြဟီယာရိုHierro အနေနဲ့လည်း ဒီဂီယာကို နံပါတ်(၁)ဂိုးသမားအဖြစ်ပဲ ဆက်လက်သုံးစွဲသွားဖို့ရှိနေပါတယ်။

REF:Metro
Photo:.independent,Pakistan
Naing Linn(Akhayar)
www.akhayar.com