This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အိမ္ရွင္ ႐ုရွားကုိ ေက်ာ္ျဖတ္ၿပီး ကြာတားဖုိင္နယ္ တက္ေရာက္ခြင့္ရဖုိ႔ ႀကိဳးပမ္းရမယ့္ စပိန္

၂၀၁၈ ကမၻာ႔ဖလား႐ႈံးထြက္(၁၆)သင္းအဆင့္ ပဲြေတြအျဖစ္ အိမ္ရွင္႐ုရွားနဲ႔ စပိန္၊ ခ႐ုိေအးရွားနဲ႔ ဒိန္းမတ္အသင္းတို႔ ဒီေန႔(တနဂၤေႏြ)မွာ ဆက္လက္ယွဥ္ၿပိဳင္ကစားၾကမွာပါ။ အုပ္စုအဆင့္က တက္ခဲ့ေပမယ့္ အေကာင္းဆုံးပုံစံ မရေသးတဲ့ စပိန္အသင္း ကြာတားဖုိင္နယ္တက္ေရာက္ခြင့္ရဖုိ႔ ႐ုရွားအသင္းကုိ ေက်ာ္ျဖတ္ႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမယ္။ ေျခညီတဲ့ ႏွစ္သင္းျဖစ္တဲ့ ခ႐ုိေအးရွားနဲ႔ဒိန္းမတ္အသင္းတို႔ရဲ႕ပဲြကလည္း အႀကိတ္အနယ္ရွိမွာ အမွန္ပါပဲ။

စပိန္ ႏွင့္ ႐ုရွား (၁-၇-၂၀၁၈ ည ၈း၃၀)
ကမၻာ႔ဖလားၿပိဳင္ပဲြ မတိုင္ခင္ နည္းျပအေျပာင္းအလဲေၾကာင့္ တည္ၿငိမ္မႈအားနည္းခဲ့တဲ့ စပိန္အသင္း အုပ္စုပဲြစဥ္(၃)ပဲြစလုံးမွာ ပုံမွန္ေျခစြမ္းမျပသႏုိင္ခဲ့ဘဲ အထူးသျဖင့္ ခံစစ္ပုိင္းမွာ အားနည္းခ်က္ေတြရွိေနတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ အစမွ နည္းျပအျဖစ္ ႐ုတ္တရက္ကုိင္တြယ္ခဲ့ရတဲ့ ဟီယာ႐ုိ Hierro အတြက္လည္း ဖိအားေတြနဲ႔ ရင္ဆုိင္ေနရတယ္။ အိမ္ရွင္႐ုရွားအသင္းကေတာ့ အုပ္စုတြင္းမွာ ဥ႐ုေဂြးကုိ ႐ႈံးနိမ့္ခဲ့တဲ့ပဲြကလဲြၿပီး က်န္တဲ့ ေဆာ္ဒီ၊ အီဂ်စ္တို႔နဲ႔ပဲြေတြမွာ အေကာင္းဆုံးကစားႏုိင္ခ့ဲသလုိ စပိန္အသင္းကုိ ဒုကၡေပးႏုိင္တဲ့ေျခစြမ္းမ်ိဳးလည္းရွိတယ္။ ဒီႏွစ္သငး္ဆုံေတြ႕ခဲ့တဲ့ Head To Head မွတ္တမ္းကုိ ၾကည့္ရင္ေတာ့ စပိန္အသင္းက အျပတ္အသတ္အသာရထားတာကုိ ေတြ႕ရမယ္။ (၆)ပဲြကစားၿပီး ႐ႈံးပဲြမရွိဘဲ စပိန္အသင္းက ပဲြတိုင္းအႏုိင္ရခဲ့တယ္။ ဒါေပမ့ဲ ႐ုရွားကုိ စပိန္အသင္း လြယ္လြယ္ကူကူ ေက်ာ္ျဖတ္ႏုိင္ဖုိ႔ မလြယ္ဘူး။ အႀကိတ္အနယ္ကစားၿပီးမွ စပိန္ ကပ္ၿပီး အႏိုင္ရသြားဖုိ႔မ်ားတယ္။

ခ႐ုိေအးရွား ႏွင့္ ဒိန္းမတ္ (၂-၇-၂၀၁၈ နံနက္ ၁၂း၃၀)
ႏွစ္သင္းစလုံးရဲ႕ ကစားသမား စုဖဲြ႕မႈ၊ ေျခစြမ္းက ႀကီးႀကီးမားမား ကြာဟခ်က္ မရွိဘူး။ ခ႐ုိေအးရွားအသင္းမွာ မန္ဇူကစ္ Mandžukić ၊ မုိဒရစ္ Modric ၊ ရာကီတစ္ Rakitic တို႔လုိ ကစားသမားေကာင္းေတြရွိသလုိ ဒိန္းမတ္အသင္းမွာလည္း အဲရစ္ဆင္ Eriksen၊ ေဒါလ္ဘာ့ဂ္ Dolberg ၊ ဘရိတ္ေ၀တီ Braithwaite စတဲ့ အရည္အေသြးျမင့္ကစားသမားေတြရွိေနတယ္။ ဒီႏွစ္သင္း စုစုေပါင္း (၅)ႀကိမ္ဆုံေတြ႕ခဲ့ဖူးၿပီး (၂)ပဲြစီႏုိင္၊ တစ္ပဲြသေရက်ခဲ့တယ္။ ႏွစ္သင္းစလုံးေျခညီေပမယ့္ ၁၉၉၈ ကမၻာ႔ဖလားတုန္းကလုိ မထင္မွတ္တာေတြ လုပ္ျပဖုိ႔ အသင့္ရွိေနတဲ့ ခ႐ုိေအးရွားအသင္းကုိ ပုိႀကိဳက္တယ္။

Photo:The United Devils
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အိမ်ရှင် ရုရှားကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရဖို့ ကြိုးပမ်းရမယ့် စပိန်

၂၀၁၈ ကမ္ဘာ့ဖလားရှုံးထွက်(၁၆)သင်းအဆင့် ပွဲတွေအဖြစ် အိမ်ရှင်ရုရှားနဲ့ စပိန်၊ ခရိုအေးရှားနဲ့ ဒိန်းမတ်အသင်းတို့ ဒီနေ့(တနင်္ဂနွေ)မှာ ဆက်လက်ယှဉ်ပြိုင်ကစားကြမှာပါ။ အုပ်စုအဆင့်က တက်ခဲ့ပေမယ့် အကောင်းဆုံးပုံစံ မရသေးတဲ့ စပိန်အသင်း ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရဖို့ ရုရှားအသင်းကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ ခြေညီတဲ့ နှစ်သင်းဖြစ်တဲ့ ခရိုအေးရှားနဲ့ဒိန်းမတ်အသင်းတို့ရဲ့ပွဲကလည်း အကြိတ်အနယ်ရှိမှာ အမှန်ပါပဲ။

စပိန် နှင့် ရုရှား (၁-၇-၂၀၁၈ ည ၈း၃၀)
ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် နည်းပြအပြောင်းအလဲကြောင့် တည်ငြိမ်မှုအားနည်းခဲ့တဲ့ စပိန်အသင်း အုပ်စုပွဲစဉ်(၃)ပွဲစလုံးမှာ ပုံမှန်ခြေစွမ်းမပြသနိုင်ခဲ့ဘဲ အထူးသဖြင့် ခံစစ်ပိုင်းမှာ အားနည်းချက်တွေရှိနေတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အစမှ နည်းပြအဖြစ် ရုတ်တရက်ကိုင်တွယ်ခဲ့ရတဲ့ ဟီယာရို Hierro အတွက်လည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်။ အိမ်ရှင်ရုရှားအသင်းကတော့ အုပ်စုတွင်းမှာ ဥရုဂွေးကို ရှုံးနိမ့်ခဲ့တဲ့ပွဲကလွဲပြီး ကျန်တဲ့ ဆော်ဒီ၊ အီဂျစ်တို့နဲ့ပွဲတွေမှာ အကောင်းဆုံးကစားနိုင်ခဲ့သလို စပိန်အသင်းကို ဒုက္ခပေးနိုင်တဲ့ခြေစွမ်းမျိုးလည်းရှိတယ်။ ဒီနှစ်သင်းဆုံတွေ့ခဲ့တဲ့ Head To Head မှတ်တမ်းကို ကြည့်ရင်တော့ စပိန်အသင်းက အပြတ်အသတ်အသာရထားတာကို တွေ့ရမယ်။ (၆)ပွဲကစားပြီး ရှုံးပွဲမရှိဘဲ စပိန်အသင်းက ပွဲတိုင်းအနိုင်ရခဲ့တယ်။ ဒါပေမဲ့ ရုရှားကို စပိန်အသင်း လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ဖို့ မလွယ်ဘူး။ အကြိတ်အနယ်ကစားပြီးမှ စပိန် ကပ်ပြီး အနိုင်ရသွားဖို့များတယ်။

ခရိုအေးရှား နှင့် ဒိန်းမတ် (၂-၇-၂၀၁၈ နံနက် ၁၂း၃၀)
နှစ်သင်းစလုံးရဲ့ ကစားသမား စုဖွဲ့မှု၊ ခြေစွမ်းက ကြီးကြီးမားမား ကွာဟချက် မရှိဘူး။ ခရိုအေးရှားအသင်းမှာ မန်ဇူကစ် Mandžukić ၊ မိုဒရစ် Modric ၊ ရာကီတစ် Rakitic တို့လို ကစားသမားကောင်းတွေရှိသလို ဒိန်းမတ်အသင်းမှာလည်း အဲရစ်ဆင် Eriksen၊ ဒေါလ်ဘာ့ဂ် Dolberg ၊ ဘရိတ်ဝေတီ Braithwaite စတဲ့ အရည်အသွေးမြင့်ကစားသမားတွေရှိနေတယ်။ ဒီနှစ်သင်း စုစုပေါင်း (၅)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး (၂)ပွဲစီနိုင်၊ တစ်ပွဲသရေကျခဲ့တယ်။ နှစ်သင်းစလုံးခြေညီပေမယ့် ၁၉၉၈ ကမ္ဘာ့ဖလားတုန်းကလို မထင်မှတ်တာတွေ လုပ်ပြဖို့ အသင့်ရှိနေတဲ့ ခရိုအေးရှားအသင်းကို ပိုကြိုက်တယ်။

Photo:The United Devils
Naing Linn(Akhayar)
www.akhayar.com