This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားစတင္ဖုိ႔ တစ္ရက္အလုိမွာ ရာထူးက ထုတ္ပယ္ခံခဲ့ရတဲ့ စပိန္အသင္းနည္းျပလုိပယ္တက္ဂီ Lopetegui

စပိန္အသင္းနည္းျပလုိပယ္တက္ဂီ Lopetegui ကေတာ့ ရီးယဲလ္နည္းျပသစ္အျဖစ္ ခန္႔အပ္ခံခဲ့ရၿပီး နာရီပုိင္းအတြင္းမွာပဲ သူ႔ရဲ႕လက္ေရြးစင္နည္းျပရာထူးကုိ ဆုံး႐ႈံးရရပါၿပီ။ လုိပယ္တက္ဂီဟာ ၿပီးခဲ့တဲ့ေမလကမွ စပိန္အသင္းနဲ႔ ၂၀၂၀ အထိ သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့သူျဖစ္ေပမယ့္ ရီးယဲလ္အသငး္က စာခ်ဳပ္ေလ်ာ္ေၾကးေပးၿပီး ေခၚယူဖုိ႔ သေဘာတူညီမႈရရွိခဲ့တာပါ။ ရီးယဲလ္အသင္းက လုိပယ္တက္ဂီကုိ ကမၻာ႔ဖလားအၿပီးမွာ နည္းျပသစ္ခန္႔အပ္မယ္လုိ႔ သတင္းထုတ္ျပန္ခဲ့ၿပီး မၾကာခင္မွာပဲ စပိန္ေဘာလုံးအဖဲြ႕ခ်ဳပ္က သူ႔ကုိ ရာထူးက ထုတ္ပယ္ခဲ့တာလည္းျဖစ္ပါတယ္။

Julen-Lopetegui-face-Sack

Julen-Lopetegui-face-Sack

စပိန္ေဘာလုံးအဖဲြ႕ခ်ဳပ္ဥကၠ႒ ႐ူဘီရာလက္စ္ Rubiales က လုိပယ္တက္ဂီကုိ ရီးယဲလ္ နညး္ျပသစ္ခန္႔အပ္မယ့္ကိစၥကုိ လူသိရွင္ၾကားမေၾကျငာခင္ (၁၅)မိနစ္အလုိမွ သိခဲ့ရတဲ့အတြက္ မေက်မနပ္ျဖစ္ေနၿပီး ဒီေန႔မနက္ပုိင္းမွာ ႐ုတ္တရက္အစည္းအေ၀းေခၚယူခဲ့တယ္လုိ႔ စပိန္မီဒီယာေတြက ေဖာ္ျပခဲ့ၾကတယ္။ ႐ူဘီရာလက္စ္က လုိပယ္တက္ဂီကုိ ရာထူးက ထုတ္ပယ္ခဲ့ၿပီးေနာက္ စပိန္ယူ-၂၁ အသင္းနညး္ျပ အဲလ္ဘတ္စ္စီလာဒက္စ္ Albert Celades ဒါမွမဟုတ္ ရီးယဲလ္လက္ေထာက္နည္းျပေဟာင္း ဖာနန္ဒုိဟီယာ႐ုိ Fernando Hierro တို႔ ႏွစ္ဦးထဲက တစ္ဦးကုိ နညး္ျပသစ္ခန္႔ဖုိ႔ စီစဥ္ေနတယ္လုိ႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။ ႐ူဘီရာလက္စ္က “လက္ေရြးစင္အသင္းနည္းျပ လုိပယ္တက္ဂီကုိ ရာထူးက ထုတ္ပယ္ဖုိ႔ ကၽြန္ေတာ္တို႔ ဆုံးျဖတ္ခဲ့ပါၿပီ။ စပိန္အသင္း ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္ၿပိဳင္ခြင့္ရတာဟာ လုိပယ္တက္ဂီရဲ႕ စြမ္းေဆာင္မႈက အေရးပါတဲ့အခ်က္တစ္ခုျဖစ္ခဲ့ၿပီး အဲဒီအတြက္လည္း သူ႔ကုိ ကၽြန္ေတာ္တို႔ ေက်းဇူးတင္သလုိ ကံေကာင္းပါေစလုိ႔ ဆုေတာင္းလုိက္ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။

စပိန္အသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားအုပ္စုအဖြင့္ပဲြအျဖစ္ အခုေသာၾကာေန႔မွာ ေပၚတူဂီအသငး္နဲ႔ ကစားရမွာျဖစ္တာေၾကာင့္ လုိပယ္တက္ဂီကုိသာ ရာထူးကထုတ္ပယ္ခံခဲ့ရတာဟာ အသင္းတည္ၿငိမ္မႈအေပၚ ထိခုိက္မႈရွိလာေစမွာပါ။

REF:express.co.uk,Goal.com
Photo: RTVE,Diario de Sevilla
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားစတင်ဖို့ တစ်ရက်အလိုမှာ ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ စပိန်အသင်းနည်းပြလိုပယ်တက်ဂီ Lopetegui

စပိန်အသင်းနည်းပြလိုပယ်တက်ဂီ Lopetegui ကတော့ ရီးယဲလ်နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး နာရီပိုင်းအတွင်းမှာပဲ သူ့ရဲ့လက်ရွေးစင်နည်းပြရာထူးကို ဆုံးရှုံးရရပါပြီ။ လိုပယ်တက်ဂီဟာ ပြီးခဲ့တဲ့မေလကမှ စပိန်အသင်းနဲ့ ၂၀၂၀ အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့သူဖြစ်ပေမယ့် ရီးယဲလ်အသင်းက စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ ရီးယဲလ်အသင်းက လိုပယ်တက်ဂီကို ကမ္ဘာ့ဖလားအပြီးမှာ နည်းပြသစ်ခန့်အပ်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး မကြာခင်မှာပဲ စပိန်ဘောလုံးအဖွဲ့ချုပ်က သူ့ကို ရာထူးက ထုတ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်။

Julen-Lopetegui-face-Sack

Julen-Lopetegui-face-Sack

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီရာလက်စ် Rubiales က လိုပယ်တက်ဂီကို ရီးယဲလ် နည်းပြသစ်ခန့်အပ်မယ့်ကိစ္စကို လူသိရှင်ကြားမကြေငြာခင် (၁၅)မိနစ်အလိုမှ သိခဲ့ရတဲ့အတွက် မကျေမနပ်ဖြစ်နေပြီး ဒီနေ့မနက်ပိုင်းမှာ ရုတ်တရက်အစည်းအဝေးခေါ်ယူခဲ့တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြတယ်။ ရူဘီရာလက်စ်က လိုပယ်တက်ဂီကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် စပိန်ယူ-၂၁ အသင်းနည်းပြ အဲလ်ဘတ်စ်စီလာဒက်စ် Albert Celades ဒါမှမဟုတ် ရီးယဲလ်လက်ထောက်နည်းပြဟောင်း ဖာနန်ဒိုဟီယာရို Fernando Hierro တို့ နှစ်ဦးထဲက တစ်ဦးကို နည်းပြသစ်ခန့်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ရူဘီရာလက်စ်က “လက်ရွေးစင်အသင်းနည်းပြ လိုပယ်တက်ဂီကို ရာထူးက ထုတ်ပယ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါပြီ။ စပိန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြိုင်ခွင့်ရတာဟာ လိုပယ်တက်ဂီရဲ့ စွမ်းဆောင်မှုက အရေးပါတဲ့အချက်တစ်ခုဖြစ်ခဲ့ပြီး အဲဒီအတွက်လည်း သူ့ကို ကျွန်တော်တို့ ကျေးဇူးတင်သလို ကံကောင်းပါစေလို့ ဆုတောင်းလိုက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

စပိန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် အခုသောကြာနေ့မှာ ပေါ်တူဂီအသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် လိုပယ်တက်ဂီကိုသာ ရာထူးကထုတ်ပယ်ခံခဲ့ရတာဟာ အသင်းတည်ငြိမ်မှုအပေါ် ထိခိုက်မှုရှိလာစေမှာပါ။

REF:express.co.uk,Goal.com
Photo: RTVE,Diario de Sevilla
Naing Linn(Akhayar)
www.akhayar.com