[Zawgyi]

ဆီဗီလာေနာက္ခံလူ လန္ဂလတ္ Lenglet ကို ေပါင္ (၃၁.၅)သန္းနဲ႔ ေခၚယူလိုက္တဲ့ ဘာစီလိုနာ

လာလီဂါခ်န္ပီယံ ဘာစီလိုနာအသင္းဟာ ဆီဗီလာအသင္းရဲ႕ ဗဟိုေနာက္ခံလူ လန္ဂလတ္ Lenglet ကို ေပါင္ (၃၁.၅)သန္းနဲ႔ အၿပီးသတ္ေခၚယူလိုက္ပါတယ္။ အသက္ (၂၃)ႏွစ္အရြယ္ရွိ ျပင္သစ္ေနာက္ခံလူ လန္ဂလတ္ Lenglet ကို ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ဘာစီလိုနာအသင္းက တရားဝင္ေၾကညာသြားခဲ့ၿပီး (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။ ဆီဗီလာအသင္းက လန္ဂလတ္ Lenglet ကို အသင္းမွာ ဆက္ထိန္းႏိုင္ဖို႔ စာခ်ဳပ္သစ္ကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ကစားသမားကုိယ္တိုင္က ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။ (၂၀၂၁)ခုႏွစ္အထိ ဆီဗီလာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းက်န္ရွိေနတဲ့ လန္ဂလတ္ Lenglet ကို ေခၚယူဖို႔အတြက္ ဘာစီလိုနာအသင္းက ကစားသမားရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကး (၃၁.၅)သန္းကို ေပးေခ်ခဲ့ရပါတယ္။

Barcelona-have-confirmed-the-signing-of-Lenglet

Barcelona-have-confirmed-the-signing-of-Lenglet

၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ျပင္သစ္ကလပ္ နန္စီအသင္းကေန လန္ဂလတ္ Lenglet ကို ေခၚယူခဲ့တာျဖစ္ၿပီး ဆီဗီလာအသင္းက ကစားသမားအတြက္ ေပါင္ (၅)သန္းနီးပါးသာ အသံုးျပဳခဲ့ရပါတယ္။ လန္ဂလတ္ Lenglet အေနနဲ႔ အသင္းသစ္မွာ ပံုမွန္ပြဲထြက္ခြင့္အတြက္ ရုန္းကန္ရဖို႔ရွိေနၿပီး ဘာစီလိုနာအသင္းရဲ႕ အဓိကေနာက္ခံလူေတြျဖစ္တဲ့ ပီေကး Pique၊ အမ္တီတီ Umtiti တို႔နဲ႔ ပြဲထြက္ခြင့္တစ္ေနရာ အၿပိဳင္လုသြားရဖို႔ ရွိေနပါတယ္။ ဘာစီလိုနာအသင္းဟာ လန္ဂလတ္ Lenglet ကို ေခၚယူႏိုင္ခဲ့တဲ့အတြက္ ကိုလံဘီယာေနာက္ခံလူ ယဲလ္ယီမီနာ Yerry Mina ကို ျပန္လည္ေရာင္းခ်သြားဖို႔ စီစဥ္ေနေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ယဲလ္ယီမီနာ Yerry Mina ကို ေခၚယူဖို႔ ပစ္မွတ္ထားေနခဲ့တဲ့ အသင္းေတြအတြက္ သတင္းေကာင္းတစ္ခုျဖစ္ၿပီး မာကိုေဆးလ္ဗား Marco Silva ရဲ႕ အဲဗာတန္အသင္းက လက္ဦးမႈ ရယူႏိုင္ဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။

REF:The Sun
Photo:Scoopnest.com, Fox Sports, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဆီဗီလာနောက်ခံလူ လန်ဂလတ် Lenglet ကို ပေါင် (၃၁.၅)သန်းနဲ့ ခေါ်ယူလိုက်တဲ့ ဘာစီလိုနာ

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ ဆီဗီလာအသင်းရဲ့ ဗဟိုနောက်ခံလူ လန်ဂလတ် Lenglet ကို ပေါင် (၃၁.၅)သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပါတယ်။ အသက် (၂၃)နှစ်အရွယ်ရှိ ပြင်သစ်နောက်ခံလူ လန်ဂလတ် Lenglet ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းက တရားဝင်ကြေညာသွားခဲ့ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဆီဗီလာအသင်းက လန်ဂလတ် Lenglet ကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ စာချုပ်သစ်ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ (၂၀၂၁)ခုနှစ်အထိ ဆီဗီလာအသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေတဲ့ လန်ဂလတ် Lenglet ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းက ကစားသမားရဲ့ စာချုပ်ပါလျော်ကြေး (၃၁.၅)သန်းကို ပေးချေခဲ့ရပါတယ်။

Barcelona-have-confirmed-the-signing-of-Clement-Lenglet

Barcelona-have-confirmed-the-signing-of-Clement-Lenglet

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပြင်သစ်ကလပ် နန်စီအသင်းကနေ လန်ဂလတ် Lenglet ကို ခေါ်ယူခဲ့တာဖြစ်ပြီး ဆီဗီလာအသင်းက ကစားသမားအတွက် ပေါင် (၅)သန်းနီးပါးသာ အသုံးပြုခဲ့ရပါတယ်။ လန်ဂလတ် Lenglet အနေနဲ့ အသင်းသစ်မှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ရဖို့ရှိနေပြီး ဘာစီလိုနာအသင်းရဲ့ အဓိကနောက်ခံလူတွေဖြစ်တဲ့ ပီကေး Pique၊ အမ်တီတီ Umtiti တို့နဲ့ ပွဲထွက်ခွင့်တစ်နေရာ အပြိုင်လုသွားရဖို့ ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ လန်ဂလတ် Lenglet ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကိုလံဘီယာနောက်ခံလူ ယဲလ်ယီမီနာ Yerry Mina ကို ပြန်လည်ရောင်းချသွားဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ယဲလ်ယီမီနာ Yerry Mina ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တဲ့ အသင်းတွေအတွက် သတင်းကောင်းတစ်ခုဖြစ်ပြီး မာကိုဆေးလ်ဗား Marco Silva ရဲ့ အဲဗာတန်အသင်းက လက်ဦးမှု ရယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

REF:The Sun
Photo:Scoopnest.com, Fox Sports, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com